ေရာဂါကူးစက္မႈမ်ားေနတဲ့ ရန္ကုန္မွာ ကိုဗစ္ကို တိုက္ဖို႔ နည္းဗ်ဴဟာ ေျပာင္းလဲ လိုက္တဲ့ အစိုးရ

ရန္ကုန္တိုင္းကို ခြဲျခမ္းစိတ္ျဖာၾကည့္ရင္ တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ကူးစက္မႈက မက်ေသးပါဘူး။ အဲဒီၿမိဳ႕နယ္ေတြကို ေသခ်ာကိုင္တြယ္ရပါ မယ္။ ဥပမာ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ တာေမြၿမိဳ႕နယ္၊ လႈိင္သာယာတို႔ အပါအဝင္ တခ်ိဳ႕ၿမိဳ႕နယ္ေတြပါ။ လသာတို႔ စမ္းေခ်ာင္းတို႔ ဗဟန္း တို႔ကေတာ့ ၁၀ ေယာက္ထက္ ပိုေတြ႕တဲ့ေန႔ မရွိပါဘူး။ ဒီၿမိဳ႕နယ္ေတြက လူေတြက ဒီအတိုင္းပဲ ဆက္လက္ခ်ီတက္ၾကပါ။ အိမ္အျပင္ မ ထြက္ပါနဲ႔။ မေန႔က ရန္ကုန္မွာ စုစုေပါင္း ၅၃၅ ဦးေတြ႕ခဲ့တာ အလြန္မ်ားပါတယ္။ အာဆီယံမွာလဲ အမ်ားဆုံးပါပဲ။ ဒါေၾကာင့္ ကုသေရးေကာ Quarantine ဗ်ဴဟာ ေတြလဲ ျပင္ဆင္ရပါတယ္။ အမိန႔္ေတြကို ပိုတင္းၾကပ္စြာ ထုတ္ျပန္ပါတယ္။ ဘာေတြေျပာင္းသြားလဲ မသိရင္ ေအာက္ ပါရွင္းျပခ်က္ေတြကို ဖတ္ပါ။

Quarantine

ရန္ကုန္နဲ႔ ရခိုင္မွာ Q အစီအစဥ္ကို ေျပာင္းလိုက္ပါတယ္။ ျပည္ေတာ္ျပန္ေတြ နဲ႔ Stay Home ၿမိဳ႕နယ္က လာသူေတြကို FQ မွာ ၇ ရက္ပဲ ထားပါေတာ့မယ္။ ၅ ရက္ေနရင္ swab ယူပါမယ္။ ပိုးမေတြ႕ရင္ Home Q ၇ ရက္ေနလို႔ရပါတယ္။ အိမ္မွာ လူႀကီးမိဘ၊ က်န္းမာေရးမ ေကာင္းသူေတြရွိရင္ေတာ့ FQ မွာ ၇ ရက္ဆက္ေနပါ။ပိုးေတြ႕သူနဲ႔ ထိေတြ႕မိသူ ( Primary Contact) ေတြကိုလဲ FQ မွာ ၇ ရက္ထားပါမယ္ ။ ပထမေန႔နဲ႔ ၅ရက္ေျမာက္နဲ႔ ၇ ရက္ေျမာက္ေန႔အၾကားမွာ swab ၂ ခါ ယူပါမယ္။ ၂ ခါလုံး Negative ဆို အိမ္မွာ ဆက္ Q ပါ။ ပိုးမေတြ႕ေပ မယ့္ က်န္းမာေရးက စိတ္မခ်ရဘူးလို႔ ဆရာဝန္က ဆုံးျဖတ္ရင္ေတာ့ FQ ၇ ရက္ ဆက္ေနရပါမယ္။ ဒီေတာ့ အရင္လို FQ မွာ ၁၄ ရက္ မေနရေတာ့ပါဘူး။ အဆင္ေျပရင္ ၇ ရက္နဲ႔ အိမ္ျပန္ႏိုင္ပါပီ။ေဆး႐ုံတက္ ကုသေနသူေတြအတြက္ေတာ့ ညေနက တင္ခဲ့ပီးျဖစ္လို႔ မေရး ေတာ့ပါဘူး။

Stay at Home အမိန႔္

ဒီအမိန႔္က ပိုတင္းၾကပ္လိုက္တာပါ။ ဒါေပမယ့္ အမ်ားစုက သေဘာ မေပါက္လို႔ လာလာေမးေနၾကလို႔ တတ္ႏိုင္သေလာက္ ရွင္းေအာင္ ေရးၾကည့္ပါမယ္။

(၁) အားလုံးအိမ္မွာပဲေနရပါမယ္။

(၂) အစိုးရဝန္ထမ္းဆို ၂ ပတ္႐ုံးတက္၊ ၂ ပတ္ အိမ္မွာေနစနစ္နဲ႔ သြားရပါမယ္။

(၃) ဘဏ္နဲ႔ ေငြေၾကးလုပ္ငန္း၊ စက္သုံးဆီဆိုင္၊ စားေသာက္ကုန္နဲ႔ သားငါး အေအးခန္းလုပ္ငန္း၊ ေဆးနဲ႔ ေဆးပစၥည္းျဖန႔္ျဖဴးေရးလုပ္ငန္း၊ ေရသန႔္ထုတ္လုပ္ေရး၊ ေန႔စဥ္တကိုယ္ရည္သုံးပစၥည္းထုတ္လုပ္သည့္လုပ္ငန္းေတြက ဝန္ထမ္းေတြကေတာ့ အလုပ္သြားရပါမယ္။

(၄) အဲဒီလုပ္ငန္းေတြမဟုတ္တဲ့ က်န္တဲ့ Company၊ ေက်ာင္း၊ သင္တန္းေတြ၊ အဖြဲ႕အစည္းေတြ အကုန္လုံးက Work from Home ရပါမယ္။ အလုပ္သြားပီး လူမစုရပါဘူး။ ဘယ္ေန႔ထိလဲဆို ေနာက္တခါ မေၾကညာေသးသေ႐ြ႕ပါ။

(၅) CMP စက္႐ုံေတြ၊ အလုပ္႐ုံေတြ ( အထည္ခ်ဳပ္အမ်ားစု) က အလုပ္သမားေတြကေတာ့ ၂၄.၉.၂၀၂၀ ကေန ၇.၁၀.၂၀၂၀ ထိ အလုပ္သြား ဖို႔ မလိုပါ။ ပိတ္ပါတယ္။ အိမ္မွာပဲေနပါ။ စက္႐ုံကေန အစုလိုက္အၿပဳံလိုက္ ကူးမွာစိုးလို႔ပါ။

(၆) အျပင္ထြက္ရင္ Mask တပ္ပါ။

(၇) အေပၚက အလုပ္သြားရမယ့္ ဝန္ထမ္းေတြရဲ႕ ယာဥ္ေတြနဲ႔၊ က်န္းမာေရးဝန္ထမ္းေတြရဲ႕ ကား၊ Volunteer ကူညီေနတဲ့ ပရဟိတကား ေတြကိုပဲ မိမိရပ္ကြက္ကို ေက်ာ္လြန္ပီး သြားလာလို႔ခြင့္ျပဳပါတယ္။ အိမ္စီးကားေတြ၊ အျခားကားေတြ ေလွ်ာက္သြားေနလို႔မရပါ။

(၈) ေဈးဝယ္လို႔ရပါတယ္။ တအိမ္ကို တေယာက္ပဲ ဆင္းဝယ္ပါ။ ယာဥ္ေမာင္းေခၚမယ္ဆို ကားေပၚမွာ ယာဥ္ေမာင္းနဲ႔ ၁ဦး၊ ေဆး႐ုံလာ မယ္ဆို ယာဥ္ေမာင္းနဲ႔ အျခား ၂ဦးပဲ ကားေပၚလိုက္ပါလို႔ရပါမယ္။

(၉) အကယ္လို႔ ကားေပၚ သက္မွတ္လူဦးေရထက္ပိုပီး လိုက္ပါရမယ့္ ကိစၥရွိရင္ ရပ္ကြက္႐ုံးကို အသိေပးပါ။ ခြင့္ျပဳခ်က္ယူပီးမွ သြားပါ။ အျပန္မွာလဲ ရပ္ကြက္က မဟုတ္တဲ့ လူပိုေတြ ေခၚမလာပါနဲ႔။ ရပ္ကြက္ေတြထဲ ဝင္ခြင့္ေပးမွာ မဟုတ္ပါဘူး။

ဒီေလာက္ဆို သေဘာေပါက္ၾကမယ္ထင္ပါတယ္။ ဒါဆို လူေတြ ဒီလိုေနမေန ဘယ္သူက ေစာင့္ၾကပ္ၾကည့္ရႉမလဲဆိုရင္ အခုလို စီစဥ္ထားပါ တယ္။ ရပ္ကြက္ေတြမွာ အုပ္ခ်ဳပ္ေရးအာဏာပိုင္ ၁ ဦး၊ က်န္းမာေရးဝန္ထမ္း ၁ ဦးနဲ႔ ေစတနာ့ဝန္ထမ္း (၁၀ ဦးကေန ၁၅ ဦး) အထိ ပါဝင္တဲ့ အဖြဲ႕ငယ္ေတြ ဖြဲ႕ပါမယ္။ ရပ္ကြက္ထဲမွာ Q ထားတဲ့သူ ေတြရဲ႕ အမည္၊ အသက္၊ လိပ္စာေတြကို စာရင္းျပဳစုပါမယ္။ လိုအပ္တာေတြကို သူတို႔ ကို ဆက္သြယ္ပီး အကူအညီေတာင္းပါ။ ေနထိုင္မေကာင္းရင္ က်န္းမာေရးဝန္ထမ္းကို ဆက္သြယ္ပါ။ ႀကိဳတင္စီစဥ္ထားတဲ့အတိုင္း Ambulance ေရာက္လာပီး ေဆး႐ုံ သို႔ အေဆာက္အဦးတခုကို ေခၚေဆာင္ပီး ကုသေပးပါမယ္။

ဒီေလာက္ဆို အားလုံးလဲ ေျပာင္းလဲလိုက္တဲ့ ဗ်ဴဟာသစ္အေၾကာင္းကို သေဘာေပါက္ၾကမယ္ထင္ပါတယ္။ ရန္ကုန္ဟာ ေမွာင္မိုက္တဲ့ ေန႔ရက္ေတြကို ျဖတ္သန္းေနရပါတယ္။ က်န္းမာေရးဝန္ထမ္းေတြဟာ အေမွာင္ဆုံးအခ်ိန္ေတြကို ေက်ာ္ျဖတ္ရင္း ေရာဂါပိုးကို ႀကံ့ႀကံ့ ခိုင္ေနပါတယ္။ အခု အစီအစဥ္ဟာ အေျခခံလူ တန္းစားကို ထိခိုက္ ႏိုင္ေပမယ့္ လူ႔အသက္ေပါင္းမ်ားစြာကို ကယ္တင္ႏိုင္ဖို႔ ဆုံးျဖတ္ လိုက္ၾကရတာျဖစ္ပါတယ္။ အားလုံးေတာင့္ထားပါ။ ေဆး႐ုံ၊ ေဆးခန္းေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြကို လိုအပ္တာေတြ ကူညီလႉဒါန္း ေပးၾကလို႔လဲ ေက်းဇူးတင္ပါတယ္။ က်ေနာ္တို႔ ဆက္လက္တိုက္ပြဲဝင္ၾကပါမယ္။

ျပည္သူေတြက အိမ္ထဲေနျခင္းအားျဖင့္၊ တတ္ႏိုင္တဲ့ဘက္က လႉဒါန္းျခင္း၊ ပရဟိတအေနနဲ႔ ပါဝင္ျခင္းေတြနဲ႔ ရင္ဆိုင္ၾကပါမယ္။ ဒီစည္းကမ္းအသစ္ေတြကို လိုက္နာျခင္းျဖင့္ က်ေနာ္တို႔ဟာ သီတင္းကြၽတ္မတိုင္ခင္ ဒီေရာဂါကို ၿငိမ္သက္ေအာင္ ထိန္းႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ စိတ္မပ်က္ပါနဲ႔။ စိတ္ဓာတ္မက်ပါနဲ႔။ အႏိုင္ရမယ္လို႔ ယုံၾကည္ပါ။ မနက္ျဖန္ကစ ဗ်ဴဟာအသစ္၊ စစ္မ်က္ႏွာအသစ္နဲ႔ ရန္သူကို အျပင္းအထန္ တိုက္ထုတ္ၾကမယ္။

ရန္ကုန္ၿမိဳ႕ ရဲ႕ ေရာဂါကူး စက္မႈအေျခအေနက မထိန္းခ်ဳပ္ႏိုင္ေသးပါဘူး။ ပိုေတာင္ျမင့္တက္လာပါတယ္။ ဒါကေတာ့ မထိန္းႏိုင္ရင္ ျမင့္ တက္လာမွာက သဘာဝပါ။ ဒါေၾကာင့္ ေသႏႈန္းလဲ မ်ားလာပါတယ္။ ေဆး႐ုံသစ္ေတြ တိုးခ်ဲ႕ေနေပမယ့္ ကုသေပးမယ့္ ဆရာဝန္အင္အားက ေတာ့ အမ်ားႀကီး တိုးမလာႏိုင္ပါဘူး။ ဒါေၾကာင့္ ဗ်ဴဟာေတြ အမ်ားႀကီးေျပာင္းလဲဖို႔ လိုလာပါတယ္။ တင္းၾကပ္ဖို႔လဲ လိုလာပါတယ္။ ရန္ ကုန္ကေဆး႐ုံသစ္ေတြ အားလုံးေပါင္းပါမွ ကုတင္ ၄၀၀ ေက်ာ္ေလာက္ပဲ ပိုပါေတာ့တယ္။ တခ်ိဳ႕ေဆး႐ုံေတြကလဲ ေဆာက္ေနဆဲပါ။ ရန္ ကုန္ေဆး႐ုံႀကီးအပါအဝင္ ေဆး႐ုံေတြမွာ လူနာေတြကို ကားႀကီးေတြနဲ႔ အုပ္စုလိုက္သယ္သြား၊ လူနာသစ္ေတြက အုပ္စုလိုက္ ထပ္ေရာက္လာလိုက္၊ ထပ္ေခၚသြားလိုက္နဲ႔ ျမင္ကြင္းက ခ်မ္းေျမ့စဖြယ္မရွိပါဘူး။

လိုက္လံေခၚယူေနရတဲ့ လူေတြလဲ ခ်က္ျခင္းမေခၚယူႏိုင္ေတာ့ပါဘူး။ ဆရာဝန္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြကေတာ့ ဇြဲ၊ လုံလနဲ႔ ဝိရိယ ကို မေလွ်ာ့ပဲ ေျခကုန္လက္ပန္းက်ေနတဲ့ၾကားထဲကေန စိတ္အားတင္းပီး တာဝန္ထမ္းေနၾကတုန္း ပါပဲ။

အေမွာင္ဆုံးအခ်ိန္ဆိုတာ မိုးမေသာက္ခင္ ႀကဳံရစၿမဲပဲ။

ၿပီးရင္ေတာ့ ေရာင္နီကို ျမင္ရမယ္။

Nay Thway

UNICODE

ရန်ကုန်တိုင်းကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် တချို့မြို့နယ်တွေမှာ ကူးစက်မှုက မကျသေးပါဘူး။ အဲဒီမြို့နယ်တွေကို သေချာကိုင်တွယ်ရပါ မယ်။ ဥပမာ သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ လှိုင်သာယာတို့ အပါအဝင် တချို့မြို့နယ်တွေပါ။ လသာတို့ စမ်းချောင်းတို့ ဗဟန်း တို့ကတော့ ၁၀ ယောက်ထက် ပိုတွေ့တဲ့နေ့ မရှိပါဘူး။ ဒီမြို့နယ်တွေက လူတွေက ဒီအတိုင်းပဲ ဆက်လက်ချီတက်ကြပါ။ အိမ်အပြင် မ ထွက်ပါနဲ့။ မနေ့က ရန်ကုန်မှာ စုစုပေါင်း ၅၃၅ ဦးတွေ့ခဲ့တာ အလွန်များပါတယ်။ အာဆီယံမှာလဲ အများဆုံးပါပဲ။ ဒါကြောင့် ကုသရေးကော Quarantine ဗျူဟာ တွေလဲ ပြင်ဆင်ရပါတယ်။ အမိန့်တွေကို ပိုတင်းကြပ်စွာ ထုတ်ပြန်ပါတယ်။ ဘာတွေပြောင်းသွားလဲ မသိရင် အောက် ပါရှင်းပြချက်တွေကို ဖတ်ပါ။

Quarantine

ရန်ကုန်နဲ့ ရခိုင်မှာ Q အစီအစဉ်ကို ပြောင်းလိုက်ပါတယ်။ ပြည်တော်ပြန်တွေ နဲ့ Stay Home မြို့နယ်က လာသူတွေကို FQ မှာ ၇ ရက်ပဲ ထားပါတော့မယ်။ ၅ ရက်နေရင် swab ယူပါမယ်။ ပိုးမတွေ့ရင် Home Q ၇ ရက်နေလို့ရပါတယ်။ အိမ်မှာ လူကြီးမိဘ၊ ကျန်းမာရေးမ ကောင်းသူတွေရှိရင်တော့ FQ မှာ ၇ ရက်ဆက်နေပါ။ပိုးတွေ့သူနဲ့ ထိတွေ့မိသူ ( Primary Contact) တွေကိုလဲ FQ မှာ ၇ ရက်ထားပါမယ် ။ ပထမနေ့နဲ့ ၅ရက်မြောက်နဲ့ ၇ ရက်မြောက်နေ့အကြားမှာ swab ၂ ခါ ယူပါမယ်။ ၂ ခါလုံး Negative ဆို အိမ်မှာ ဆက် Q ပါ။ ပိုးမတွေ့ပေ မယ့် ကျန်းမာရေးက စိတ်မချရဘူးလို့ ဆရာဝန်က ဆုံးဖြတ်ရင်တော့ FQ ၇ ရက် ဆက်နေရပါမယ်။ ဒီတော့ အရင်လို FQ မှာ ၁၄ ရက် မနေရတော့ပါဘူး။ အဆင်ပြေရင် ၇ ရက်နဲ့ အိမ်ပြန်နိုင်ပါပီ။ဆေးရုံတက် ကုသနေသူတွေအတွက်တော့ ညနေက တင်ခဲ့ပီးဖြစ်လို့ မရေး တော့ပါဘူး။

Stay at Home အမိန့်

ဒီအမိန့်က ပိုတင်းကြပ်လိုက်တာပါ။ ဒါပေမယ့် အများစုက သဘော မပေါက်လို့ လာလာမေးနေကြလို့ တတ်နိုင်သလောက် ရှင်းအောင် ရေးကြည့်ပါမယ်။

(၁) အားလုံးအိမ်မှာပဲနေရပါမယ်။

(၂) အစိုးရဝန်ထမ်းဆို ၂ ပတ်ရုံးတက်၊ ၂ ပတ် အိမ်မှာနေစနစ်နဲ့ သွားရပါမယ်။

(၃) ဘဏ်နဲ့ ငွေကြေးလုပ်ငန်း၊ စက်သုံးဆီဆိုင်၊ စားသောက်ကုန်နဲ့ သားငါး အအေးခန်းလုပ်ငန်း၊ ဆေးနဲ့ ဆေးပစ္စည်းဖြန့်ဖြူးရေးလုပ်ငန်း၊ ရေသန့်ထုတ်လုပ်ရေး၊ နေ့စဉ်တကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းတွေက ဝန်ထမ်းတွေကတော့ အလုပ်သွားရပါမယ်။

(၄) အဲဒီလုပ်ငန်းတွေမဟုတ်တဲ့ ကျန်တဲ့ Company၊ ကျောင်း၊ သင်တန်းတွေ၊ အဖွဲ့အစည်းတွေ အကုန်လုံးက Work from Home ရပါမယ်။ အလုပ်သွားပီး လူမစုရပါဘူး။ ဘယ်နေ့ထိလဲဆို နောက်တခါ မကြေညာသေးသရွေ့ပါ။

(၅) CMP စက်ရုံတွေ၊ အလုပ်ရုံတွေ ( အထည်ချုပ်အများစု) က အလုပ်သမားတွေကတော့ ၂၄.၉.၂၀၂၀ ကနေ ၇.၁၀.၂၀၂၀ ထိ အလုပ်သွား ဖို့ မလိုပါ။ ပိတ်ပါတယ်။ အိမ်မှာပဲနေပါ။ စက်ရုံကနေ အစုလိုက်အပြုံလိုက် ကူးမှာစိုးလို့ပါ။

(၆) အပြင်ထွက်ရင် Mask တပ်ပါ။

(၇) အပေါ်က အလုပ်သွားရမယ့် ဝန်ထမ်းတွေရဲ့ ယာဉ်တွေနဲ့၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကား၊ Volunteer ကူညီနေတဲ့ ပရဟိတကား တွေကိုပဲ မိမိရပ်ကွက်ကို ကျော်လွန်ပီး သွားလာလို့ခွင့်ပြုပါတယ်။ အိမ်စီးကားတွေ၊ အခြားကားတွေ လျှောက်သွားနေလို့မရပါ။

(၈) ဈေးဝယ်လို့ရပါတယ်။ တအိမ်ကို တယောက်ပဲ ဆင်းဝယ်ပါ။ ယာဉ်မောင်းခေါ်မယ်ဆို ကားပေါ်မှာ ယာဉ်မောင်းနဲ့ ၁ဦး၊ ဆေးရုံလာ မယ်ဆို ယာဉ်မောင်းနဲ့ အခြား ၂ဦးပဲ ကားပေါ်လိုက်ပါလို့ရပါမယ်။

(၉) အကယ်လို့ ကားပေါ် သက်မှတ်လူဦးရေထက်ပိုပီး လိုက်ပါရမယ့် ကိစ္စရှိရင် ရပ်ကွက်ရုံးကို အသိပေးပါ။ ခွင့်ပြုချက်ယူပီးမှ သွားပါ။ အပြန်မှာလဲ ရပ်ကွက်က မဟုတ်တဲ့ လူပိုတွေ ခေါ်မလာပါနဲ့။ ရပ်ကွက်တွေထဲ ဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး။

ဒီလောက်ဆို သဘောပေါက်ကြမယ်ထင်ပါတယ်။ ဒါဆို လူတွေ ဒီလိုနေမနေ ဘယ်သူက စောင့်ကြပ်ကြည့်ရှူမလဲဆိုရင် အခုလို စီစဉ်ထားပါ တယ်။ ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးအာဏာပိုင် ၁ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ ဦးနဲ့ စေတနာ့ဝန်ထမ်း (၁၀ ဦးကနေ ၁၅ ဦး) အထိ ပါဝင်တဲ့ အဖွဲ့ငယ်တွေ ဖွဲ့ပါမယ်။ ရပ်ကွက်ထဲမှာ Q ထားတဲ့သူ တွေရဲ့ အမည်၊ အသက်၊ လိပ်စာတွေကို စာရင်းပြုစုပါမယ်။ လိုအပ်တာတွေကို သူတို့ ကို ဆက်သွယ်ပီး အကူအညီတောင်းပါ။ နေထိုင်မကောင်းရင် ကျန်းမာရေးဝန်ထမ်းကို ဆက်သွယ်ပါ။ ကြိုတင်စီစဉ်ထားတဲ့အတိုင်း Ambulance ရောက်လာပီး ဆေးရုံ သို့ အဆောက်အဦးတခုကို ခေါ်ဆောင်ပီး ကုသပေးပါမယ်။

ဒီလောက်ဆို အားလုံးလဲ ပြောင်းလဲလိုက်တဲ့ ဗျူဟာသစ်အကြောင်းကို သဘောပေါက်ကြမယ်ထင်ပါတယ်။ ရန်ကုန်ဟာ မှောင်မိုက်တဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ အမှောင်ဆုံးအချိန်တွေကို ကျော်ဖြတ်ရင်း ရောဂါပိုးကို ကြံ့ကြံ့ ခိုင်နေပါတယ်။ အခု အစီအစဉ်ဟာ အခြေခံလူ တန်းစားကို ထိခိုက် နိုင်ပေမယ့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ ဆုံးဖြတ် လိုက်ကြရတာဖြစ်ပါတယ်။ အားလုံးတောင့်ထားပါ။ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လိုအပ်တာတွေ ကူညီလှူဒါန်း ပေးကြလို့လဲ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်ကြပါမယ်။

ပြည်သူတွေက အိမ်ထဲနေခြင်းအားဖြင့်၊ တတ်နိုင်တဲ့ဘက်က လှူဒါန်းခြင်း၊ ပရဟိတအနေနဲ့ ပါဝင်ခြင်းတွေနဲ့ ရင်ဆိုင်ကြပါမယ်။ ဒီစည်းကမ်းအသစ်တွေကို လိုက်နာခြင်းဖြင့် ကျနော်တို့ဟာ သီတင်းကျွတ်မတိုင်ခင် ဒီရောဂါကို ငြိမ်သက်အောင် ထိန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စိတ်မပျက်ပါနဲ့။ စိတ်ဓာတ်မကျပါနဲ့။ အနိုင်ရမယ်လို့ ယုံကြည်ပါ။ မနက်ဖြန်ကစ ဗျူဟာအသစ်၊ စစ်မျက်နှာအသစ်နဲ့ ရန်သူကို အပြင်းအထန် တိုက်ထုတ်ကြမယ်။

ရန်ကုန်မြို့ ရဲ့ ရောဂါကူး စက်မှုအခြေအနေက မထိန်းချုပ်နိုင်သေးပါဘူး။ ပိုတောင်မြင့်တက်လာပါတယ်။ ဒါကတော့ မထိန်းနိုင်ရင် မြင့် တက်လာမှာက သဘာဝပါ။ ဒါကြောင့် သေနှုန်းလဲ များလာပါတယ်။ ဆေးရုံသစ်တွေ တိုးချဲ့နေပေမယ့် ကုသပေးမယ့် ဆရာဝန်အင်အားက တော့ အများကြီး တိုးမလာနိုင်ပါဘူး။ ဒါကြောင့် ဗျူဟာတွေ အများကြီးပြောင်းလဲဖို့ လိုလာပါတယ်။ တင်းကြပ်ဖို့လဲ လိုလာပါတယ်။ ရန် ကုန်ကဆေးရုံသစ်တွေ အားလုံးပေါင်းပါမှ ကုတင် ၄၀၀ ကျော်လောက်ပဲ ပိုပါတော့တယ်။ တချို့ဆေးရုံတွေကလဲ ဆောက်နေဆဲပါ။ ရန် ကုန်ဆေးရုံကြီးအပါအဝင် ဆေးရုံတွေမှာ လူနာတွေကို ကားကြီးတွေနဲ့ အုပ်စုလိုက်သယ်သွား၊ လူနာသစ်တွေက အုပ်စုလိုက် ထပ်ရောက်လာလိုက်၊ ထပ်ခေါ်သွားလိုက်နဲ့ မြင်ကွင်းက ချမ်းမြေ့စဖွယ်မရှိပါဘူး။

လိုက်လံခေါ်ယူနေရတဲ့ လူတွေလဲ ချက်ခြင်းမခေါ်ယူနိုင်တော့ပါဘူး။ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဇွဲ၊ လုံလနဲ့ ဝိရိယ ကို မလျှော့ပဲ ခြေကုန်လက်ပန်းကျနေတဲ့ကြားထဲကနေ စိတ်အားတင်းပီး တာဝန်ထမ်းနေကြတုန်း ပါပဲ။

အမှောင်ဆုံးအချိန်ဆိုတာ မိုးမသောက်ခင် ကြုံရစမြဲပဲ။

ပြီးရင်တော့ ရောင်နီကို မြင်ရမယ်။

Nay Thway

Add a Comment

Your email address will not be published. Required fields are marked *