အ သက် (၆၅)နှစ် နဲ့အထက် အဖိုးအဖွားများနှင့် Single Mother လေးတွေ အတွက် (၅)ပြည်ဝင် ဆန်အိတ် လှူဒါန်းပေးမည့် အလှူရှင်






REF: LET PAN

UNICODE

ပို့ပေးဖို့တော့ အဆင်မပြေလို့ပါနော်။မနက်ဖြန်က စပှီး မနက် ၁၀နာရီ ကနေ ညနေ ၅း၀၀ ကြား လာယူလို့ရပါတယ် …။အလှူခံတဲ့သူ များ/မများ မသိတာကြောင့် မလာ ခင် ဆန်ကျန်သေးလားဆိုတာ မေးကြည့်ချင်ရင်။09788995000… 09788996000 ဖုန်းတွေကို ဆက်မေးလို့ ရပါတယ်ရှင့်။

အလှူခံသူများလို့ ဆန်အိတ်တွေကုန်သွားရင် . လာပြီးမှ မရလိုက်ဘဲ မောတာပဲ အဖတ်တင်မှာစိုးလို့ပါ။လူစု လူဝေးမဖြစ်ရအောင် . မလာ ခင် ဖုန်းလေးတွေ ကြိုဆက်ပေးဖို့လည်း မေတ္တာရပ်ခံပါရစေ 🙏🙏🙏 လာတဲ့အချိန် လူများနေရင်လည်း ၆ ပေ ခွာပြီးနေပေးကြပါနော်🙏🙏🙏 ကျန်းမာရေးအရ Messenger က အမြဲမကြည့်ဖြစ်တာကြောင့် messenger ကနေ စာပို့ရင်တော့ မဖတ်ဖြစ်လို့ပါ 🙏🙏🙏

လို အပ်သူတွေ သိရအောင် …ကျေးဇူးပြုပြီး ရှယ် ပေးကြပါနော်။အ သက် ၆၅ နှစ် နဲ့အထက် အဖိုးအဖွားများနှင့် Single Mother လေးတွေ အတွက် ၅ ပြည်ဝင် ဆန်အိတ် လှူဒါန်းပေးမည့် Lady Grace Diamond Land ရတနာဆိုင် မိသားစု။လိုအပ်သူတွေ သိရအောင် …ကျေး ဇူးပြုပြီး Share ပေးကြပါနော် 🙏🙏🙏 အခု လို စီးပွားရေးတွေ ကြပ်တည်းနေတဲ့ COVID-19 ကာလမှာ …

အစားအသောက် အတွက်တောင် ကြပ်တည်းနေကြရှာတဲ့ …👉 စောင့်ရှောက်သူမရှိတဲ့ အသက် ၆၅ နှစ်နဲ့အထက် အဖိုးအဖွားသက် ကြီးရွယ်အိုတွေနဲ့ …👉 အသက်တစ်နှစ်အောက်ကလေးငယ်မွေးထားတဲ့ … စောင့်ရှောက်သူအမျိုးသားမရှိတော့တဲ့ Single Mother လေးတွေအတွက် …ကျွန်မတို့ Lady Grace Diamond Land ရတနာဆိုင်မိသားစုကနေ …၅ ပြည်ဝင် ဆန်အိတ် အသေးတစ်အိတ်စီ လှူဒါန်းပါမယ်ရှင် 🙏🙏🙏

👍 အသက် ၆၅ နှစ်နဲ့ အထက် အဖိုးအဖွားရှိတဲ့ အိမ်ထောင်စုဆိုရင် သန်းခေါင်စာရင်းမူရင်း (သို့မဟုတ်) အသက်(၆၅) နှစ်နဲ့ အထက် အဖိုးအဖွား ရှိကြောင်း ရပ်ကွက်ထောက်ခံ စာယူလာပြီး ဆန်အိတ် ထုတ်ယူလို့ရပါတယ်။👍 အသက် တစ်နှစ်အောက် ကလေးငယ်ရှိတဲ့ Single Mother လေးတွေအနေ နဲ့ ကလေးမွေးစာရင်း မူရင်းယူလာပြီး လာထုတ်နိုင်ပါတယ်ရှင့် …ကိုယ်တိုင် လာယူဖို့အခက်အခဲရှိရင် … အပေါ်မှာရေးပြထားတဲ့ သန်းခေါင်စာရင်း / မွေးစာရင်း ယူလာပြီး အဆင်ပြေတဲ့သူတစ်ယောက်ယောက် လာထုတ်ပေးလို့ ရပါတယ်ရှင့် …

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *