ထိုင္းႏိုင္ငံ မွာ အလုပ္ လုပ္ၿပီး မိခင္ အိုႀကီး ကို လုပ္ေကြၽးေနရွာ တဲ့ သားတစ္ေယာက္ရဲ႕ မလွပတဲ့ အိမ္ျပန္ခရီး အေၾကာင္း(႐ုပ္သံ)

ျမန္မာျပည္ ပဲခူးတိုင္း ပဲခူးၿမိဳ႕ကလို႔ သိရပါတယ္။မိုးလင္းရင္ ခ်စ္ၾကည္ေရးတံတား ၂ ကို ေရာက္မွာပါ သံအရာရွိဦးေဝလင္းေမာင္နဲ႔ ကိုရဲ မင္း ကနယ္စပ္မွာ ကူညီေပးမွာပါ။AAC ကေတာ့ အတတ္ႏိုင္ဆုံး ကူညီေပးၿပီးျပည္ပေရာက္ သားေကာင္းတစ္ဦးကို အေမ့အိမ္ျပန္ပို႔ေပး ႏိုင္ခဲ့လို႔ ေက်နပ္မိပါတယ္။ပုံက ယေန႔ည AAC ေဂဟာမွာ အိမ္ျပန္ပို႔ေပးဖို႔ AAC အမာခံမ်ားက ျပဳစု၍ ကားတင္ေပးေနတာပါ။

မိခင္အေမအိုႀကီး ကို လုပ္ေကြၽးေနတဲ့ သားေကာင္းတစ္ဦး အလုပ္႐ုံထဲမွာ အလုပ္လုပ္ေနရင္း ဒုကၡိတျဖစ္သြားလို႔ AAC က အေမ့အိမ္ကို ျပန္ပို႔ေပးေနပါၿပီ…သားက မိခင္အိုႀကီးကို လုပ္ေကြၽးေနရင္းဆြမ္းခံရင္း ဌက္သင့္ခဲ့….လိမၼာတဲ့ ထိုင္းေရာက္သားေကာင္းတစ္ဦးအေမအိုႀကီး ေအေအစီကိုရဲမင္း ထံ ဖုန္းေတြအႀကိမ္ႀကိမ္ဆက္….“သားေလး ေမာင္ရဲမင္းရယ္။

အေမအသက္၇၀ နီးပါၿပီ မုဆိုးမပါ ေမာင္ရဲမင္း လူေတြကူညီေနတာအေမကို သူမ်ားေတြ ေျပာျပလို႔ သားကိုဖုန္းဆက္တာပါ အေမ့သား ေလးလႈိင္ဝင္းထြန္းကအေမ့ကို လုပ္ေကြၽးရွာပါတယ္ အေမ့သားေလးကို အေမ့ဆီကိုသာ ေရာက္ေအာင္ျပန္ပို႔ေပးပါအေမ့ ေဈးဗန္းေခါင္း ႐ြက္ၿပီး သားေလးကိုေဆးကုေပးမယ္” ဟု ေျပာပါတယ္၊မိခင္ေမတၱာကို ၾကက္သီးထေအာင္ လက္ေတြ႕သိရတာပါ….။

ရဲမင္း(AAC မဟာမိတ္အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ)ထိုင္းအေျခစိုက္အလုပ္သမားကူညီေရး

UNICODE

မြန်မာပြည် ပဲခူးတိုင်း ပဲခူးမြို့ကလို့ သိရပါတယ်။မိုးလင်းရင် ချစ်ကြည်ရေးတံတား ၂ ကို ရောက်မှာပါ သံအရာရှိဦးဝေလင်းမောင်နဲ့ ကိုရဲ မင်း ကနယ်စပ်မှာ ကူညီပေးမှာပါ။AAC ကတော့ အတတ်နိုင်ဆုံး ကူညီပေးပြီးပြည်ပရောက် သားကောင်းတစ်ဦးကို အမေ့အိမ်ပြန်ပို့ပေး နိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ပုံက ယနေ့ည AAC ဂေဟာမှာ အိမ်ပြန်ပို့ပေးဖို့ AAC အမာခံများက ပြုစု၍ ကားတင်ပေးနေတာပါ။

မိခင်အမေအိုကြီး ကို လုပ်ကျွေးနေတဲ့ သားကောင်းတစ်ဦး အလုပ်ရုံထဲမှာ အလုပ်လုပ်နေရင်း ဒုက္ခိတဖြစ်သွားလို့ AAC က အမေ့အိမ်ကို ပြန်ပို့ပေးနေပါပြီ…သားက မိခင်အိုကြီးကို လုပ်ကျွေးနေရင်းဆွမ်းခံရင်း ဌက်သင့်ခဲ့….လိမ္မာတဲ့ ထိုင်းရောက်သားကောင်းတစ်ဦးအမေအိုကြီး အေအေစီကိုရဲမင်း ထံ ဖုန်းတွေအကြိမ်ကြိမ်ဆက်….“သားလေး မောင်ရဲမင်းရယ်။

အမေအသက်၇၀ နီးပါပြီ မုဆိုးမပါ မောင်ရဲမင်း လူတွေကူညီနေတာအမေကို သူများတွေ ပြောပြလို့ သားကိုဖုန်းဆက်တာပါ အမေ့သား လေးလှိုင်ဝင်းထွန်းကအမေ့ကို လုပ်ကျွေးရှာပါတယ် အမေ့သားလေးကို အမေ့ဆီကိုသာ ရောက်အောင်ပြန်ပို့ပေးပါအမေ့ ဈေးဗန်းခေါင်း ရွက်ပြီး သားလေးကိုဆေးကုပေးမယ်” ဟု ပြောပါတယ်၊မိခင်မေတ္တာကို ကြက်သီးထအောင် လက်တွေ့သိရတာပါ….။

ရဲမင်း(AAC မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ)ထိုင်းအခြေစိုက်အလုပ်သမားကူညီရေး

Add a Comment

Your email address will not be published. Required fields are marked *