နတ် လည်းမနိုင် သိကြားလည်း မနိုင်တော့ဖြစ်ပြီဗျာ ဆရာဇင်ယော်နီ ရဲ့ တိုက် ခန်း Lock Down တဲ့
REF: SHWE WIKI
UNICODE
ဇင်ယော်နီ ၂၀၂၀ စက်တင်ဘာ ၁၈ ဆိုပြီး ကိုဗစ်မှကင်းဝေးစေကြောင်း ဆုတောင်းကဗျာကိုလည်း ရေးဖွဲ့ထားပါသေးတယ်။ လက်ရှိအချိန် အထိ ကိုဗစ်ကြောင့် ရောဂါပိုးတွေ့သူ လေးထောင်ကျော်နဲ့ သေဆုံးသူ ၆၀ ကျော် ရှိနေပြီဖြစ်ပါ၍ ပြည်သူအများ သတိလက်လွတ်မနေ ကြ ဘဲ စည်းကမ်းတကျ လိုက်နာကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။]
ဆရာဇင်ယော်နီနေထိုင်ရာ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အေးရိပ်မွန် (၁) လမ်း၊ တိုက်နံပါတ် ( ၁၅ ) မှာ Positive လူနာတွေ့လို့ လော့ဒေါင်းချ လိုက်ပြီလို့ ဆရာက သူ့ FBအကောင့်မှာ တင်ထားပါတယ်။ အခုဆိုရင် အဲဒီလမ်းမှာ လော့ဒေါင်းချတာ ဒုတိယအကြိမ်မြောက်လို့လည်း ဆ ရာကပြောထားပါတယ်။
(ကျွန်တော်တို့တိုက်တန်းမှာ positive တွေ့၍ လော့ဒေါင်းအဓိဌာန် ဝင်ရလေပြီ) … တောင်းဆုချွေနှင်း … သြော် … လော့ဒေါင်းပေမင့် မလျှော့ကြောင်းပါကွယ့် မာန်ကိုတင်း။ မော့ခေါင်း တလူလူနဲ့ ဤဇမ္ဗူ ကမ္ဘာတစ်လွှားမှာ နာအဖျားတွေ ကင်းစေကြောင်း တောင်းဆုချွေ နှင်း လို့ ဖော်ပြထားပါတယ်။
REF:  SHWE WIKI
Add a Comment
Your email address will not be published. Required fields are marked *