ရွင္ဇိုအာေဘးေနရာမွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ျဖစ္လာေတာ့မယ္ ယိုရွီဟိုက္ဆူဂါ

ၿပီးခဲ့တဲ့လက ဂ်ပန္ႏိုင္ငံက ဝန္ႀကီးခ်ဳပ္ေဟာင္းအာေဘး က်န္းမာေရးေၾကာင့္ ရာထူးက ႏုတ္ထြက္ခဲ့ၿပီးေနာက္ ခုလို ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ဖို႔ ျဖစ္လာခဲ့တာပါ။ ယိုရွီဟိုက္ဆူဂါဟာ ဂ်ပန္ေျမာက္ပိုင္း ေက်းလက္ေဒသက စေတာ္ဘယ္ရီေတာင္သူမိသားစုက လာသူ ျဖစ္ၿပီး အသက္ ၇၁ ႏွစ္အ႐ြယ္ရွိ ဆူဂါဟာ ျပည္သူေတြအတြက္ အလုပ္လုပ္ကိုင္မယ့္ကက္ဘိနက္ဖြဲ႕စည္းဖို႔ ပါတီေခါင္းေဆာင္အျဖစ္ ေ႐ြးခ်ယ္ခံရ စဥ္ ကတိေပးေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္းအာေဘးက ဆူဂါကို ယုံၾကည္စိတ္ခ်ႏိုင္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ရာထူးက ႏုတ္ထြက္သြားတဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးရဲ႕ ကာလရွည္ မဟာမိတ္ျဖစ္တဲ့ ဂ်ပန္အစိုးရအဖြဲ႕ အတြင္းေရးမႉးခ်ဳပ္ ယိုရွီဟိုက္ဆူဂါဟာ ယေန႔ တနလၤာ ေန႔က ျပဳလုပ္တဲ့ အာဏာရ လစ္ဘယ္ဒီမိုကရက္တစ္ပါတီ ေခါင္းေဆာင္ေ႐ြးခ်ယ္ပြဲမွာ အႏိုင္ရရွိခဲ့ၿပီးေနာက္အျဖစ္ ဂ်ပန္အစိုးရကို ဦး ေဆာင္မယ့္ သူတစ္ေယာက္ ျဖစ္လာေတာ့မယ္လို႔ သိရပါတယ္။

လစ္ဘရယ္ဒီမိုကရက္တစ္ပါတီဥကၠဌအျဖစ္ ေ႐ြးခ်ယ္ခံလိုက္ရၿပီးေနာက္ ဆူဂါအေနနဲ႔ ယခုတစ္ပတ္အတြင္း ပါလီမန္မွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံရဖြယ္ရွိေနပါတယ္။ယေန႔ တနလၤာေန႔ကေတာ့ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ LDP က ပါလီမန္လႊတ္ေတာ္ ႏွစ္ရပ္စလုံးက အမတ္ေတြနဲ႔ ျပည္နယ္ကိုယ္စားလွယ္ေတြက ဆူဂါကို အမ်ားဆုံး မဲေပးခဲ့ၾကၿပီး မဲအေရအတြက္ ၅၃၄ မဲမွာ ၃၇၇ မဲနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္ ဖူမီအို ကီရွီဒါက ၈၉ မဲနဲ႔ ကာကြယ္ေရးဝန္ႀကီးေဟာင္း ရွီေဂ႐ု အီရွီဘာက ၆၈ မဲ ရရွိခဲ့တယ္လို႔ သိရပါတယ္။

ရွင္ဇိုအာေဘးအစိုးရ ထိပ္တန္း ေျပာေရးဆိုခြင့္ရွိသူ အျဖစ္ ရွစ္ႏွစ္နီးပါး တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ ဆူဂါဟာ လာမယ့္ ဗုဒၶဟူးေန႔မွာ အာ ဏာရ LDP ထိန္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္နဲ႔ အထက္လႊတ္ေတာ္မွာ မဲေပးၿပီးရင္ တရားဝင္ ဝန္ႀကီးခ်ဳပ္ ျဖစ္လာေတာ့မွာပဲ ျဖစ္ပါ တယ္။

CRD: MYANMA PLATFORM

UNICODE

ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံက ဝန်ကြီးချုပ်ဟောင်းအာဘေး ကျန်းမာရေးကြောင့် ရာထူးက နုတ်ထွက်ခဲ့ပြီးနောက် ခုလို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ဖို့ ဖြစ်လာခဲ့တာပါ။ ယိုရှီဟိုက်ဆူဂါဟာ ဂျပန်မြောက်ပိုင်း ကျေးလက်ဒေသက စတော်ဘယ်ရီတောင်သူမိသားစုက လာသူ ဖြစ်ပြီး အသက် ၇၁ နှစ်အရွယ်ရှိ ဆူဂါဟာ ပြည်သူတွေအတွက် အလုပ်လုပ်ကိုင်မယ့်ကက်ဘိနက်ဖွဲ့စည်းဖို့ ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရ စဉ် ကတိပေးပြောကြားခဲ့ကြောင်း သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်းအာဘေးက ဆူဂါကို ယုံကြည်စိတ်ချနိုင်ကြောင်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ရာထူးက နုတ်ထွက်သွားတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ကာလရှည် မဟာမိတ်ဖြစ်တဲ့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟိုက်ဆူဂါဟာ ယနေ့ တနင်္လာ နေ့က ပြုလုပ်တဲ့ အာဏာရ လစ်ဘယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ရွေးချယ်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက်အဖြစ် ဂျပန်အစိုးရကို ဦး ဆောင်မယ့် သူတစ်ယောက် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဌအဖြစ် ရွေးချယ်ခံလိုက်ရပြီးနောက် ဆူဂါအနေနဲ့ ယခုတစ်ပတ်အတွင်း ပါလီမန်မှာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရဖွယ်ရှိနေပါတယ်။ယနေ့ တနင်္လာနေ့ကတော့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP က ပါလီမန်လွှတ်တော် နှစ်ရပ်စလုံးက အမတ်တွေနဲ့ ပြည်နယ်ကိုယ်စားလှယ်တွေက ဆူဂါကို အများဆုံး မဲပေးခဲ့ကြပြီး မဲအရေအတွက် ၅၃၄ မဲမှာ ၃၇၇ မဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင် ဖူမီအို ကီရှီဒါက ၈၉ မဲနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂေရု အီရှီဘာက ၆၈ မဲ ရရှိခဲ့တယ်လို့ သိရပါတယ်။

ရှင်ဇိုအာဘေးအစိုးရ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူ အဖြစ် ရှစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆူဂါဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အာ ဏာရ LDP ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ မဲပေးပြီးရင် တရားဝင် ဝန်ကြီးချုပ် ဖြစ်လာတော့မှာပဲ ဖြစ်ပါ တယ်။

CRD:  MYANMA  PLATFORM

Add a Comment

Your email address will not be published. Required fields are marked *