ဖေ့စ် ဘုတ်ကြီးရဲ့ ကျေးဇူး ကြောင့် ကားတွေ၊ တိုက်တွေအိမ်တွေ တောင် ဝယ်နိုင်ပြီလို့ ဂုဏ်ရည်အေးကျော် ဝမ်းသာအားရ ပြောပြလာ





CRD: SHWE YAUNG LANN

UNICODE

ဂုဏ်ရည်အေးကျော်ကတော့ Facebook ကနေဘဝတစ်ခုပြောင်းလဲသွားတဲ့ အထိဝင်ငွေတွေရနိုင်တဲ့အကြောင်း ပြောပြလာခဲ့တာပါနော် ပရိသတ်ကြီးအတွက် ဗဟုသုတရစရာဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်နော်။ဂုဏ်ရည်အေးကျော်က ” Facebook မှာအခု Trend က ဟာသဗီဒီယိုအတိုတွေပေါ့ ဒါကတဖြည်းဖြည်းပြောင်းလဲသွားမှာ နောက်ကျရင်လူတွေကဒီ့ထက်ကောင်းတာတွေက ကြည့်ချင်လာကြမယ် အဲ့ဒီအတွက် Quality Content တွေ ဖန်တီးတဲ့သူတွေက နေရာရလာမှာပဲ။

အဲ့တော့ ကိုယ်က အားပေးသူအနေနဲ့ပဲနေနေမလား အားပေးခံရတဲ့သူလုပ်မလားဆိုတာကတော့ ကိုယ့်ဆုံးဖြတ်ချက်ပါပဲ” လို့ ပြောပြလာခဲ့ တာ ဖြစ်ပါတယ်။ဖေ့စ် ဘုတ် ကြောင့် လန်ခရူဆာ ကားတွေ၊ တိုက်အိမ်တွေ တောင် ဝယ်နိုင်ပြီ ဆို တဲ့ ဂုဏ်ရည်အေးကျော်ပါ။Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။လှပပြီးဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့ Miss ဂုဏ်ရည် အေးကျော် ဟာစင်မြင့်ထက်မှာ စာရွက်တစ်ရွက်, မိုက်ခရိုဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေရတာကို အလွန်နှစ်သက်သူတစ်ယောက်ပါ။

အစီစဉ်တင်ဆက်သူတစ်ယောက်အဖြစ်လုပ်ကိုင်ခြင်းဟာသူမရဲ့Passion တစ်ခုလဲဖြစ်တယ်လို့သိရပါတယ်။ယခု ကိုဗစ်ကာလမှာ ဂုဏ်ရည် အေးကျော်က Blog လေးတွေလုပ်ကာ သူမရဲ့ နေထိုင်မှုပုံစံနဲ့ အသားအရည်ထိန်းသိမ်းနည်းလေးတွေကို မျှဝေလျက်ရှိတာလည်း ဖြစ်ပါ တယ် ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ Facebook ကနေဝင်ငွေရှာနိုင်တဲ့အကြောင်းနဲ့ Facebook ပေါ်ကနေပိုက်ဆံရှာရင်း လန်ခရူဆာတွေ တိုက်တွေတောင်ဝယ်နိုင်နေပြီဖြစ်တယ်လို့ ပြောလာခဲ့တာပါ

Facebook ကဘဝကြီးမဟုတ်ဘူးတို့ဘာတို့အရင်ကပြောကြတယ်ပေါ့ အခုကတော့ Facebook ကနေပိုက်ဆံရှာလို့ရနေပြီ တချို့ဆို လန် ခရူဆာတွေ တိုက်တွေတောင်ဝယ်နိုင်ကုန်ပြီလေ ဂုဏ်ရည်တို့ဆို အရင်ကအသုံးမချတတ်ဘူး ဂုဏ်ရည် Miss ဖြစ်ကတည်းက Follower တစ်သိန်းကျော်က တစ်သိန်းကျော်ပဲ ခု Vlog တွေပြန်တင်တော့မှသာသောင်းဂဏန်းပြန်တက်လာတာပေါ့ တကယ်တော့ Facebook မှာ Quality Video Content တွေရိုက်ရင်း ပိုက်ဆံရှာလို့ရနေပြီး ပုံမှန်ဝင်ငွေရနိုင်၍ ဘဝတစ်ခုလည်းဖြစ်လာနိုင်တယ်” လို့ ဆိုလာခဲ့တာပါ။

CRD:  SHWE  YAUNG  LANN

Add a Comment

Your email address will not be published. Required fields are marked *