Lancet ႏိုင္ငံတကာCOVID-19 စုံစမ္း ေရး ေကာ္မရွင္၏ ေဖာ္ထုတ္ခ်က္

အခုျဖစ္ေနတဲ့ ကိုဗစ္-၁၉ေရာဂါလကၡဏာမ်ိဳး အရင္ကေတြ႕ဖူးတယ္လို႔ လာေျပာသူတစ္ေယာက္ရွိပါတယ္။Covid မျဖစ္ခင္မႏွစ္က သူတို႔ အသိေတြဟာ အဆုတ္က်ပ္ခဲၿပီးဘာမွန္းမသိတဲ့ေရာဂါနဲ႔ လူ႐ြယ္လူလတ္ကေန ႐ုတ္တရက္ႀကီးေသသြားပါသတဲ့။ျပႆနာက အခုေတြ႕ရ တဲ့ Sars-CoV-2 ဗိုင္းရပ္စ္နဲ႔ အနီးစပ္ဆုံးပိုးရွိတဲ့ 🦇 လင္းႏို႔ဟာ ယူနန္ျပည္နယ္ထဲမွာေတြ႕တာပါ။အဲ့ဒီလင္းႏို႔ဟာ ျမန္မာအပါအဝင္ ဗီ ယက္နမ္အထိ ေတြ႕ရတဲ့ လင္းႏို႔ေတြပါ။လင္းႏို႔လင္းဆြဲငွက္ေတြကို ျမန္မာျပည္နယ္စပ္မွာ သတ္စားသူမနည္းပါ။ ငယ္စဥ္က က်ေနာ္တို႔ အိမ္ေဘးမွာ သတ္စားသူေတာင္ရွိပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး စင္ကာပူမွာ ေတြ႕ဖူးတယ္။

သူကိုယ္တိုင္ျဖစ္ဖူးတယ္လို႔ ေျပာတဲ့သူလည္းရွိပါတယ္။အဲ့သည္လိုအမ်ိဳးမ်ိဳးေျပာေနၾကတာပါ။က်ေနာ္တို႔ဟာ virologist မဟုတ္ပါ။ ဒါေပ မယ့္ ဒီျဖစ္ရပ္ ကေနၿပီး ေတာ႐ိုင္းတိစာၦန္သတ္စားျခင္းကေန #အႏၲရာယ္ႀကီးစြာကပ္ေရာဂါျဖစ္ႏိုင္ေၾကာင္း သိခဲ့ရပါၿပီ။ တ႐ုတ္အစိုးရက လည္း အခုမွဒီကပ္ေဘးကို အခ်ိန္မေ႐ြးထျဖစ္ႏိုင္မွန္းသတိျပဳမိၿပီး တ႐ုတ္ျပည္တြင္းမွာ ေတာ႐ိုင္းတိရိစာၦန္ေမြးျမဴျခင္းနဲ႔ ေရာင္းခ်ျခင္းကို တားဆီးမႈ လုပ္ေနတာျဖစ္ပါတယ္။ျမန္မာနယ္စပ္က ေတာ႐ိုင္း တိရိစာၦန္ေဈးကြက္ဟာ ျမန္မာ့ ေတာ႐ိုင္းမ်ိဳးရင္းေတြမ်ိဳးတုံးမယ့္ အႏၲ ရာယ္ၿခိမ္းေျခာက္မႈျဖစ္ေနၿပီး ကပ္ေရာဂါ အခ်ိန္မေ႐ြးထျဖစ္ႏိုင္တဲ့ time bomb တစ္ခုပါ။

Dr Peter Dazak တို႔ Lancet Covid-19 ေကာ္မရွင္ရဲ႕စုံစမ္းစစ္ေဆးမႈကို ေစာင့္ၾကည့္ၾကပါစို႔။ဘာမွမသိခင္ #ေလနဲ႔သီအိုရီထုတ္ေနတာ ရပ္ၿပီး ေနာက္မျဖစ္ေအာင္နဲ႔ အခုကူးစက္မႈဟာ #ကိုယ့္ေၾကာင့္ မျဖစ္ေအာင္ ပိုမိုအာ႐ုံစိုက္သင့္ပါတယ္ခင္ဗ်ား။က်ေနာ့္အေနနဲ႔ကေတာ့ အားလုံးသိရေအာင္ ဘက္စုံေထာင့္စုံကေန စုေဆာင္းတင္ေပးေနပါတယ္။အျပည္ျပည္ဆိုင္ရာက သိပၸံပညာရွင္ေတြ နဲ႔ ဇူလိုင္လတုန္း က ဖြဲ႕စည္းထားတဲ့ အဖြဲ႕ျဖစ္တယ္။🦠 Covid-19 ေရာဂါကိုျဖစ္ေစတဲ့ Sars-CoV-2 ဗိုင္းရပ္စ္ဟာ ဓာတ္ခြဲခန္းက လြတ္ထြက္လာတာလားက စလို႔ Covidဇစ္ျမစ္ကို စုံစမ္းစစ္ေဆးမယ့္ ေကာ္မရွင္ျဖစ္တယ္။

ၿဗိတိန္က Dr Peter Dazak ကဦးေဆာင္ၿပီး တိရိစာၦန္က ေနလူဆီကူးလာသလားကို ဦးေဆာင္စစ္ေဆးေနသူျဖစ္တယ္။▪️Covid ရဲ႕ဇစ္ ျမစ္နဲ႔ပတ္သက္ၿပီး သိပၸံနည္းက်သက္ေသအခ်က္အလက္ေတြကို စနစ္တက်စုံစမ္းမယ္လို႔ဆိုတယ္။ျဖစ္ႏိုင္သမွ် သီအိုရီ အားလုံးကို ေသ ေသခ်ာခ်ာစုံစမ္းစစ္ေဆးၿပီး ဒီလိုကပ္ေရာဂါမ်ိဳးေနာက္မျဖစ္ရေအာင္ ဦးေဆာင္စုံစမ္းခြင့္ အာဏာအပ္ႏွင္းထားျခင္း ခံရသူျဖစ္တယ္။ Covid ကိစၥမွာ (Conspiracy theorists) ကြန္စပါရစီသီအိုရီသမားေတြသိပ္မ်ားတယ္။အဲ့ဒီ #ယုန္ထင္ေၾကာင္ထင္ ကြန္စပါရစီ သီအိုရီ သမားေတြဟာ သူတို႔ထင္ထားတာကိုပဲ သိပ္ခ်ဲ႕ေျပာၾကၿပီး ဆရာႀကီးလို႔ထင္ကာေက်နပ္ေနၾကတယ္။

တကယ့္လက္ေတြ႕သိပၸံနည္းက်ခ်ျပသူရွိလာရင္ သူတို႔ထင္ထားတာမ်ိဳးမဟုတ္ရင္ မေက်နပ္ၾကဘူးတဲ့။Covid ဇစ္ျမစ္ကို အမ်ိဳးမ်ိဴးေျပာ ၾကတယ္။▪️ဒီပိုးဟာ တ႐ုတ္သမၼတရဲ႕လက္ခ်က္၊(မျဖစ္ႏိုင္ဘူးလို႔သက္ေသျပရင္ တ႐ုတ္ေလာ္ဘီလို႔နာမည္တပ္တယ္။)▪️ဒီပိုးဟာ အ ေမရိကန္လက္ခ်က္ စစ္မႈထမ္းေဟာင္းအဖြဲ႕က မႏွစ္ကပြဲမွာ တ႐ုတ္ျပည္ကိုသယ္သြားတာ၊ (မျဖစ္ႏိုင္တဲ့အခ်က္ကိုသက္ေသျပရင္ ထရမ့္ နဲ႔အေမရိကန္ဘက္ေတာ္သားလို႔စြပ္စြဲတယ္။)ဒါေၾကာင့္ Dr Peter Dazak က သူ႔ရဲ႕သိပၸံနည္းက်ေတြ႕ရွိခ်က္ကို #ႏွစ္ဖက္စလုံးက ကြန္စပါ ရစီသီအိုရီသမားေတြက ႀကိဳဆိုလက္ခံမွာမဟုတ္ဘူးဆိုတာ သူသိထားပါတယ္တဲ့။

သူ႔ကို ႀကိဳတင္ေတြးထင္ထားတဲ့ စိတ္ကူးေတြနဲ႔ ခ်ည္ေႏွာင္တာလက္ခံမွာမဟုတ္ပါဘူးတဲ့။ (“not be bounded by preconceived ideas”) လို႔ေျပာသြားတယ္။Would investigate all avenues forensically and “with an open mind.” လို႔လည္းေျပာသြားတယ္။ ေသေသခ်ာခ်ာဉာဏ္ဖြင့္ၿပီး မႈခင္းေဆးပညာစုံစမ္းသလို ဘက္စုံေထာင့္စုံက စုံစမ္းမယ္ေပါ့။အခုအခ်ိန္အထိ ေကာာ္မရွင္ရဲ႕ေတြ႕ရွိခ်က္က ဘာလဲလို႔ေမးေတာ့ ….အခုထိေတာ့ Sars-CoV-2 ဗိုင္းရပ္စ္ဟာ ဓာတ္ခြဲခန္းထဲက ဖန္တီးယူတာ(သို႔) လြတ္ထြက္တဲ့ သက္ေသမေတြ႕ရ ပဲ သဘာဝအတိုင္းျဖစ္တာကို ေတြ႕ရပါ တယ္တဲ့။ဒါေပမယ့္ ဓာတ္ခြဲခန္းနဲ႔ပတ္သက္မႈရွိႏိုင္သလားဆိုတဲ့အခ်က္ကို ထည့္စုံစမ္းမွာျဖစ္ပါသတဲ့။

အေျခအျမစ္မရွိစြပ္စြဲျငင္းခုံမႈေတြကို ရွင္းလင္းေပးႏိုင္လိမ့္မယ္လို႔ ယူဆပါသတဲ့။Lancet Covid-19 ေကာ္မရွင္ရဲ႕ ဥကၠဌက American economist နဲ႔ ကုလသမဂၢအႀကံေပး Prifessor Jeffery Sachs ပါ။Dr Peter Dazak တို႔အျပင္ zoologists, virologists နဲ႔ geneticists အမ်ားစုကေတာ့ Sars-CoV-2 ဗိုင္းရပ္စ္ဟာ သဘာဝအတိုင္းျဖစ္လာတယ္ဆိုတာကို အခုထိေလ့လာေတြ႕ရွိထားပါတယ္။ လူနဲ႔တိရိစာၦန္ အၾကားကူးစက္မႈ ကို spillover event အျဖစ္ေခၚၾကပါတယ္။သားေမြးထုတ္တဲ့ ေႁမြပါမ်ိဳးႏြယ္ဝင္ေတြျဖစ္တဲ့ ferrets, mink, martens, civets နဲ႔ weasels ေတြကေန လူကိုကူးလြယ္တယ္။မၾကာေသးခင္က နယ္သာလန္က သုေသသနတစ္ခုမွာ mink ေတြေမြးတဲ့။

ေမြးျမဴေရးလုပ္ငန္းတစ္ခုမွာ Sars-CoV-2 ဗိုင္းရပ္စ္ဟာ လူနဲ႔ mink ေတြအၾကား #အျပန္ျပန္အလွန္လွန္ကူးစက္မႈကို အဲ့ဒီေမြးျမဴေရးမွာ ေတြ႕ခဲ့ရၿပီး အဲ့လိုအျပန္ျပန္အလွန္လွန္ကူးစက္ရာမွာ mutations ေတြျဖစ္ေနတာကို ေတြ႕ရပါသတဲ့။ တ႐ုတ္မွာ ferrets, mink, martens , civets နဲ႔ weasels ေမြးျမဴေရးေတြက သားေမြးအတြက္ေရာ၊ တိုင္းရင္းေဆးအတြက္ေရာ ေပါမ်ားပါတယ္။Dr Peter Dazak တို႔က ေထာက္ျပတာ ေနာက္တစ္ခ်က္ ရွိပါေသးတယ္။အခုလိုတိရိစာၦန္ဆီက ေရာဂါပိုးဟာ လူဆီကို ရွားရွားပါးပါး ၁၀ ႏွစ္ ၁ ခါေလာက္ကူးစက္ ၿပီး ကပ္ေရာဂါႀကီးထျဖစ္တယ္လို႔ ထင္ေနတာမွားပါတယ္တဲ့။

တကယ္ေတာ့ ေန႔တိုင္းတိရိစာၦန္ဆီကေနလူဆီကို #ေန႔တိုင္းကူးစက္ ေနတာပါတဲ့။အဓိကက #အဲ့လိုလူနဲ႔သား႐ိုင္းတိရိစာၦန္ထိေတြ႕မႈမွာ ဘယ္ေလာက္ေရာဂါပိုးကူးစက္ဖို႔အခြင့္အေရး (chance)?ရွိသလဲ။အဲ့လိုထိေတြ႕မႈကဘယ္ေလာက္ ေရာဂါပိုးက (replicating quickly) ပြားမ်ားတာျမန္သလဲ။အဲ့ဒီလိုထိေတြ႕ၿပီး ေရာဂါရခဲ့သူက အျခားလူေတြနဲ႔ ထိေတြ႕မႈ (high level of contact) ဘယ္ ေလာက္ရွိသ လဲ။အဲ့ဒီကူးစက္ခံရသူနဲ႔ ေရာဂါပိုးက လူေနထူထပ္တဲ့ၿမိဳ႕ကိုသြားလား။အဲ့ဒီအခ်က္အားလုံးေပါင္းၿပီးမွ ကပ္ေရာဂါက ထျဖစ္ႏိုင္တာပါတဲ့။ က်ေနာ့္ကိုစာေရးေစခ်င္လို႔ လာလာေျပာသူေတြရွိပါတယ္။ အဲ့ဒါေလးထည့္ေျပာပါ့မယ္။

source : Richard Myo Thant

18-September-2020

UNICODE

အခုဖြစ်နေတဲ့ ကိုဗစ်-၁၉ရောဂါလက္ခဏာမျိုး အရင်ကတွေ့ဖူးတယ်လို့ လာပြောသူတစ်ယောက်ရှိပါတယ်။Covid မဖြစ်ခင်မနှစ်က သူတို့ အသိတွေဟာ အဆုတ်ကျပ်ခဲပြီးဘာမှန်းမသိတဲ့ရောဂါနဲ့ လူရွယ်လူလတ်ကနေ ရုတ်တရက်ကြီးသေသွားပါသတဲ့။ပြဿနာက အခုတွေ့ရ တဲ့ Sars-CoV-2 ဗိုင်းရပ်စ်နဲ့ အနီးစပ်ဆုံးပိုးရှိတဲ့ 🦇 လင်းနို့ဟာ ယူနန်ပြည်နယ်ထဲမှာတွေ့တာပါ။အဲ့ဒီလင်းနို့ဟာ မြန်မာအပါအဝင် ဗီ ယက်နမ်အထိ တွေ့ရတဲ့ လင်းနို့တွေပါ။လင်းနို့လင်းဆွဲငှက်တွေကို မြန်မာပြည်နယ်စပ်မှာ သတ်စားသူမနည်းပါ။ ငယ်စဉ်က ကျနော်တို့ အိမ်ဘေးမှာ သတ်စားသူတောင်ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စင်ကာပူမှာ တွေ့ဖူးတယ်။

သူကိုယ်တိုင်ဖြစ်ဖူးတယ်လို့ ပြောတဲ့သူလည်းရှိပါတယ်။အဲ့သည်လိုအမျိုးမျိုးပြောနေကြတာပါ။ကျနော်တို့ဟာ virologist မဟုတ်ပါ။ ဒါပေ မယ့် ဒီဖြစ်ရပ် ကနေပြီး တောရိုင်းတိစ္ဆာန်သတ်စားခြင်းကနေ #အန္တရာယ်ကြီးစွာကပ်ရောဂါဖြစ်နိုင်ကြောင်း သိခဲ့ရပါပြီ။ တရုတ်အစိုးရက လည်း အခုမှဒီကပ်ဘေးကို အချိန်မရွေးထဖြစ်နိုင်မှန်းသတိပြုမိပြီး တရုတ်ပြည်တွင်းမှာ တောရိုင်းတိရိစ္ဆာန်မွေးမြူခြင်းနဲ့ ရောင်းချခြင်းကို တားဆီးမှု လုပ်နေတာဖြစ်ပါတယ်။မြန်မာနယ်စပ်က တောရိုင်း တိရိစ္ဆာန်ဈေးကွက်ဟာ မြန်မာ့ တောရိုင်းမျိုးရင်းတွေမျိုးတုံးမယ့် အန္တ ရာယ်ခြိမ်းခြောက်မှုဖြစ်နေပြီး ကပ်ရောဂါ အချိန်မရွေးထဖြစ်နိုင်တဲ့ time bomb တစ်ခုပါ။

Dr Peter Dazak တို့ Lancet Covid-19 ကော်မရှင်ရဲ့စုံစမ်းစစ်ဆေးမှုကို စောင့်ကြည့်ကြပါစို့။ဘာမှမသိခင် #လေနဲ့သီအိုရီထုတ်နေတာ ရပ်ပြီး နောက်မဖြစ်အောင်နဲ့ အခုကူးစက်မှုဟာ #ကိုယ့်ကြောင့် မဖြစ်အောင် ပိုမိုအာရုံစိုက်သင့်ပါတယ်ခင်ဗျား။ကျနော့်အနေနဲ့ကတော့ အားလုံးသိရအောင် ဘက်စုံထောင့်စုံကနေ စုဆောင်းတင်ပေးနေပါတယ်။အပြည်ပြည်ဆိုင်ရာက သိပ္ပံပညာရှင်တွေ နဲ့ ဇူလိုင်လတုန်း က ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တယ်။🦠 Covid-19 ရောဂါကိုဖြစ်စေတဲ့ Sars-CoV-2 ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းက လွတ်ထွက်လာတာလားက စလို့  Covidဇစ်မြစ်ကို စုံစမ်းစစ်ဆေးမယ့် ကော်မရှင်ဖြစ်တယ်။

ဗြိတိန်က Dr Peter Dazak ကဦးဆောင်ပြီး တိရိစ္ဆာန်က နေလူဆီကူးလာသလားကို ဦးဆောင်စစ်ဆေးနေသူဖြစ်တယ်။▪️Covid ရဲ့ဇစ် မြစ်နဲ့ပတ်သက်ပြီး သိပ္ပံနည်းကျသက်သေအချက်အလက်တွေကို စနစ်တကျစုံစမ်းမယ်လို့ဆိုတယ်။ဖြစ်နိုင်သမျှ သီအိုရီ အားလုံးကို သေ သေချာချာစုံစမ်းစစ်ဆေးပြီး ဒီလိုကပ်ရောဂါမျိုးနောက်မဖြစ်ရအောင် ဦးဆောင်စုံစမ်းခွင့် အာဏာအပ်နှင်းထားခြင်း ခံရသူဖြစ်တယ်။ Covid ကိစ္စမှာ (Conspiracy theorists) ကွန်စပါရစီသီအိုရီသမားတွေသိပ်များတယ်။အဲ့ဒီ #ယုန်ထင်ကြောင်ထင် ကွန်စပါရစီ သီအိုရီ သမားတွေဟာ သူတို့ထင်ထားတာကိုပဲ သိပ်ချဲ့ပြောကြပြီး ဆရာကြီးလို့ထင်ကာကျေနပ်နေကြတယ်။

တကယ့်လက်တွေ့သိပ္ပံနည်းကျချပြသူရှိလာရင် သူတို့ထင်ထားတာမျိုးမဟုတ်ရင် မကျေနပ်ကြဘူးတဲ့။Covid ဇစ်မြစ်ကို အမျိုးမျိူးပြော ကြတယ်။▪️ဒီပိုးဟာ တရုတ်သမ္မတရဲ့လက်ချက်၊(မဖြစ်နိုင်ဘူးလို့သက်သေပြရင် တရုတ်လော်ဘီလို့နာမည်တပ်တယ်။)▪️ဒီပိုးဟာ အ မေရိကန်လက်ချက် စစ်မှုထမ်းဟောင်းအဖွဲ့က မနှစ်ကပွဲမှာ တရုတ်ပြည်ကိုသယ်သွားတာ၊ (မဖြစ်နိုင်တဲ့အချက်ကိုသက်သေပြရင် ထရမ့် နဲ့အမေရိကန်ဘက်တော်သားလို့စွပ်စွဲတယ်။)ဒါကြောင့် Dr Peter Dazak က သူ့ရဲ့သိပ္ပံနည်းကျတွေ့ရှိချက်ကို #နှစ်ဖက်စလုံးက ကွန်စပါ ရစီသီအိုရီသမားတွေက ကြိုဆိုလက်ခံမှာမဟုတ်ဘူးဆိုတာ သူသိထားပါတယ်တဲ့။

သူ့ကို ကြိုတင်တွေးထင်ထားတဲ့ စိတ်ကူးတွေနဲ့ ချည်နှောင်တာလက်ခံမှာမဟုတ်ပါဘူးတဲ့။ (“not be bounded by preconceived ideas”) လို့ပြောသွားတယ်။Would investigate all avenues forensically and “with an open mind.” လို့လည်းပြောသွားတယ်။ သေသေချာချာဉာဏ်ဖွင့်ပြီး မှုခင်းဆေးပညာစုံစမ်းသလို ဘက်စုံထောင့်စုံက စုံစမ်းမယ်ပေါ့။အခုအချိန်အထိ ကောာ်မရှင်ရဲ့တွေ့ရှိချက်က ဘာလဲလို့မေးတော့ ….အခုထိတော့ Sars-CoV-2 ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းထဲက ဖန်တီးယူတာ(သို့) လွတ်ထွက်တဲ့ သက်သေမတွေ့ရ ပဲ သဘာဝအတိုင်းဖြစ်တာကို တွေ့ရပါ တယ်တဲ့။ဒါပေမယ့် ဓာတ်ခွဲခန်းနဲ့ပတ်သက်မှုရှိနိုင်သလားဆိုတဲ့အချက်ကို ထည့်စုံစမ်းမှာဖြစ်ပါသတဲ့။

အခြေအမြစ်မရှိစွပ်စွဲငြင်းခုံမှုတွေကို ရှင်းလင်းပေးနိုင်လိမ့်မယ်လို့ ယူဆပါသတဲ့။Lancet Covid-19 ကော်မရှင်ရဲ့ ဥက္ကဌက American economist နဲ့ ကုလသမဂ္ဂအကြံပေး Prifessor Jeffery Sachs ပါ။Dr Peter Dazak တို့အပြင် zoologists, virologists နဲ့ geneticists အများစုကတော့ Sars-CoV-2 ဗိုင်းရပ်စ်ဟာ သဘာဝအတိုင်းဖြစ်လာတယ်ဆိုတာကို အခုထိလေ့လာတွေ့ရှိထားပါတယ်။ လူနဲ့တိရိစ္ဆာန် အကြားကူးစက်မှု ကို spillover event အဖြစ်ခေါ်ကြပါတယ်။သားမွေးထုတ်တဲ့ မြွေပါမျိုးနွယ်ဝင်တွေဖြစ်တဲ့ ferrets, mink, martens, civets နဲ့ weasels တွေကနေ လူကိုကူးလွယ်တယ်။မကြာသေးခင်က နယ်သာလန်က သုသေသနတစ်ခုမှာ mink တွေမွေးတဲ့။

မွေးမြူရေးလုပ်ငန်းတစ်ခုမှာ Sars-CoV-2 ဗိုင်းရပ်စ်ဟာ လူနဲ့ mink တွေအကြား #အပြန်ပြန်အလှန်လှန်ကူးစက်မှုကို အဲ့ဒီမွေးမြူရေးမှာ တွေ့ခဲ့ရပြီး အဲ့လိုအပြန်ပြန်အလှန်လှန်ကူးစက်ရာမှာ mutations တွေဖြစ်နေတာကို တွေ့ရပါသတဲ့။ တရုတ်မှာ ferrets, mink, martens , civets နဲ့ weasels မွေးမြူရေးတွေက သားမွေးအတွက်ရော၊ တိုင်းရင်းဆေးအတွက်ရော ပေါများပါတယ်။Dr Peter Dazak တို့က ထောက်ပြတာ နောက်တစ်ချက် ရှိပါသေးတယ်။အခုလိုတိရိစ္ဆာန်ဆီက ရောဂါပိုးဟာ လူဆီကို ရှားရှားပါးပါး ၁၀ နှစ် ၁ ခါလောက်ကူးစက် ပြီး ကပ်ရောဂါကြီးထဖြစ်တယ်လို့ ထင်နေတာမှားပါတယ်တဲ့။

တကယ်တော့ နေ့တိုင်းတိရိစ္ဆာန်ဆီကနေလူဆီကို #နေ့တိုင်းကူးစက် နေတာပါတဲ့။အဓိကက #အဲ့လိုလူနဲ့သားရိုင်းတိရိစ္ဆာန်ထိတွေ့မှုမှာ ဘယ်လောက်ရောဂါပိုးကူးစက်ဖို့အခွင့်အရေး (chance)?ရှိသလဲ။အဲ့လိုထိတွေ့မှုကဘယ်လောက် ရောဂါပိုးက (replicating quickly) ပွားများတာမြန်သလဲ။အဲ့ဒီလိုထိတွေ့ပြီး ရောဂါရခဲ့သူက အခြားလူတွေနဲ့ ထိတွေ့မှု (high level of contact) ဘယ် လောက်ရှိသ လဲ။အဲ့ဒီကူးစက်ခံရသူနဲ့ ရောဂါပိုးက လူနေထူထပ်တဲ့မြို့ကိုသွားလား။အဲ့ဒီအချက်အားလုံးပေါင်းပြီးမှ ကပ်ရောဂါက ထဖြစ်နိုင်တာပါတဲ့။ ကျနော့်ကိုစာရေးစေချင်လို့ လာလာပြောသူတွေရှိပါတယ်။ အဲ့ဒါလေးထည့်ပြောပါ့မယ်။

source : Richard Myo Thant

18-September-2020

Add a Comment

Your email address will not be published. Required fields are marked *