အပူပိုင္းမုန္တိုင္း၏ အရွိန္ေၾကာင့္ ေလျပင္းမ်ားတိုက္ခတ္၍ မိုးႀကီးႏိုင္ေၾကာင္း မိုး/ဇလသတိေပး

စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္းႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ ေနရာကြက္က်ား၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း ေဒသႀကီးအထက္ ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝ တီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသ ႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာ အႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေဒသအ လိုက္ႏွင့္ မႏၲေလးတိုင္းေဒသ ႀကီးတြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္နဲ႔ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးႏိုင္ပါသည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၃၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။ ဘဂၤလားပင္လယ္ေအာ္အေျခအေန။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားေကာင္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလ အားနည္းေနပါသည္။

ထူးျခားသည့္အေျခအေန။ ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၅:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ေတာင္တ႐ုတ္ ပင္လယ္ျပင္တြင္ ျဖစ္ေပၚ ေနေသာ အပူပိုင္းမုန္တိုင္း”ႏို(လ္)”(NOUL)သည္ ဗီယက္နမ္ႏိုင္ငံ၊ ဒါနန္းၿမိဳ႕(Danang) ၏ အေရွ႕ေတာင္ဘက္ မိုင္(၈၀)ခန္႔အကြာ ပင္ လယ္ျပင္ကို ဗဟိုျပဳေနပါသည္။ အဆိုပါ အပူပိုင္းမုန္တိုင္း”ႏို(လ္)” (NOUL)သည္ အေနာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး၊ ယေန႔ ေန႔လယ္ပိုင္းတြင္ ဗီယက္နမ္ႏိုင္ငံ၊ ဒါနန္းၿမိဳ႕ (Danang)အနီးမွ ျဖတ္ေက်ာ္ ဝင္ေရာက္ႏိုင္ပါသည္။

အဆိုပါ အပူပိုင္းမုန္တိုင္း”ႏို(လ္)”(NOUL)သည္ ကုန္းတြင္းသို႔ ဝင္ေရာက္ၿပီးေနာက္၊ တစ္ျဖည္းျဖည္း အားေလ်ာ့သြားကာ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး၊ (၁၉.၉.၂၀၂၀) ရက္ေန႔တြင္ ျမန္မာႏိုင္ငံအေရွ႕ေတာင္ပိုင္းေဒသမ်ားသို႔ ေလေပြလႈိင္း အျဖစ္ ေရာက္ရွိႏိုင္သည္ဟု ခန႔္မွန္းရပါသည္။က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၁)ေပခန္႔ႏွင့္ ရခိုင္ကမ္း႐ိုးတန္း တစ္ ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၅)ေပမွ (၈)ေပခန္႔ရွိႏိုင္ပါသည္။

REF: မိုး/ဇလ

UNICODE

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝ တီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအ လိုက်နှင့် မန္တလေးတိုင်းဒေသ ကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်နဲ့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)သည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့(Danang) ၏ အရှေ့တောင်ဘက် မိုင်(၈၀)ခန့်အကွာ ပင် လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း”နို(လ်)” (NOUL)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ယနေ့ နေ့လယ်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ (Danang)အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်ပါသည်။

အဆိုပါ အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက်၊ တစ်ဖြည်းဖြည်း အားလျော့သွားကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ (၁၉.၉.၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများသို့ လေပွေလှိုင်း အဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၁)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်း တစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့်ရှိနိုင်ပါသည်။

REF:  မိုး/ဇလ

Add a Comment

Your email address will not be published. Required fields are marked *