လက်ဆစ်တွေ တဖျောက်ဖျောက် မြည်အောင်ချိုးဖူး သူတိုင်း ဒီပို့လေးကို ကျော်မသွား ပါနဲ့.. အရေးကြီး လို့ပါ ..
CRD: LET PAN DAILY
UNICODE
လက်ဆစ်တွေကို အညောင်းပြေ မကြာခဏချိုးနေပါက အရိုး အဆစ် နေရာ အပြင်ဘက် သီးခြားစီ ကွဲနေတဲ့ အခါ ပိုကျယ် လာတဲ့ အဆစ် အမြစ် နေရာမှာ ပြန် ဖြည့်ဖို့ အရည် ထပ်မရ နိုင်ပါဘူး ။ ဒါ့ကြောင့် အခေါင်းပေါက် ဖြစ်ပေါ်ပြီး အဲဒါက အသံ ဖြစ်ပေါ် စေတဲ့ အရာ ဖြစ် ကြောင်း University of Alberta ရဲ့ ဦးစီး သုတေသီ Gregory Kawchuk က ပြောဆိုလိုက်ပါ တယ် ။
လက်ဆစ်တွေ ချိုးဖူး သူတိုင်း သတိထားပါ။ အရေး ကြီး တယ်နော် ။ လက်ဆစ် ချိုးတာက လက်ကို ထိခိုက် စေနိုင်ကြောင်း ပြောစမှတ် တစ်ခု ရှိပါတယ် ။ လက်ဆစ် ချိုးရာမှ ထွက်လာတဲ့ အသံက သင့်အတွက် ဆိုးကျိုး ဖြစ်စေ ပါသလား ။ အဆစ် အမြစ် တွေဟာ လက်တွေ လှုပ်ရှားတဲ့ အခါ အရိုးဆစ် တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မှု လျှော့နည်း စေတဲ့ အရည်တစ်မျိုး synovial fluid ရှိရာ နေရာ ဖြစ်ပါတယ် ။
သူ့မှာ ဂတ်စ် ( အောက်စီဂျင် ၊ နှိုက်ထရိုဂျင် နဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ) တွေ ပါဝင် ပါတယ် ။ လက်ဆစ်ကို ဖောက်ခနဲ မြည်အောင် ချိုး လိုက်တဲ့ အခါမှာ အရိုး တစ်ခုနဲ့ တစ်ခု ကြား နေရာ ဟ စေပါတယ် ။ ပို ဟ လာတဲ့ နေရာ လပ်က synovial fluid စုပ်ယူ ပေးတဲ့ ဖိအား ၊ တွန်းအား ဖြစ်စေ ပါတယ် ။ လေပူ ဖောင်း တွေ ဖြစ်ပေါ်တယ် ။ အဲဒီ လေပူ ပေါင်းတွေ ပေါက်လို့ အသံ ကြားနေ ရခြင်း ဖြစ်ပါတယ် ။
CRD:  LET  PAN  DAILY
Add a Comment
Your email address will not be published. Required fields are marked *