အနု ပညာလောကကြီးထဲကနေ ထွက်ခွာသွားချင်နေရ တဲ့ အကြောင်းရင်း ကို သရုပ်ဆောင် သန်းသန်းစိုး ပြောပြီ





REF: SHWE WIKI

UNICODE

ဒေါ်သန်းသန်းစိုးကတော့ ဟန်ဆောင်မှုတွေများတဲ့ အနုပညာလောကထဲနေထွက်သွားချင်ပြီဖြစ်တဲ့အကြောင်း ပြောပြခဲ့တာပဲ ဖြစ်ပါ တယ် နော်။ပရိသတ်ကြီးလည်း ဒေါ်သန်းသန်းစိုးအပေါ် အမြင်လေးကိုလည်း မျှဝေခဲ့ကြပါအုန်းနော်။ရုပ်ရှင်တွေ ဘာလို့ဆက်ရိုက်နေတာလဲ လို့ ပြောရရင် အန်တီ့မှာ အခုလက်ရှိ အနုပညာသင်တန်းကျောင်းရှိတယ် ဒီကလေးတွေအတွက်ကို အန်တီသင်ကြားပြသပေးဖို့ ကစာတွေ့ တစ်ခုတည်းတင်မရဘူး။လက်တွေ့ပါ သင်ကြားပေးရမယ်ပေါ့နော်။

ဒီလိုလက်တွေ့ပြတဲ့နေရာမှာ အန်တီက Shooting တွေမှာရှိနေမှဖြစ်မယ်….။အဲ့ဒီအတွက်ရိုက်နေသေးတာပါ အသက် ၅၀ ကျော်လာက တည်းက အန်တီ အနုပညာလောကကနေထွက်သွားချင်ခဲ့တာ အန်တီ ဘုရားတရားတွေပိုလုပ်ချင်တယ်.. အဲ့ဒါတွေပို အချိန်ပေးချင်တယ် ” လို့ အန်တီဒေါ်သန်းသန်းစိုးက ပြောပြလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ….သရုပ်ဆောင် အန်တီဒေါ်သန်းသန်းစိုးကတော့ အသက် ၁၅ နှစ်အရွယ်မှစတင်ပြီး ရုပ်ရှင်လောကသို့ဝင်ရောက်လာခဲ့တာပါ။

သရုပ်ဆောင် ကာရိုက်တာပေါင်းစုံကနေ ဝင်ရောက်သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးပါ။အခုအချိန်ထိ ပရိသတ်တွေ ရဲ့အားပေးမှု ကိုရရှိနေဆဲဖြစ်တဲ့ ဒေါ်သန်းသန်းစိုးဟာ အနုပညာသင်တန်းကျောင်းတစ်ခုကိုလည်းဖွင့်လှစ်ထားပြီး မျိုးဆက်သစ် အနုပညာရှင်လေး တွေကို မွေးထုတ်ပေးလျှက်ရှိတာဖြစ်ပါတယ်။ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ဒေါ်သန်းသန်းစိုးက သူမအနေနဲ့ အနုပညာ လောကထဲကနေထွက်ခွာသွားချင်နေပြီလို့ ပြောလာခဲ့တာပါ။

ဒီလိုထွက်ခွာသွားချင်ရတဲ့ အဓိကအကြောင်းအရင်းကိုလည်း အန်တီဒေါ်သန်းသန်းစိုးက အခုလိုဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။“အသက် (၁၅) နှစ် အရွယ် ကတည်းက အနုပညာလောကမှာ ကျင်လည်ခဲ့ဖူးတော့ ဒီလောကရဲ့ အကောင်း၊ အဆိုးဒဏ်တွေကို တော်တော်ခံခဲ့ပြီး ပါပြီ။ ဒီလောက က ဟန်ဆောင်မှု များတယ်၊ ခွဲခြားဆက်ဆံမှုတွေ များတယ်။ ဟန်မဆောင်ချင်ဘူး .. ဟန်ဆောင်ရတာကို မောလို့ အနု ပညာလောက က ထွက်သွားချင်ပြီ” လို့ ပြောလာခဲ့တာဖြစ်ပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *