အပူပိုင္းမုန္တိုင္း”ႏို(လ္)”(NOUL)သည္ အားေလ်ာ့သြားၿပီး ေလဖိအားနည္းရပ္ဝန္းအျဖစ္ ျမန္မာႏိုင္ငံအတြင္း ျဖတ္ေက်ာ္မည္

မိုးေလ၀သအ‌ေျခအေနမွာ အပူပိုင္းမုန္တိုင္း၏ အရွိန္ေၾကာင့္ ျမန္မာႏိုင္ငံ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္ မိုးႀကီးႏိုင္ပါ သည္။အျမင္တာ ။ (၃)မိုင္၊ မိုး႐ြာစဥ္ မိုင္ဝက္ေအာက္။ေရျပင္ေလ။ အေနာက္ (သို႔) အေနာက္ေတာင္၊ တစ္နာရီပင္လယ္မိုင္ (၂၅-၃၀)မိုင္၊ တစ္ခါတစ္ရံ (၄၀-၄၅)မိုင္။လႈိင္းအ‌ေျခအေန။ လႈိင္းႀကီးရာမွ လႈိင္းအလြန္ႀကီးမည္။လႈိင္းအျမင့္။ (၉)ေပမွ (၁၄)ေပခန္႔ ရွိႏိုင္ပါသည္။

ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားေကာင္းရာမွ အားအလြန္ေကာင္းေနၿပီး၊ က်န္ဘဂၤလား ပင္လယ္ေအာ္တြင္ မုတ္သုံေလ အားနည္းေနပါသည္။ ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၅:၃၀)နာရီ အ ခ်ိန္ တိုင္းထြာခ်က္မ်ားအရ ထိုင္းႏိုင္ငံတြင္ ေရာက္ရွိေနေသာ အပူပိုင္း မုန္တိုင္း”ႏို(လ္)သည္ ကုန္းတြင္းမုန္တိုင္းငယ္အျဖစ္သို႔ အားေလ်ာ့သြားခဲ့ပါသည္။

အဆိုပါ ကုန္းတြင္းမုန္တိုင္းငယ္သည္ အေနာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး ယေန႔မြန္းလြဲပိုင္းတြင္ ျမန္မာႏိုင္ငံ၊ ကရင္ျပည္နယ္ကို ျမဝတီၿမိဳ႕အနီး မွ ေလဖိအားနည္းရပ္ဝန္းအျဖစ္ ျဖတ္ေက်ာ္ႏိုင္သည္ဟု ခန႔္မွန္းရပါသည္။

REF: မိုး/ဇလ

UNICODE

မိုးလေ၀သအ‌ခြေအနေမှာ အပူပိုင်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါ သည်။အမြင်တာ ။ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။ရေပြင်လေ။ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၂၅-၃၀)မိုင်၊ တစ်ခါတစ်ရံ (၄၀-၄၅)မိုင်။လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။လှိုင်းအမြင့်။ (၉)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီ အ ချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အပူပိုင်း မုန်တိုင်း”နို(လ်)သည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ကို မြဝတီမြို့အနီး မှ လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

REF:  မိုး/ဇလ

Add a Comment

Your email address will not be published. Required fields are marked *