Covid-19ကုသသည့် ( ဖောင်ကြီး)ဆေးရုံသို့ ပစ္စည်းပေးပို့ လှူဒါန်းမည့်သူများ သိရှိလိုက်နာရန် အချက်များ





REF: YANGON NEWS

UNICODE

ကိုဗစ်-၁၉ကုသရာ ဖောင်ကြီးဆေးရုံသို့ ပစ္စည်းလှူဒါန်းလိုသူများ အနေဖြင့် တားမြစ်ထားသော ပစ္စည်းများ သိရှိရန်လိုအပ်ပါတယ်။
အဲဒါတွေကတော့ ဆေးလိပ်၊ကွမ်းယာ၊အရက်၊အယ်လ်ကိုဟောပါတဲ့အချိုရည်များ ပေးလို.မရပါ။ဒါး၊ကပ်ကြေး စသောချွန်ထက်သော လက်နက်များ ပေးလို.မရပါ။မီးခြစ်၊ခြင်ဆေးခွေ၊ခြင်ဆေးဗူး ၊ကြိုးခွေမျာပေးလို.မရပါ။

milo.ovaltine.အဲဒါတွေကတော့ပုလင်းဆိုရင်ပေးလို့မရပါ။၃ မိနစ်ပြုတ်အိုး၊ ဒယ်နီပေးမရပါဘူး။ဂျင်း၊ကြက်သွန်ဖြူ၊တို့လည်းပေးလို့မရပါ သစ်သီးအားလုံးအသင့်စားရန်ခွဲစိတ်ပီးသားဖြစ်ဖို့လိုပါတယ်။သံပုရာသီးဆိုရင်လေးစိတ်ခွဲပေးရပါတယ်။ဒီနေ့ကြည့်မြင်တိုင်မြို့နယ်မှ P+ ကလေးတစ်ဦးအတွက်စားနပ်ရိက္ခာ၊ဆေးဝါးအသုံးအဆောင်များကို( ဖောင်ကြီး) သို့သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်။

တချို့တချို့သော..အလွဲလေးတွေရှိခဲ့သော်လည်းယူသွားခဲ့သောပစ္စည်းများမှသတ်မှတ်ထားသောပစ္စည်းများကိုတော့ပေးခွင့်ရခဲ့ပါတယ်။ဘယ်လိုဘဲဖြစ်နေပါစေသွေးမတော်သားမစပ်ကူညီခွင့်ရ၍ ပီတိဖြစ်ခဲ့ရပါတယ်။ fri တို့ရဲ့ပတ်ဝန်းကျင် မိတ်ဆွေတွေထဲက အကယ်၍များသွား ပေးကြမဲ့သူများရှိခဲ့ရင် သိရအောင် အတွေ့အကြုံလေးကိုမျှဝေပေးတာပါ။နေ.လည် ၁ နာရီမှ ၄ နာရီအတွင်း ဂိတ်အမှတ်(၁)မှာ ပေးရမည်။

အားလုံး ကိုဗစ်ရောဂါဆိုးကြီးမှကင်းဝေးကြပါစေ။

REF:  YANGON  NEWS

Add a Comment

Your email address will not be published. Required fields are marked *