အဆိုတော်လေးဖြူ ကြောင့် မြန်မာစကား ကို ပိုစိတ်ဝင်စား သွားကြောင်း နယ်သာလန်နိုင်ငံသူလေး မာယာ ပြောပြပြီ




UNICODE

ရော့အဆိုတော်ကြီး “လေးဖြူနဲ့လည်းအပြင်မှာ တွေ့ချင် ပါတယ် ယေမိတ်ဆက်စကားလည်းပြောချင်တယ် တွေ့ခွင့်ရရင်ပေါ့ သူဆိုတဲ့သီ ချင်းဟာ တကယ့်ကို စိတ်ဓာတ် တက်ကြွစရာဖြစ်ပြီး လူသားတွေကို အကျိုးပြုတယ်ဆိုတာလည်းပြောပြချင်ပါတယ်” လို့မာယာ ဆက် လက်ပြောပြသွားခဲ့တာပါ ပရိသတ်ကြီးရေဒါ ကတော့ လေးဖြူကို YouTube ကနေတဆင့်စတင်သိရှိရာကနေ မြန်မာစကားကို ပိုမိုလေ့ လာ ဖြစ်ခဲ့တဲ့အကြောင်း မာယာကပြောပြခဲ့တာပဲဖြစ်ပါတယ်နော်။

လူမှုကွန်ယက်မှာ လူပြောများနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်။နယ်သာလန်သူလေးမာယာကတော့ မြန်မာသီချင်းတွေ ကို သူမရဲ့ အသံချိုချိုလေး နဲ့ ပြန်လည်သီဆိုရာကနေ ပရိသတ်တွေကြားရေပန်းစားနေခဲ့တာပါ သူမပြန်လည်သီဆို ခဲ့တဲ့ Cover Song လေးတွေဟာလည်း ပရိသတ်ရင်ထဲရောက်ရှိခဲ့တာပါယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှု တစ်ခုမှာတော့ မာယာက နာမည်ကျော်အဆိုတော် ကိုလေးဖြူကြောင့် မြန်မာစကားကို ပိုမိုစိတ်ဝင်စားလာခဲ့တယ်လို့ဆိုပါတယ်။

သူမဟာ ကိုလေးဖြူရဲ့ ယုံကြည်ရာ သီချင်းလေးကိုလည်း သူမအသံနဲ့ ပြန်လည်သီဆိုထားခဲ့ပါသေးတယ်။မာယာက “မြန်မာစကား ကို စပြီးလေ့လာတော့ အွန်လိုင်း မှာစပြီး လေ့လာတော့ ပုဂံဘုရားပုံတွေတွေ့ပြီးတကယ်ကို Wow ခနဲဖြစ်ရလောက်အောင် အံ့ဩသဘော ကျခဲ့ပါတယ် နောက်မြန်မာပြည်နဲ့ပတ်သတ်တာတွေ သုတေသနလုပ်တယ် အဲ့မှာလေးဖြူတွေ့တယ် ကျွန်မအသက် ၁၈ နှစ်ပဲ ရှိသေးတယ် ငယ်ငယ်လေးပေါ့ သူ့ရဲ့ယုံကြည်ရာ သီချင်းကို စနားထောငိရတော့ တော်တော်ကြိုက်သွားပြီး မြန်မာစကားကို ပိုလေ့လာ ဖြစ်ခဲ့ပါတယ်” လို့ဆိုလာခဲ့တာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *