ကိုဗစ္ ကို တိုက္ထုတ္ မယ့္ မဟာဗ်ဴဟာ အသစ္ နဲ႔ လမ္းေၾကာင္း မွန္ေပၚ ေရာက္လာ တဲ့ ျမန္မာျပည္၏ လက္ရွိအေျခေန

ကိုဗစ္နဲ႔ ပတ္သက္ၿပီး မျပတ္မသား အီလည္လည္ျဖစ္ေနတဲ့ အခ်က္ကို ျမန္ျမန္ ျပဳျပင္ေျပာင္းလဲတာနဲ႔တင္ အေတာ္အဆင္ေျပသြားမွာပါ။ ဆရာေဇာ္ဟာ အ လုပ္ကိုအားသြန္ခြန္စိုက္ အၿမဲရွိၿပီး အငယ္ေတြကို အလြန္ေမာင္းတတ္ၿပီး သင္ၾကားေလ့က်င့္ေပးမႈ အလြန္ေကာင္း သူပါ။ ဆရာအေၾကာင္း YGH ကဆရာဝန္ေတြ အကုန္သိပါတယ္။ ကြၽန္ေတာ္တို႔ ငယ္စဥ္ကလဲ ဆရာေဇာ္က အလြန္ေမာင္းေပါ့။ နံနက္ခင္း ၅/၆ audit မွာ အၿမဲ ဆရာေဇာ္အသံ လႊမ္းမိုးတာပဲ။မွန္ကန္တဲ့ လမ္းေၾကာင္းေပၚကို စတင္ေလွ်ာက္လွမ္းၿပီလို႔ ခံစားရပါတယ္။ ေနာက္ဆုံး lockdown အသစ္ရဲ႕ ထိေရာက္မႈကေတာ့ ျမင္ရဖို႔ ေစာင့္ရအုန္းမွာပါ။

ဆက္လက္ၿပီး လက္ေတြ႕ေျမျပင္အေျခအေနကို သိၿပီး ရဲရဲရင့္ရင့္ အေျပာင္းအလဲေတြ ဆက္လုပ္ဖို႔လဲ ဆႏၵျပဳပါတယ္။ ေခါင္းေဆာင္မႈ ေကာင္းရင္ ေအာက္ေျခကလူ အားရွိၿပီး တက္ႂကြပါတယ္။ကိုဗစ္ ကို ကိုင္တြယ္ဖို႔ မဟာဗ်ဴဟာ strategy နဲ႔ အဂၢမဟာ ဗ်ဴဟာ grand strategy လိုမယ္လို႔ ကြၽန္ေတာ္တခါ ေရးခဲ့ဘူးပါတယ္။ မဟာဗ်ဴဟာကေတာ့ ကိုဗစ္ကို ထိမ္းခ်ဳပ္ႏိုင္ေရးျဖစ္ၿပီး အဂၢမဟာဗ်ဴဟာကေတာ့ ကိုဗစ္ကို ေရရွည္ထိမ္းခ်ဳပ္ထားၿပီး တိုင္းျပည္ရဲ႕ ေရရွည္ ႏိုင္ငံေရး၊ စီးပြါးေရး၊ လူမႈေရးတည္ၿငိမ္ၿပီး နလံျပန္ထူမယ့္ အစီအမံ ျဖစ္ပါလိမ့္ မယ္။ကိုဗစ္ ပထမလႈိင္းမွာ လူနာနည္းလို႔ ဘာမွ သိပ္ေျပာစရာမရွိေပမယ့္ ဒုတိယလႈိင္းမွာ ပထမလႈိင္းပုံစံအတိုင္း ၾကမ္းၾကမ္းၾကာၾကာ။

Q ၿပီး ပိုးေတြ႕လူကုန္ ေဆး႐ုံတင္ေနတာကို ကြၽန္ေတာ္ အေတာ္သေဘာမတူျဖစ္ၿပီး Q policy နဲ႔ ေဆး႐ုံတင္ criteria ေျပာင္းဖို႔ စာေတြ အမ်ားႀကီး ေရးခဲ့ပါတယ္။ပထမ Q ကို ၂၈ ရက္ ကေန ၂၁ ရက္ေလ်ာ့ ပါတယ္။ အခု ရန္ကုန္တိုင္းကို ဆရာဦးေဇာ္ေဝစိုး ထိထိမိမိ ကိုင္မယ္ ဆိုတဲ့အခ်ိန္မွာလဲ ဆရာႀကီးက containment ဆက္သြားမယ္ေျပာၿပီး ယာယီေဆး႐ုံေတြ၊ Q စင္တာေတြ ထပ္မံၿပီး အမ်ားအျပားတိုး ခ်ဲ႕ မယ္ ေျပာတာေၾကာင့္ ဒီလမ္းေဟာင္းပဲ ထပ္တလဲလဲ လိုက္ေတာ့မလားဆိုၿပီး စိတ္ပူေနခဲ့ပါတယ္။ဒါေပမယ့္ ဆရာေဇာ္က ဆရာဝန္ေလာ က အေၾကာင္း သိသူပီပီ ဘယ္က ဆရာဝန္ေတြကို ဆြဲထုတ္ရမယ္ဆိုတာကိုေတာ့ ေကာင္းေကာင္း ကြၽမ္းက်င္ၿပီး အင္အားစုစည္းခဲ့ပါတယ္။

containment ဆိုတဲ့ အေပၚကခ်ေပးတဲ့ မဟာဗ်ဴဟာကို ဆက္ကိုင္ထားေပမယ့္ နည္းဗ်ဴဟာ အေျပာင္းအလဲနဲ႔ မႏိုင္ဝန္ေတြကို ေလ်ာ့ပစ္ တာ ဒီေန႔ ျမင္ရပါၿပီ။ အထက္ကိုလဲ ျဖစ္ေနတဲ့ အေျခအေန အမွန္ေတြ ေျပာျပခဲ့တယ္လို႔ ယုံၾကည္ပါတယ္။ ခ်ီးက်ဴးစရာ ေကာင္းတာက ဆရာႀကီး လက္ထဲ စီမံခန႔္ခြဲမႈ ေရာက္ၿပီးေနာက္ပိုင္းမွာ အလြန္ထိေရာက္တဲ့ အေျပာင္းအလဲကို စတင္လုပ္ေဆာင္ခဲ့တယ္။ အေျပာင္းအလဲ က အေကာင္းဖက္ကို အျမန္ေျပာင္းလဲခဲ့တာကိုေတာ့ ခ်ီးက်ဴးရမွာပါပဲ။အဲ့တာေတြကေတာ့ Q ေတြကို FQ ၇ ရက္၊ HQ ၇ ရက္ဆိုၿပီး ျပတ္ ျပတ္သားသား ေျပာင္းလဲတဲ့စာ ထြက္လာပါတယ္။ ဆရာဝန္တိုင္းက ႀကိဳဆိုၾကမွာပါ။

မျဖစ္ႏိုင္တဲ့ မႏိုင္ဝန္ႀကီးကို ရဲရဲရင့္ရင့္ ေလ်ာ့ခ်ခဲ့ၿပီး လိုအပ္သူေတြအတြက္ ေနရာအမ်ားႀကီးထြက္လာေတာ့မွာပါ။ မလိုအပ္ပဲ ကုန္ေနရတဲ့ ပိုက္ဆံေတြ လူအင္အားေတြကို လိုအပ္တဲ့ေနရာမွာ ထိထိေရာက္ေရာက္ သုံႏိုင္ေတာ့မွာပါ။ ေနာက္တစ္ခုက က်န္းမာေရးဝန္ထမ္းေတြ မလို အပ္ဘဲ နင္းကန္ Q ေနျခင္းကို ရပ္တန႔္လိုက္ပါတယ္။ level 2 PPE ဝတ္ထားတဲ့ အစိုးရေဆး႐ုံေရာ ပုဂၢလိကေဆး႐ုံေရာ GP ေရာ အားလုံး ကို တေျပးညီ Q စရာမလိုဘူး။ swab negative ဆို အလုပ္ျပန္လုပ္ခြင့္ ျပဳလိုက္ျခင္းပါ။ တကယ့္အေျပာင္းအလဲ အႀကီးႀကီးျဖစ္ၿပီး ဒီဆုံး ျဖတ္ခ်က္ေၾကာင့္ ဆရာဝန္ေတြ လုပ္အားေပ်ာက္ဆုံးမႈ မျဖစ္ေတာ့ပဲ Q ေပၚလစီ မၿငိမ္တာေၾကာင့္ မဖြင့္ေတာ့တဲ့ GP ေဆးခန္းေတြ ျပန္ဖြင့္ ကာ လူနာေတြ အတြက္ အမ်ားႀကီး အက်ိဳးရွိေစမွာပါ။

Dr Myo Thet Aun

UNICODE

ကိုဗစ်နဲ့ ပတ်သက်ပြီး မပြတ်မသား အီလည်လည်ဖြစ်နေတဲ့ အချက်ကို မြန်မြန် ပြုပြင်ပြောင်းလဲတာနဲ့တင် အတော်အဆင်ပြေသွားမှာပါ။ ဆရာဇော်ဟာ အ လုပ်ကိုအားသွန်ခွန်စိုက် အမြဲရှိပြီး အငယ်တွေကို အလွန်မောင်းတတ်ပြီး သင်ကြားလေ့ကျင့်ပေးမှု အလွန်ကောင်း သူပါ။ ဆရာအကြောင်း YGH ကဆရာဝန်တွေ အကုန်သိပါတယ်။ ကျွန်တော်တို့ ငယ်စဉ်ကလဲ ဆရာဇော်က အလွန်မောင်းပေါ့။ နံနက်ခင်း ၅/၆ audit မှာ အမြဲ ဆရာဇော်အသံ လွှမ်းမိုးတာပဲ။မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းပြီလို့ ခံစားရပါတယ်။ နောက်ဆုံး lockdown အသစ်ရဲ့ ထိရောက်မှုကတော့ မြင်ရဖို့ စောင့်ရအုန်းမှာပါ။

ဆက်လက်ပြီး လက်တွေ့မြေပြင်အခြေအနေကို သိပြီး ရဲရဲရင့်ရင့် အပြောင်းအလဲတွေ ဆက်လုပ်ဖို့လဲ ဆန္ဒပြုပါတယ်။ ခေါင်းဆောင်မှု ကောင်းရင် အောက်ခြေကလူ အားရှိပြီး တက်ကြွပါတယ်။ကိုဗစ် ကို ကိုင်တွယ်ဖို့ မဟာဗျူဟာ strategy နဲ့ အဂ္ဂမဟာ ဗျူဟာ grand strategy လိုမယ်လို့ ကျွန်တော်တခါ ရေးခဲ့ဘူးပါတယ်။ မဟာဗျူဟာကတော့ ကိုဗစ်ကို ထိမ်းချုပ်နိုင်ရေးဖြစ်ပြီး အဂ္ဂမဟာဗျူဟာကတော့ ကိုဗစ်ကို ရေရှည်ထိမ်းချုပ်ထားပြီး တိုင်းပြည်ရဲ့ ရေရှည် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးတည်ငြိမ်ပြီး နလံပြန်ထူမယ့် အစီအမံ ဖြစ်ပါလိမ့် မယ်။ကိုဗစ် ပထမလှိုင်းမှာ လူနာနည်းလို့ ဘာမှ သိပ်ပြောစရာမရှိပေမယ့် ဒုတိယလှိုင်းမှာ ပထမလှိုင်းပုံစံအတိုင်း ကြမ်းကြမ်းကြာကြာ။

Q ပြီး ပိုးတွေ့လူကုန် ဆေးရုံတင်နေတာကို ကျွန်တော် အတော်သဘောမတူဖြစ်ပြီး Q policy နဲ့ ဆေးရုံတင် criteria ပြောင်းဖို့ စာတွေ အများကြီး ရေးခဲ့ပါတယ်။ပထမ Q ကို ၂၈ ရက် ကနေ ၂၁ ရက်လျော့ ပါတယ်။ အခု ရန်ကုန်တိုင်းကို ဆရာဦးဇော်ဝေစိုး ထိထိမိမိ ကိုင်မယ် ဆိုတဲ့အချိန်မှာလဲ ဆရာကြီးက containment ဆက်သွားမယ်ပြောပြီး ယာယီဆေးရုံတွေ၊ Q စင်တာတွေ ထပ်မံပြီး အများအပြားတိုး ချဲ့ မယ် ပြောတာကြောင့် ဒီလမ်းဟောင်းပဲ ထပ်တလဲလဲ လိုက်တော့မလားဆိုပြီး စိတ်ပူနေခဲ့ပါတယ်။ဒါပေမယ့် ဆရာဇော်က ဆရာဝန်လော က အကြောင်း သိသူပီပီ ဘယ်က ဆရာဝန်တွေကို ဆွဲထုတ်ရမယ်ဆိုတာကိုတော့ ကောင်းကောင်း ကျွမ်းကျင်ပြီး အင်အားစုစည်းခဲ့ပါတယ်။

containment ဆိုတဲ့ အပေါ်ကချပေးတဲ့ မဟာဗျူဟာကို ဆက်ကိုင်ထားပေမယ့် နည်းဗျူဟာ အပြောင်းအလဲနဲ့ မနိုင်ဝန်တွေကို လျော့ပစ် တာ ဒီနေ့ မြင်ရပါပြီ။ အထက်ကိုလဲ ဖြစ်နေတဲ့ အခြေအနေ အမှန်တွေ ပြောပြခဲ့တယ်လို့ ယုံကြည်ပါတယ်။ ချီးကျူးစရာ ကောင်းတာက ဆရာကြီး လက်ထဲ စီမံခန့်ခွဲမှု ရောက်ပြီးနောက်ပိုင်းမှာ အလွန်ထိရောက်တဲ့ အပြောင်းအလဲကို စတင်လုပ်ဆောင်ခဲ့တယ်။ အပြောင်းအလဲ က အကောင်းဖက်ကို အမြန်ပြောင်းလဲခဲ့တာကိုတော့ ချီးကျူးရမှာပါပဲ။အဲ့တာတွေကတော့ Q တွေကို FQ ၇ ရက်၊ HQ ၇ ရက်ဆိုပြီး ပြတ် ပြတ်သားသား ပြောင်းလဲတဲ့စာ ထွက်လာပါတယ်။ ဆရာဝန်တိုင်းက ကြိုဆိုကြမှာပါ။

မဖြစ်နိုင်တဲ့ မနိုင်ဝန်ကြီးကို ရဲရဲရင့်ရင့် လျော့ချခဲ့ပြီး လိုအပ်သူတွေအတွက် နေရာအများကြီးထွက်လာတော့မှာပါ။ မလိုအပ်ပဲ ကုန်နေရတဲ့ ပိုက်ဆံတွေ လူအင်အားတွေကို လိုအပ်တဲ့နေရာမှာ ထိထိရောက်ရောက် သုံနိုင်တော့မှာပါ။ နောက်တစ်ခုက ကျန်းမာရေးဝန်ထမ်းတွေ မလို အပ်ဘဲ နင်းကန် Q နေခြင်းကို ရပ်တန့်လိုက်ပါတယ်။ level 2 PPE ဝတ်ထားတဲ့ အစိုးရဆေးရုံရော ပုဂ္ဂလိကဆေးရုံရော GP ရော အားလုံး ကို တပြေးညီ Q စရာမလိုဘူး။ swab negative ဆို အလုပ်ပြန်လုပ်ခွင့် ပြုလိုက်ခြင်းပါ။ တကယ့်အပြောင်းအလဲ အကြီးကြီးဖြစ်ပြီး ဒီဆုံး ဖြတ်ချက်ကြောင့် ဆရာဝန်တွေ လုပ်အားပျောက်ဆုံးမှု မဖြစ်တော့ပဲ Q ပေါ်လစီ မငြိမ်တာကြောင့် မဖွင့်တော့တဲ့ GP ဆေးခန်းတွေ ပြန်ဖွင့် ကာ လူနာတွေ အတွက် အများကြီး အကျိုးရှိစေမှာပါ။

Dr Myo Thet Aun

Add a Comment

Your email address will not be published. Required fields are marked *