အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်နဲ့ ဆိုပြီး ကောလဟာလတွေအပေါ် တုံ့ပြန်လိုက်တဲ့ တိုင်ရွန်
Source: Tyron Bejay’s fb
UNICODE
တိုင်ရွန်ကတော့ ပြီးခဲ့တဲ့လကလည်း ယုန်လေးရဲ့ ကိစ္စ နဲ့ ပက်သတ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရသလို လက်ရှိမှာလည်း အိမ်ထောင်ရှိအမျိုးသမီးနဲ့ ဇာတ်လမ်းတွေရှိတယ်ဆိုပြီး လူမှုကွန်ယက်ကနေ တိုက်ခိုက်ခံနေရတာပဲ ဖြစ်ပါတယ်။ တိုင် ရွန်ကတော့ သူ့ဘက်က အမှန်တရား ကို အရိုးသားဆုံး ပြောခဲ့ပြီးပြီမို့ ပရိသတ်ကြီးလည်း စိတ်ရှင်းသွားလောက်ပြီ ထင်ပါတယ်နော်။
ဖတ် ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ မင်းသားချော တိုင်ရွန် ကတော့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်၊ စတိုင်လ်ကျကျ ဝတ်ပုံစားပုံတို့ကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ရေ ပန်းစားအောင်မြင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေတဲ့ မင်းသားတစ်လက်ပီပီ။
ဝေဖန်တိုက်ခိုက်မှုတွေ များစွာ ကို ခံရလေ့ရှိတဲ့ တိုင်ရွန်က ဒီနေ့မှာလည်း အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်ရဲ့ စပွန်ဆာယူတယ်ဆိုပြီး သွားပုပ်လေလွင့် ပြောဆိုခံနေ ရတာပဲ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး တိုင်ရွန်ကတော့ မဟုတ်တာတွေ မပြောကြဖို့ အနူးအညွတ် တောင်းပန်လာပါတယ်။မဟုတ်ပဲမတင်ပါနဲ့ဗျာ။ မိသားစုတွေပျက်စီးမယ်။ ကျွန်တော့် ကိုပဲပြောပါ။ မသေချာပဲပြောတာမကောင်းပါဘူး။
ကျွန်တော် ဘယ်တော့မှ သူများ မိသားစုပြိုကွဲအောင်၊သူများ သားမယားစိတ်နဲ့တောင်မပြစ်မှားဖူးပါဘူး။အားလုံး ဝဋ်ကြွေးတွေရှိလဲ ကျေ ပါ စေတော့ဗျာ တောင်း ပန်ပါတယ်။ မဟုတ်တာတွေ မပြောကြ ပါနဲ့တော့။ ကျွန်တော်အရမ်းပင်ပန်းနေပါပြီ. ဒီလောက်ဆိုလုံလောက်ပါပြီ။ တောင်းပန်ပါတယ်။ ကျွန်နော် ဘယ်လိုလုပ်ပေးရင် ကျေနပ်နိုင်မလဲဗျာ ” ဆိုပြီး တိုင်ရွန်က သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ပြောထားပါတယ်။
Source: Tyron Bejay’s fb
Credit – Cele Connections
Add a Comment
Your email address will not be published. Required fields are marked *