ကိုဗစ်-19 ရောဂါနှင့်ပတ်သက်ပြီး ရန်ကုန်ကိုနိုင်မှတစ် နိုင်ငံလုံးကို ကာကွယ်နိုင်မည်ဟု ဆေးတက္ကသိုလ် ပါမောက္ခချုပ်ပြောပြီ




REF: 7DAY DAILY

UNICODE

ရန်ကုန်တိုင်းအ တွင်းကိုဗစ်-၁၉ရောဂါ  ကုသရေးလုပ်ငန်းများအ တွက် ခုတင် ၅,၀၀၀ ခန့်အထိပြင် ဆင်ဆောင်ရွက်လျက်ရှိရာ တွင် စက် တင်ဘာ ၁၅ ရက်နေ့အထိ ခုတင် ၁,၅၀၉ ခုသာအသုံးပြုရ သေးပြီး ကျန်ခုတင်များဆက် လက်အသုံးမပြုရအောင် အမှန် တကယ် လုပ်ပေး နိုင်သူများမှာ ပြည်သူ လူထုသာ ဖြစ်ကြောင်း ရန်ကုန် ဆေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုး က ပြောကြားလိုက်သည်။ COVID-19 နှင့်ပတ်သက်ပြီး ရန်ကုန်ကိုနိုင်မှတစ် နိုင်ငံလုံးကို ကာကွယ်နိုင်မည်ဟု ရန်ကုန်တိုင်း COVID-19 ကာ ကွယ်ကုသရေး ပေါင်း စပ်ညှိနှိုင်းရေးကော်မတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပြောကြား သည်။

ထို့အတူ ပြည်သူတစ်ဦး တစ်ယောက်ချင်းစီက စည်းကမ်း လိုက်နာနေခြင်းသည် ရန်ကုန်ကို ကယ်တင်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည် ။‘ပြည်သူတစ်ဦးချင်းတစ် ယောက်ချင်းစီက အချိန်နဲ့အမျှ စက္ကန့်မလပ်၊ နာရီမလပ် (စည်း ကမ်းများ) လိုက်နာဆောင်ရွက် နေမယ်ဆိုရင် ကျွန်တော်တို့ ဒီ ရောဂါကို တွန်းလှန်နိုင်မှာဖြစ်ပါ တယ်။ ဒီရောဂါကိုနိုင်မှာဖြစ်ပါ တယ်။ ရန်ကုန်ကိုနိုင်မှလည်းကျွန် တော်တို့ တစ်နိုင်ငံလုံး ကို ကာ ကွယ်နိုင်မှာဖြစ်ပါတယ်’’ ဟု ပါမောက္ခချုပ် ဒေါက်တာဇော်ဝေ စိုးက ပြောသည်။လက်ရှိရန်ကုန်တွင် ပြည်သူ များနှာခေါင်းစည်း တပ်ခြင်း၊ ခရီး သွားလာမှု လျော့ နည်းလာခြင်း၊ လူစုလူဝေးမပြုလုပ် ခြင်း၊ ဝိုင်းဖွဲ့စားသောက်မှုမရှိခြင်း နှင့်။

တစ်ဦးနှင့်တစ်ဦး ဝေးဝေးခပ် ခွာခွာနေခြင်းတို့ကို ပိုမိုတွေ့ရှိလာ ရသည်ဟု ၎င်းကဆိုသည်။‘ကျွန်တော်တို့ အကြာကြီး လုပ်စရာမလိုပါဘူး။ ဒီလိုမျိုး နှစ် ပတ်၊ သုံးပတ်လောက်သာ တိတိ ကျကျနေလိုက်ရင် ကျွန်တော်တို့ ရန်ကုန်ကို ကယ်တင်နိုင်ပါတယ်’’ ဟု ဒေါက်တာဇော်ဝေ စိုးကဆို သည်။ထို့အပြင် ရန်ကုန်တိုင်းဒေသ ကြီးရှိ COVID-19 ရောဂါကုသ ရေးလုပ်ငန်းများအတွက် ကျန်း မာရေးဝန်ကြီးဌာန ဒုညွှန်ချုပ် ဦးဆောင်သည့်အယောက် ၂၀ ပါ ပညာရှင်များအဖွဲ့၊ မန္တလေး၊ မကွေး၊ ဧရာဝတီ စသည့်တိုင်းဒေ သကြီးများနှင့် ကယားပြည်နယ် တို့မှ ကျန်းမာရေးဝန်ထမ်း ၂၀ ဦး စီပါဝင်သောအဖွဲ့များကို အင် အားထပ်ဖြည့်ထားကြောင်း ၎င်း ကရှင်းပြသည်။

REF:  7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *