(၂၁-၉-၂၀၂၀)ည (၈:၀၀)နာရီCOVID-19 အတည်ပြုလူနာ(၃၄၆)ဦး ထပ်တွေ့ကြောင်း သတင်းထုတ်ပြန်






REF: MINISTRY OF HEALTH

UNICODE

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၁,၄၄၅) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
(၂၁-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ထပ်မံ သေဆုံးသူ (၁) ဦးရှိပါသည်။ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေ ဆုံးသူပေါင်း (၉၈)ဦး ရှိပြီဖြစ်ပါသည်။ (၂၀-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၁-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီ အတွင်း တွေ့ရှိရသော စောင့်ကြည့် လူနာအသစ် (၃၄၅) ဦးရှိပါသည်။

(၂၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ ည (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၇၃၈)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ (၃၇၉) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၇၅) ခု၊ ပြည်သူ့ကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၁၈၆) ခု၊

ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၁၅) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊ပြည်သူ့ဆေးရုံကြီး၊ တာချီလိတ်မြို့မှ ဓာတ်ခွဲနမူ နာ (၂) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကျိုင်းတုံမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၉) ခု၊ ပြည်သူ့ဆေးရုံကြီး၊ တီးတိန်မြို့မှ ဓာတ်ခွဲနမူနာ (၁၁ ) ခု၊ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၅) ခု။

ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊ ပြည်သူ့ဆေးရုံကြီး၊ မကွေး မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှဓာတ်ခွဲနမူနာ (၅၄၅)ခုနှင့် စစ်တွေမြို့၊ အမှတ် (၁၇) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀) မှ ဓာတ်ခွဲနမူနာ (၆) ခု စုစုပေါင်း (၂,၄၃၉)ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ –

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၄၆) ဦး တွေ့ရှိရပါသည်။(၂၁-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၆,၁၅၁) ဦး ရှိပြီ ဖြစ်ပါသည်။

REF:  MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *