ကိုဗစ္အေၾကာင္းျပကာ ေ႐ြးေကာက္ပြဲေ႐ြ႕ဆိုင္းမည္ မဟုတ္ဟု ေကာ္မရွင္ ျပတ္ျပတ္သားသား ေျပာၿပီ

ကြၽန္ေတာ္တို႔ကေ႐ြးေကာက္ပြဲက်င္းပဖို႔အစီအမံေတြ အကုန္လုပ္ထားၿပီးပါၿပီ။ ဆိုေတာ့ covid- 19 ေရာဂါေၾကာင့္ေတာ့ ေ႐ြးေကာက္ပြဲ တစ္ခုလုံးကိုျဖစ္ေစ၊မဲဆႏၵနယ္တစ္နယ္ကိုျဖစ္ေစ၊ေ႐ႊ႕ဖို႔ရန္အေၾကာင္းမရွိပါဘူးခင္ဗ်ာ။covid -19 ေရာဂါပိုးကူးစက္ေနခ်ိန္မွာ ကြၽန္ေတာ္တို႔ က မဲဆႏၵနယ္အသီးသီးမွာ covid 19 ေရမဲေပးၾကမယ့္ မဲဆႏၵရွင္ အသီးသီးအတြက္ အကာအကြယ္ေပးသြားဖို႔စီစဥ္ ေဆာင္႐ြက္ထားတာ ေတြရွိပါတယ္၊

က်န္းမာေရးႏွင့္အား ကစားဝန္ႀကီးဌာနဲ႔ ညႇိႏႈိင္းၿပီးအေကာင္းဆုံး ေဆာင္႐ြက္ထားပါတယ္၊ဒါေၾကာင့္ ေရာဂါကို အေၾကာင္းျပၿပီး ေ႐ြး ေကာက္ပြဲကို ေ႐ႊ႕ဆိုင္းသြားဖို႔မရွိပါ” ဟု ဦးျမင့္ႏိုင္ ကေျပာသည္။ လတ္တေလာျဖစ္ပြားေနသည့္ Covid-19 ကပ္ေရာဂါ အေၾကာင္းျပကာ ၂၀၂၀အေထြေထြ ေ႐ြးေကာက္ပြဲ ေ႐ြ႕ဆိုင္းရန္ အစီအစဥ္မရွိေၾကာင္း ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္တာဝန္ရွိသူက ေျပာၾကား လိုက္သည္။

ယေန႔(စက္တင္ဘာ ၁၉) ယူနက္စကို၏ ပံပိုးကူညီမႈျဖင့္ ျပဳလုပ္ေသာ၂၀၂၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲႏွင့္သတင္းမီဒီယာမ်ား အခန္း က႑အြန္လိုင္းေဆြးေႏြးပြဲတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ဦးျမင့္ႏိုင္ကအထက္ပါအတိုင္း ထည့္သြင္း ေျပာၾကားခဲ့သည္ ။ေ႐ြးေကာက္ပြဲတြင္ သတင္းမီဒီယာမ်ား သတင္းရယူရမည့္ အစီအစဥ္ႏွင့္ ပတ္သက္၍ ျပန္ၾကားေရးဝန္ႀကီးဌာနမွ တဆင့္ ေလွ်ာက္ထား ရမည္ ဟုလည္း ထည့္သြင္း ေျပာၾကားခဲ့သည္။

ထြန္း(ေနျပည္ေတာ္)

UNICODE

ကျွန်တော်တို့ကရွေးကောက်ပွဲကျင်းပဖို့အစီအမံတွေ အကုန်လုပ်ထားပြီးပါပြီ။ ဆိုတော့ covid- 19 ရောဂါကြောင့်တော့ ရွေးကောက်ပွဲ တစ်ခုလုံးကိုဖြစ်စေ၊မဲဆန္ဒနယ်တစ်နယ်ကိုဖြစ်စေ၊ရွှေ့ဖို့ရန်အကြောင်းမရှိပါဘူးခင်ဗျာ။covid -19 ရောဂါပိုးကူးစက်နေချိန်မှာ ကျွန်တော်တို့ က မဲဆန္ဒနယ်အသီးသီးမှာ covid 19 ရေမဲပေးကြမယ့် မဲဆန္ဒရှင် အသီးသီးအတွက် အကာအကွယ်ပေးသွားဖို့စီစဉ် ဆောင်ရွက်ထားတာ တွေရှိပါတယ်၊

ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနဲ့ ညှိနှိုင်းပြီးအကောင်းဆုံး ဆောင်ရွက်ထားပါတယ်၊ဒါကြောင့် ရောဂါကို အကြောင်းပြပြီး ရွေး ကောက်ပွဲကို ရွှေ့ဆိုင်းသွားဖို့မရှိပါ” ဟု ဦးမြင့်နိုင် ကပြောသည်။ လတ်တလောဖြစ်ပွားနေသည့် Covid-19 ကပ်ရောဂါ အကြောင်းပြကာ ၂၀၂၀အထွေထွေ ရွေးကောက်ပွဲ ရွေ့ဆိုင်းရန် အစီအစဉ်မရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်တာဝန်ရှိသူက ပြောကြား လိုက်သည်။

ယနေ့(စက်တင်ဘာ ၁၉) ယူနက်စကို၏ ပံပိုးကူညီမှုဖြင့် ပြုလုပ်သော၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်သတင်းမီဒီယာများ အခန်း ကဏ္ဍအွန်လိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်ကအထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည် ။ရွေးကောက်ပွဲတွင် သတင်းမီဒီယာများ သတင်းရယူရမည့် အစီအစဉ်နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ တဆင့် လျှောက်ထား ရမည် ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ထွန်း(နေပြည်တော်)

Add a Comment

Your email address will not be published. Required fields are marked *