(၁၈-၉-၂၀၂၀)ည (၈:၀၀) နာရီCOVID-19 အတည်ပြုလူနာသစ်(၁၆၈)ဦး ထပ်တွေ့ကြောင်း သတင်းထုတ်ပြန်





REF: MINISTRY OF HEALTH

UNICODE

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၁,၁၃၀) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ (၁၈-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ ထပ်မံသေဆုံးသူ (၂) ဦး ရှိပါသည်။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံး သူပေါင်း (၇၀)ဦး ရှိပြီဖြစ်ပါသည်။(၁၇-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၈-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအ တွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၁၃) ဦးရှိပါသည်။

(၁၈-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီမှ ည (၈:၀၀) နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁,၀၁၄)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၀၁) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၄၅၉) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၁၅၄) ခု။

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး) မှ ဓာတ်ခွဲနမူနာ (၃၁၆) ခု၊ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၉) ခု၊
ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊ပြည်သူ့ဆေးရုံကြီး၊ တီးတိန်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ကျောက် ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကျိုင်းတုံမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊

နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၈၁) ခုနှင့် နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၅၆) ခု၊စုစုပေါင်း (၂,၅၃၄)ခု အား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၆၈) ဦး တွေ့ရှိရပါသည်။ (၁၈-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည် ပြုလူနာ (၄,၄၆၇) ဦး ရှိပြီ ဖြစ်ပါသည်။

REF:  MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *