မုန္တိုင္းအႂကြင္းအက်န္မ်ား ျဖတ္သန္းလာျခင္းေၾကာင့္ မိုးႀကီးႏိုင္ေၾကာင္း သတိေပး

မိုးေလဝသႏွင့္ဇလေဗဒဌာန၏ ထုတ္ျပန္ခ်က္အရ ယေန႔ျမန္မာစံေတာ္ခ်ိန္(၁၄:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ အေရွ႕ဘက္မွ လာ ေသာ အပူပိုင္းမုန္တိုင္း “ႏို”(NOUL)သည္ အေနာက္ဘက္သို႔ ေ႐ြ႕လ်ားကာ၊ ဗီယက္နမ္ကမ္းေျခကို ျဖတ္ေက်ာ္ၿပီး၊ ၎၏အႂကြင္းအက်န္ တိမ္တိုက္မ်ား ျဖတ္သန္းလာႏိုင္မႈေၾကာင့္လည္းေကာင္း၊ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားေကာင္းရာမွ အားအလြန္ေကာင္းလာႏိုင္ျခင္းတို႔ေၾကာင့္လည္းေကာင္း၊ (၁၉.၉.၂၀၂၀)မွ (၂၂.၉.၂၀၂၀)ရက္ေန႔အတြင္း ။

ေနျပည္ေတာ္၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုး ထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္ မိုးႀကီးျခင္းႏွင့္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚ ႏိုင္ပါသည္။

ယင္းကာလအတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ (၂၄)နာရီအတြင္း မိုးေရခ်ိန္ (၃)လက္မ (၇၇-မီလီ မီတာ)ႏွင့္အထက္၊ ေနျပည္ေတာ္ႏွင့္ မေကြးတိုင္းေဒသႀကီးတို႔ တြင္ (၂၄)နာရီအတြင္း မိုးေရခ်ိန္(၁.၅)လက္မ (၃၈-မီလီမီတာ)ႏွင့္အထက္ ႐ြာသြန္းႏိုင္ပါသည္။

REF: မိုး/ဇလ

UNICODE

မိုးလေဝသနှင့်ဇလဗေဒဌာန၏ ထုတ်ပြန်ချက်အရ ယနေ့မြန်မာစံတော်ချိန်(၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အရှေ့ဘက်မှ လာ သော အပူပိုင်းမုန်တိုင်း “နို”(NOUL)သည် အနောက်ဘက်သို့ ရွေ့လျားကာ၊ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ပြီး၊ ၎င်း၏အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်မှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းတို့ကြောင့်လည်းကောင်း၊ (၁၉.၉.၂၀၂၀)မှ (၂၂.၉.၂၀၂၀)ရက်နေ့အတွင်း ။

နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုး ထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ် နိုင်ပါသည်။

ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မ (၇၇-မီလီ မီတာ)နှင့်အထက်၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့ တွင် (၂၄)နာရီအတွင်း မိုးရေချိန်(၁.၅)လက်မ (၃၈-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်ပါသည်။

REF:  မိုး/ဇလ

Add a Comment

Your email address will not be published. Required fields are marked *