သဘောဖြူ မနောဖြူပြီး စိတ်ရင်း ကောင်းလွန်း၍ သီချင်းလေး နဲ့ဂုဏ်ပြု ခံခဲ့ရတဲ့ ဖြူဖြူထွေး(ဗွီဒီယို)






UNICODE

ချစ်စရာကောင်းပြီး ရိုးသား ပွင့်လင်းလွန်းလှတဲ့ ဖြူဖြူထွေးက ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာ မမြင်ရသေးပဲ ပရိသတ်တွေက တကယ့် အနု ပညာရှင်ကြီး တစ်ယောက် လို အားပေးနေကြ တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဖြူဖြူထွေးက သဘောဖြူ မနောဖြူပြီး စိတ်ရင်း ကောင်းလွန်းတဲ့ သူမ ရဲ့အကြောင်းလေးကို သီချင်းလေးနဲ့တကွ ဂုဏ်ပြုခံခဲ့ရတာကို အခုလိုပဲ တွေ့ရပါတယ်။ဖြူဖြူထွေးအတွက် ဂုဏ်ပြု သီချင်းလေး ကို တေးသံရှင် ကိုရနောင်းကနေ သီဆိုပေးထားတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း သီချင်းလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဖြူဖြူထွေးလေးကို ပိုလို့တောင် အချစ်ပိုလို့မယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိ သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ကျောင်းကပွဲ ဗီဒီယို ကနေ တဆင့် နာမည်ကြီးလာပြီး နိုင်ငံကျော်တဲ့အထိဖြစ်လာခဲ့တဲ့ ဖြူဖြူထွေးရဲ့ လျှို့ဝှက်ချက်ကတော့ ရိုးသားဖြူစင်တဲ့ သူမရဲ့ ပုံစံလေး ကြောင့်ပါပဲ။ ဖြူဖြူထွေးက ဆင်းရဲတဲ့ဘဝကနေ ကိုယ်ပိုင်တိုက်တွေကားတွေ ပိုင်ဆိုင်တဲ့အထိ တိုးတက်ချမ်းသာခဲ့ပေမယ့်။

ဂုဏ်မောက်ခြင်း မရှိပဲ သူမရဲ့ ပင်ကိုယ်ပုံစံလေးအတိုင်း ဖြူဖြူစင်စင်ရှိတာမို့ ပရိသတ်တွေက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေး ကလည်း လက်ရှိ အောင်မြင်မှုတွေခံစားရရှိနေတဲ့ နေ့ရက်တိုင်းမှာ သူမကိုယ်သူမ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေလျက် ရှိပါတယ်။

Source: Phyu Phyu Htwe’s fb

Credit – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *