(၁၃-၉-၂၀၂၀)နံနက် (၈:၀၀) နာရီCOVID-19 အတည်ပြုလူနာသစ်(၂၀၁)ဦး ထပ်တွေ့ကြောင်း ထုတ်ပြန်






REF: MINISTRY OF HEALTH

UNICODE

(၁၂-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၂,၀၀၉) ခု၊ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၄၇၄) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တ လေး) မှ ဓာတ်ခွဲနမူနာ (၆၉၁) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၃၃၃) ခု၊

ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၆၃) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၀) ခု၊ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၃၃) ခု၊ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊

ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊နှင့် စုစုပေါင်း (၄,၁၂၀) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်ပေါင်း (၃၅၁) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြု လူနာ (၁၅၀ ) ဦး တွေ့ရှိခဲ့ကြောင်း ကို (၁၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။) (၁၂-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ။

ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၁,၀၀၅) ခု၊ဆေးသုတေသနဦးစီးဌာန(DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၈၈) ခု၊ ပြည်သူ့ကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၂၉၅) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၇၅) ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၂၁) ခု၊ ပြည် သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊

စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၆၉၇) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၀၁) ဦးတွေ့ ရှိပါ သည်။(၁၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂,၇၉၆)ဦး ရှိပြီ ဖြစ် ပါသည်။

REF:  MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *