(၂၀၂၀)ေ႐ြးေကာက္ပြဲအခ်ိန္မီ မက်င္းပႏိုင္ပါက ကာလုံေခၚၿပီး အေရးေပၚအေျခအေန ေၾကညာရန္ ျပည္ခိုင္ၿဖိဳးပါတီေျပာၿပီ

ကိုဗစ္ေၾကာင့္ ေ႐ြးေကာက္ပြဲ ေနာက္ဆုတ္ရင္ ႏိုင္ငံေရးအရ အက်ပ္အတည္းေတြ၊ မေကာင္းတဲ့အက်ိဳးဆက္ေတြျဖစ္လာမယ္ဆိုတဲ့ အျမင္ အေပၚ ျပည္သူ႔ပါတီကေတာ့ လက္မခံဘူး လို႔ဆိုပါတယ္။ကိုဗစ္ကူးစက္မႈမပ်ံ႕ႏွံ႔ေအာင္ တစ္ရက္ေနာက္ဆုတ္လည္း တစ္ရက္အက်ိဳးရွိတယ္ လို႔ ျပည္သူ႔ပါတီရဲ႕ အေထြေထြအတြင္းေရးမႉး ဦးရဲႏိုင္က ေျပာပါတယ္။ လက္ရွိ ႏိုင္ငံေတာ္ကို တာဝန္ယူထားတဲ့ ယႏၲရားဟာ ေနာက္ထပ္ ယႏၲရားမတက္လာမခ်င္း တာဝန္ယူရမွာ ျဖစ္လို႔ အက်ည္းအတည္းျဖစ္စရာ အေၾကာင္းမရွိဘူးလို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္ (ေမာင္စာဂ)ေရးသားတဲ့ ေဆာင္းပါးကို ကိုးကားၿပီးသူက ေျပာပါတယ္။

ဒါေၾကာင့္ ေကာ္မရွင္အေနနဲ႔ ႏိုင္ငံေရးပါတီေတြ သက္ဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔ ေတြ႕ဆုံၿပီး ေ႐ြးေကာက္ပြဲရက္ကို ျပန္လည္ေဆြးေႏြး သင့္ တယ္လို႔ ျပည္သူ႔ပါတီရဲ႕ အေထြေထြအတြင္းေရးမႉး ဦးရဲႏိုင္က ေျပာပါတယ္။ႀကံ့ခိုင္ေရးပါတီ အပါအဝင္ ၂၄ ပါတီကလည္း ေ႐ြးေကာက္ပြဲ ရက္သတ္မွတ္ထားတာကို ျပန္လည္သုံးသပ္ဖို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ အိတ္ဖြင့္ေပးစာ ေပးပို႔ထားပါတယ္။၂၀၂၀ ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲကို အခ်ိန္မီမက်င္းပႏိုင္ရင္ အေရးေပၚအေျခအေနကို ကာလုံေခၚၿပီး ေၾကညာရမယ္လို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ေျပာပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ျဖစ္ပြားမႈ ျမင့္တက္လာေနတဲ့ အေျခအေနမွာ ႏိုဝင္ဘာ ၈ ရက္ေန႔က်င္းပမယ္လို႔ ေၾကညာထားတဲ့ အေထြ ေထြေ႐ြးေကာက္ပြဲကို ပုံမွန္အတိုင္းက်င္းပလိုတဲ့ ပါတီေတြနဲ႔ ေ႐ြးေကာက္ပြဲကို ေနာက္ဆုတ္က်င္းပခ်င္တဲ့ ပါတီေတြလည္း ရွိေနတာ ပါ။ တည္ဆဲ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေ႐ြးေကာက္ပြဲ အခ်ိန္မီမက်င္းပႏိုင္ရင္ အေရးေပၚအေျခအေနကို ကာလုံေခၚၿပီး ေၾကညာရ မယ္လို႔သာ သိရွိထားတယ္လို႔ ႀကံ့ခိုင္ေရးပါတီက ေျပာခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာပါတယ္။ေ႐ြးေကာက္ပြဲကို ေနာက္ဆုတ္လိုက္ မယ္ ဆိုရင္ ကိုဗစ္ေၾကာင့္ျဖစ္ေနတဲ့ က်န္းမာေရးအက်ပ္အတည္း၊ စီးပြားေရးအက်ပ္အတည္းအျပင္ ႏိုင္ငံေရးအက်ပ္အတည္းပါ။

ထပ္တိုးလာႏိုင္ၿပီး။ပိုႀကီးမားတဲ့အခက္အခဲေတြျဖစ္လာႏိုင္တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္မႈေဆာင္အဖြဲ႕ဝင္ ေဒါက္ တာမ်ိဳးၫြန႔္ကေျပာပါတယ္။ဒါ့အျပင္ ၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းမယ္ဆိုရင္လည္း သတ္မွတ္ထားတဲ့ ႏိုဝင္ဘာ ၈ ရက္ထက္ အလြန္ဆုံး တစ္လခြဲသာ ေနာက္ဆုတ္လို႔ရႏိုင္ၿပီး အဲဒီတစ္လခြဲအတြင္းမွာ ကိုဗစ္-၁၉ ကပ္ေရာဂါကို စိတ္ခ်ရတဲ့အထိ ထိန္းသိမ္းႏိုင္မလားဆိုတဲ့အေပၚကိုလည္း ဘယ္သူမွ အာမမခံႏိုင္ဘူးလို႔ဆိုပါတယ္။အဲဒီတစ္လခြဲထက္ ပိုၿပီး ေ႐ြးေကာက္ပြဲ ေ႐ႊ႕ဆိုင္းရမယ္ ဆိုရင္ လက္ရွိလႊတ္ေတာ္နဲ႔ ေနာက္တက္လာမယ့္ လႊတ္ေတာ္ႏွစ္ရပ္ၾကား မဆက္မိဘဲ ကြာဟသြားတာေတြရွိလာမွာျဖစ္ၿပီး ။

ႏိုင္ငံအုပ္ခ်ဳပ္ေရးမွာ အခက္အခဲျဖစ္လာႏိုင္သလို အဲဒီလို အေျခအေနမ်ိဳးမွာ ႏိုင္ငံေရးအရ က်ယ္ေလာင္လာႏိုင္တယ္လို႔ ေဒါက္တာမ်ိဳးၫြန႔္ ကေျပာပါတယ္။ဒါေၾကာင့္ ႏိုင္ငံေရးအက်ပ္အတည္းေတြမျဖစ္လာခင္ ထိန္းသိမ္းႏိုင္တဲ့အေနအထားမွာပဲ ေ႐ြးေကာက္ပြဲက်င္းပဖို႔ သင့္ ေတာ္တယ္လို႔ ဆိုပါတယ္။ကိုဗစ္-၁၉ အေျခအေနကို နားလည္ေပမယ့္ အဲဒီကပ္ေရာဂါဟာ အခ်ိန္တိုအတြင္း ထိန္းခ်ဳပ္ႏိုင္တဲ့ ေရာဂါမဟုတ္ တဲ့အတြက္ ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းမယ္ဆိုရင္ မလိုလားအပ္တဲ့ မေကာင္းတဲ့အက်ိဳးဆက္ေတြျဖစ္လာမွာကို စိုးရိမ္တယ္လို႔ တိုင္းရင္း သား ပါတီခ်ိဳ႕က ဆိုပါတယ္။ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဒုဥကၠ႒ ဦးစိုင္းၫြန႔္လြင္ကေတာ့ သူတို႔အေနနဲ႔ေ႐ြးေကာက္ပြဲ ေ႐ႊ႕ဆိုင္းတာ၊ မေ႐ႊ႕ဆိုင္းတာေပၚ သေဘာထားမွတ္ခ်က္ မေပးလိုဘူးလို႔ ေျပာပါတယ္။

CRD: THE LIFESTYLE MYANMAR

UNICODE

ကိုဗစ်ကြောင့် ရွေးကောက်ပွဲ နောက်ဆုတ်ရင် နိုင်ငံရေးအရ အကျပ်အတည်းတွေ၊ မကောင်းတဲ့အကျိုးဆက်တွေဖြစ်လာမယ်ဆိုတဲ့ အမြင် အပေါ် ပြည်သူ့ပါတီကတော့ လက်မခံဘူး လို့ဆိုပါတယ်။ကိုဗစ်ကူးစက်မှုမပျံ့နှံ့အောင် တစ်ရက်နောက်ဆုတ်လည်း တစ်ရက်အကျိုးရှိတယ် လို့ ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်က ပြောပါတယ်။ လက်ရှိ နိုင်ငံတော်ကို တာဝန်ယူထားတဲ့ ယန္တရားဟာ နောက်ထပ် ယန္တရားမတက်လာမချင်း တာဝန်ယူရမှာ ဖြစ်လို့ အကျည်းအတည်းဖြစ်စရာ အကြောင်းမရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် (မောင်စာဂ)ရေးသားတဲ့ ဆောင်းပါးကို ကိုးကားပြီးသူက ပြောပါတယ်။

ဒါကြောင့် ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲရက်ကို ပြန်လည်ဆွေးနွေး သင့် တယ်လို့ ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်က ပြောပါတယ်။ကြံ့ခိုင်ရေးပါတီ အပါအဝင် ၂၄ ပါတီကလည်း ရွေးကောက်ပွဲ ရက်သတ်မှတ်ထားတာကို ပြန်လည်သုံးသပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို အချိန်မီမကျင်းပနိုင်ရင် အရေးပေါ်အခြေအနေကို ကာလုံခေါ်ပြီး ကြေညာရမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ဖြစ်ပွားမှု မြင့်တက်လာနေတဲ့ အခြေအနေမှာ နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမယ်လို့ ကြေညာထားတဲ့ အထွေ ထွေရွေးကောက်ပွဲကို ပုံမှန်အတိုင်းကျင်းပလိုတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို နောက်ဆုတ်ကျင်းပချင်တဲ့ ပါတီတွေလည်း ရှိနေတာ ပါ။ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ အချိန်မီမကျင်းပနိုင်ရင် အရေးပေါ်အခြေအနေကို ကာလုံခေါ်ပြီး ကြေညာရ မယ်လို့သာ သိရှိထားတယ်လို့ ကြံ့ခိုင်ရေးပါတီက ပြောခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။ရွေးကောက်ပွဲကို နောက်ဆုတ်လိုက် မယ် ဆိုရင် ကိုဗစ်ကြောင့်ဖြစ်နေတဲ့ ကျန်းမာရေးအကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းအပြင်  နိုင်ငံရေးအကျပ်အတည်းပါ။

ထပ်တိုးလာနိုင်ပြီး။ပိုကြီးမားတဲ့အခက်အခဲတွေဖြစ်လာနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက် တာမျိုးညွန့်ကပြောပါတယ်။ဒါ့အပြင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၈ ရက်ထက် အလွန်ဆုံး တစ်လခွဲသာ နောက်ဆုတ်လို့ရနိုင်ပြီး အဲဒီတစ်လခွဲအတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကို စိတ်ချရတဲ့အထိ ထိန်းသိမ်းနိုင်မလားဆိုတဲ့အပေါ်ကိုလည်း ဘယ်သူမှ အာမမခံနိုင်ဘူးလို့ဆိုပါတယ်။အဲဒီတစ်လခွဲထက် ပိုပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းရမယ် ဆိုရင် လက်ရှိလွှတ်တော်နဲ့ နောက်တက်လာမယ့် လွှတ်တော်နှစ်ရပ်ကြား မဆက်မိဘဲ ကွာဟသွားတာတွေရှိလာမှာဖြစ်ပြီး ။

နိုင်ငံအုပ်ချုပ်ရေးမှာ အခက်အခဲဖြစ်လာနိုင်သလို အဲဒီလို အခြေအနေမျိုးမှာ နိုင်ငံရေးအရ ကျယ်လောင်လာနိုင်တယ်လို့ ဒေါက်တာမျိုးညွန့် ကပြောပါတယ်။ဒါကြောင့် နိုင်ငံရေးအကျပ်အတည်းတွေမဖြစ်လာခင် ထိန်းသိမ်းနိုင်တဲ့အနေအထားမှာပဲ ရွေးကောက်ပွဲကျင်းပဖို့ သင့် တော်တယ်လို့ ဆိုပါတယ်။ကိုဗစ်-၁၉ အခြေအနေကို နားလည်ပေမယ့် အဲဒီကပ်ရောဂါဟာ အချိန်တိုအတွင်း ထိန်းချုပ်နိုင်တဲ့ ရောဂါမဟုတ် တဲ့အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်ဆိုရင် မလိုလားအပ်တဲ့ မကောင်းတဲ့အကျိုးဆက်တွေဖြစ်လာမှာကို စိုးရိမ်တယ်လို့ တိုင်းရင်း သား ပါတီချို့က ဆိုပါတယ်။ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကတော့ သူတို့အနေနဲ့ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာ၊ မရွှေ့ဆိုင်းတာပေါ် သဘောထားမှတ်ချက် မပေးလိုဘူးလို့ ပြောပါတယ်။

CRD:  THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *