ပိုက္ဆံ မရွိရင္ ဆားနဲ႔စားမယ္ စပြန္ဆာ နဲ႔ အေႂကြးေတာ့ လုံးဝ မယူဘူးလို႔ ေမပန္းခ်ီဒဲဲ့ေျပာၿပီ

ဆက္ဆီေမာ္ဒယ္ ေမပန္းခ်ီက အေႂကြးေတြဘာေတြေတာ့ေၾကာက္တယ္ မရွိရင္ဆားနဲ႔ ပဲစားေတာ့မယ္ အေႂကြးေတြ ဘာေတြေတာ့မရွိဘူး ဒီအခ်ိန္မွာ အေႂကြးမရွိတဲ့သူက သူေဌးပဲ” လို႔ ေပါ့ေပါ့ပါးပါးပဲေျပာျပခဲ့ပါတယ္။ ” ကြၽန္မကေတာ့ ေရာင္ရဲတင္းတိမ္ႏိုင္တယ္ Sugar Daddy မရွိတဲ့အတြက္လည္းေနာင္တမရသလို လြယ္လြယ္ရရင္လြယ္လြယ္ ကုန္တတ္တယ္ ကိုယ္ကေတာ့ကိုယ့္ျဖစ္တည္ပုံနဲ႔ ကိုယ္မို႔သူမ်ားေတြ အဆင္ေျပရင္လည္း မနာလိုျခင္းမရွိဘူး” လို႔သူမခံယူထားတဲ့ခံယူခ်က္ကို ပရိသတ္ကိုပြင့္ပြင့္လင္းလင္းေျပာျပခဲ့တာပါ။ ေမပန္းခ်ီရဲ႕ ေရာင့္ ရဲတဲ့စိတ္နဲ႔ခံယူခ်က္ကေလးကေတာ့ တကယ့္ကိုခ်စ္စရာပါပဲေနာ္။ သူ႔ခံယူခ်က္ေလးကို လက္ခံသေဘာတူတယ္ဆိုရင္ ပရိသတ္ႀကီးက လည္း ကြန္မန႔္မွာ အျမင္ေလးေတြမွ်ေဝသြားပါဦးေနာ္။

တည္ၿငိမ္တဲ့အလွ စြဲမက္ဖြယ္ေကာက္ေၾကာင္း တို႔ေၾကာင့္ ပုရိသေတြအသဲစြဲမင္းသမီးတစ္လက္ျဖစ္တဲ့ ေမပန္းခ်ီကေတာ့ ကိုဗစ္ကာလအ တြင္း အေျခအေနနဲ႔ပတ္သတ္ၿပီး အေႂကြးေတြဘာေတြေတာ့ေၾကာက္တယ္ ပိုက္ဆံမရွိရင္ဆားနဲ႔ပဲစားမယ္လို႔ ဆိုလာခဲ့ပါတယ္။ ဒီကာလ အတြင္းမွာ လူတန္းစားေတာ္ေတာ္ မ်ားမ်ား ဝင္ေငြအခက္ႀကဳံရသလို ရႈတင္မ်ားလည္းရပ္ဆိုင္းထားတဲ့အတြက္ အႏုပညာရွင္တခ်ိဳ႕လည္း ဝင္ေငြနည္းပါးေနခ်ိန္ျဖစ္ပါတယ္။ ေမပန္းခ်ီကေတာ့ ကိုဗစ္ ဒုတိယလႈိင္းျဖစ္ေတာ့ ျပင္ဦးလြင္သြားၿပီး သူ႔ရဲ႕သီခ်င္းေလးကို MTV ႐ိုက္ဖို႔ လုပ္ထားတာ ပ်က္သြားေပမယ့္ အေျခအေနက ျပင္းထန္ေတာ့ ကိုယ္ Q မဝင္ရေအာင္ပဲႀကိဳးစားေနရတယ္လို႔ ေျပာျပခဲ့ပါတယ္။

ေရာဂါႀကီးက ဘယ္ေလာက္ေတာင္ၾကာဦးမယ္မသိတာေၾကာင့္ စီးပြားေရးကို ေလာေလာဆယ္ အိမ္မွာေနရင္း ဘာလုပ္ရမလဲဆိုတာပဲ ေတြးေနမိတယ္လို႔ ဆိုထားပါတယ္။ ဝင္ေငြနည္းပါးေနခ်ိန္ ဘယ္လိုစိတ္ကူးထားလဲဆိုတဲ့ ေမးခြန္းကိုေတာ့ေမပန္းခ်ီက “စီးပြားေရး လုပ္ ရင္လည္း ထိုင္ေနရင္အေကာင္းသား ထသြားမွ က်ိဳးမွန္း သိျဖစ္ေနမွာလည္းစိုးတယ္ ဒီအခ်ိန္ဝင္ေငြရဖို႔ မလုပ္ခ်င္ဆုံး အလုပ္ကိုလုပ္ ရမယ္ ဆိုရင္ ေဈးေရာင္းပဲရွိမယ္ ဝင္ေငြမရွိေတာ့လည္း ဒါပဲလုပ္ရမွာေပါ့လို႔ ေျပာဆိုသြားပါတယ္။

REF: May Pan Chi facebook

UNICODE

ဆက်ဆီမော်ဒယ် မေပန်းချီက အကြွေးတွေဘာတွေတော့ကြောက်တယ် မရှိရင်ဆားနဲ့ ပဲစားတော့မယ် အကြွေးတွေ ဘာတွေတော့မရှိဘူး ဒီအချိန်မှာ အကြွေးမရှိတဲ့သူက သူဌေးပဲ” လို့ ပေါ့ပေါ့ပါးပါးပဲပြောပြခဲ့ပါတယ်။ ” ကျွန်မကတော့ ရောင်ရဲတင်းတိမ်နိုင်တယ် Sugar Daddy မရှိတဲ့အတွက်လည်းနောင်တမရသလို လွယ်လွယ်ရရင်လွယ်လွယ် ကုန်တတ်တယ် ကိုယ်ကတော့ကိုယ့်ဖြစ်တည်ပုံနဲ့ ကိုယ်မို့သူများတွေ အဆင်ပြေရင်လည်း မနာလိုခြင်းမရှိဘူး” လို့သူမခံယူထားတဲ့ခံယူချက်ကို ပရိသတ်ကိုပွင့်ပွင့်လင်းလင်းပြောပြခဲ့တာပါ။ မေပန်းချီရဲ့ ရောင့် ရဲတဲ့စိတ်နဲ့ခံယူချက်ကလေးကတော့ တကယ့်ကိုချစ်စရာပါပဲနော်။ သူ့ခံယူချက်လေးကို လက်ခံသဘောတူတယ်ဆိုရင် ပရိသတ်ကြီးက လည်း ကွန်မန့်မှာ အမြင်လေးတွေမျှဝေသွားပါဦးနော်။

တည်ငြိမ်တဲ့အလှ စွဲမက်ဖွယ်ကောက်ကြောင်း တို့ကြောင့် ပုရိသတွေအသဲစွဲမင်းသမီးတစ်လက်ဖြစ်တဲ့ မေပန်းချီကတော့ ကိုဗစ်ကာလအ တွင်း အခြေအနေနဲ့ပတ်သတ်ပြီး အကြွေးတွေဘာတွေတော့ကြောက်တယ် ပိုက်ဆံမရှိရင်ဆားနဲ့ပဲစားမယ်လို့ ဆိုလာခဲ့ပါတယ်။ ဒီကာလ အတွင်းမှာ လူတန်းစားတော်တော် များများ ဝင်ငွေအခက်ကြုံရသလို ရှုတင်များလည်းရပ်ဆိုင်းထားတဲ့အတွက် အနုပညာရှင်တချို့လည်း ဝင်ငွေနည်းပါးနေချိန်ဖြစ်ပါတယ်။ မေပန်းချီကတော့ ကိုဗစ် ဒုတိယလှိုင်းဖြစ်တော့ ပြင်ဦးလွင်သွားပြီး သူ့ရဲ့သီချင်းလေးကို MTV ရိုက်ဖို့ လုပ်ထားတာ ပျက်သွားပေမယ့် အခြေအနေက ပြင်းထန်တော့ ကိုယ် Q မဝင်ရအောင်ပဲကြိုးစားနေရတယ်လို့ ပြောပြခဲ့ပါတယ်။

ရောဂါကြီးက ဘယ်လောက်တောင်ကြာဦးမယ်မသိတာကြောင့် စီးပွားရေးကို လောလောဆယ် အိမ်မှာနေရင်း ဘာလုပ်ရမလဲဆိုတာပဲ တွေးနေမိတယ်လို့ ဆိုထားပါတယ်။ ဝင်ငွေနည်းပါးနေချိန် ဘယ်လိုစိတ်ကူးထားလဲဆိုတဲ့ မေးခွန်းကိုတော့မေပန်းချီက “စီးပွားရေး လုပ် ရင်လည်း ထိုင်နေရင်အကောင်းသား ထသွားမှ ကျိုးမှန်း သိဖြစ်နေမှာလည်းစိုးတယ် ဒီအချိန်ဝင်ငွေရဖို့ မလုပ်ချင်ဆုံး အလုပ်ကိုလုပ် ရမယ် ဆိုရင် ဈေးရောင်းပဲရှိမယ် ဝင်ငွေမရှိတော့လည်း ဒါပဲလုပ်ရမှာပေါ့လို့ ပြောဆိုသွားပါတယ်။

REF:  May Pan Chi facebook

Add a Comment

Your email address will not be published. Required fields are marked *