ဟိုလူက ဂ် င္းျပဳတ္ရည္ေသာက္ ဒီလူက ဗီ တာမင္ စီေတြ ဒီေတြေသာက္ပါ နဲ႔ ေပ်ာ္ေပ်ာ္ႀကီး ဂ်င္းထည့္ခံေနရ တဲ့ ေ႐ႊျမန္မာမ်ား

ကိုဗစ္-၁၉ ကာကြယ္ေဆးဆိုတာလည္း အေမရိကန္ မွာ ခုထိ မထြက္ေသးပါဘူး။ စမ္းသပ္လို႔လည္း မၿပီးေသးပါဘူး။ ကိုဗစ္ ကာကြယ္ေဆး တစ္လုံး ၃ ေသာင္းဆိုၿပီး လိမ္ညာေနတဲ့ ေအာက္တန္းစား ေဆးနဲ႔ပတ္သက္သူေတြလည္း ျမန္မာျပည္ထဲမွာ ရွိေနပါတယ္။ကမာၻမွာ ဂ်င္း ျပဳတ္ရည္ေသာက္လို႔ ကိုဗစ္ ကာကြယ္တယ္ဆိုတာ လုံးဝ အသိအမွတ္မျပဳပါဘူး။ ဘာသက္ေသမွ မရွိေသးပါဘူး။ ၾကက္သူအျဖဴအနီ ကိုက္ စားလို႔လည္း သြားတိုက္တာေတာင္ ေန႔နဲ႔ခ်ီၿပီး အနံ႔မေပ်ာက္ ပါးစပ္နံ႐ုံသာရွိမယ္။ ကိုဗစ္ ကာကြယ္တယ္ဆိုတာ လုံးဝမဟုတ္ပါဘူး။

အခ်က္အလက္နဲ႔ အရပ္ေျပာစကားမ်ား ခ်င့္ခ်င္ယုံၾကဖို႔နဲ႔ ပိုက္ဆံအလိမ္မခံရဖို႔ ကိုယ္တိုင္သိထားတဲ့အခ်က္ေတြကိုေရးလိုက္ပါတယ္။ ဂ်င္း ျပဳတ္ရည္ေသာက္ေန တဲ့အမ်ိဳးေတြ ဒီေရာဂါေတြရွိရင္သတိျပဳၾကပါ။ အေမရိက မွာေနတဲ့သူငယ္ခ်င္းဆရာဝန္ ေဆာင္းပါးပါ။ ကိုဗစ္ နဲ႔ ပတ္ သက္တဲ့ ေၾကာက္စရာ အယူအဆအလြဲမ်ားကေတာ့ အမ်ားႀကီးပါ။ဂ်င္းျပဳတ္ရည္ဟာ ကိုဗစ္ ကာကြယ္ႏိုင္တယ္ဆိုတာ သိပၸံနည္းက် သက္ ေသျပခ်က္မရွိပါ။ အသည္း၊ ေက်ာက္ကပ္နဲ႔ အစာအိမ္ေရာဂါရွိသူမ်ား လုံးဝမေသာက္သင့္ပါ။

အသည္းေရာင္ အသားဝါ ဘီနဲ႔ စီ ပိုးရွိသူမ်ား လုံးဝ မ ေသာက္သင့္ပါ။ဗီတာမင္ စီနဲ႔ ဒီဟာ ကိုယ္ခြံအားေကာင္းေစတယ္ဆိုေပမယ့္ ဒါေတြ အလြန္အကြၽံေသာက္ၿပီး ကိုဗစ္ ကာကြယ္ႏိုင္တယ္ဆိုတာ မဟုတ္ပါ။ အ႐ြယ္ေရာက္ၿပီး လူတစ္ေယာက္ရဲ႕ ေန႔စဥ္ ဗီတာမင္ စီ လိုအပ္ခ်က္ ဟာ အမ်ိဳးသား- ၉၀ မီလီဂရမ္ နဲ႔ အမ်ိဳးသမီး ၇၅ မီလီဂရမ္ ျဖစ္ပါတယ္။ အသက္ ၁ႏွစ္-၃ႏွစ္ကေလးမ်ားအတြက္ ၁၅ မီလီဂရမ္, အသက္ ၄ႏွစ္နဲ႔ ၈ႏွစ္ၾကားကေလးေတြ ၂၅ မီလီဂရမ္၊ အသက္ ၉ႏွစ္က ၁၃ႏွစ္ ၾကားကေလးေတြက ၄၅ မီလီဂရမ္ ျဖစ္ပါတယ္။

ျဖည့္စြပ္ဗိုက္တာမင္အျဖစ္ေသာက္မယ္ဆိုလည္း လူႀကီးမ်ားအတြက္ တေန႔ကို ၂၀၀၀ မီလီဂရမ္ ထက္ပိုေသာက္ရင္ အစာအိမ္နဲ႔ အစာေျခ အဖြဲ႕အစည္းအဂၤါကို ထိခိုက္ၿပီး ေရာဂါရပါမယ္။ အစာအိမ္ေရာဂါအခံရွိသူမ်ား ပိုသတိထားရပါမယ္။ ဗီတာမင္ စီ ဟာပိုလွ်ံတာကို ဆီးကေန စြန႔္ပါတယ္။ ၄၀၀၀ မီလီဂရမ္ ထက္ပိုေသာက္ရင္ ေက်ာက္ကပ္မွာ ေက်ာက္ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ဗီတာမင္ ဒီ ခ်ိဳ႕တဲ့သူမ်ားလို႔ ျဖည့္ စြက္အျဖစ္ ေသာက္ၾကေပမယ့္ လူတစ္ေယာက္အတြက္ တစ္ေန႔လိုအပ္ခ်က္ဟာ ၆၀၀ IU ျဖစ္ၿပီး ျဖည့္စြက္အျဖစ္ ေသာက္မယ္ဆိုရင္။

တစ္ေထာင္ ၁၀၀၀ IU ကေန ႏွစ္ေထာင္ IU ထိ ေသာက္လို႔ရတယ္လို႔ ဆိုပါတယ္။ အဲ့ဒီ့ထက္ပိုရင္ ေဘးထြက္ဆိုးက်ိဳးရမယ္။ ဗီတာမင္ ဒီ ဟာ အဆီမွာေပ်ာ္တဲ့အတြက္၊ ေရမွာမေပ်ာ္လို႔ ပိုလွ်ံတဲ့ပမာဏကို ဆီးကေန စြန႔္ထုတ္မရတဲ့အတြက္ ပါးစပ္ကေသာက္လိုက္တဲ့ ပမာဏက ခႏၶာကိုယ္မွ ာလိုအပ္တာထက္ပိုရင္ ခႏၶာကိုယ္ထဲက အဆီေတြထဲ သိုေလွာင္လိုက္ေရာ။ ေဘးထြက္ဆိုးက်ိဳးက ေသြးထဲ ကယ္လစီယမ္ တက္ၿပီး ဆက္စပ္အႏၲရာယ္ေတြ။ အ႐ိုးကြၽတ္ဆတ္က်ိဳးလြယ္တာေတြ၊ ေခါင္းမူး၊ အစာအိမ္နဲ႔အူလမ္းေၾကာင္းအႏၲရာယ္၊ ဝမ္းပိတ္ျခင္း။ ဝမ္းေလွ်ာျခင္းနဲ႔ ေက်ာက္ကပ္အႏၲရာယ္ရွိပါတယ္။

(သီအိုရီေတြထဲမွာ အဲ့သလိုေဖာ္ျပထားေပမယ့္ တစ္ေန႔ကို ဗီတာမင္ ဒီ တစ္ေသာင္း IU ထိ ေသာက္လည္း စိတ္ခ်ရတယ္လို႔ဆိုပါတယ္။ ဘာ့ ေၾကာင့္လဲဆိုရင္ လူေတာ္ေတာ္မ်ားမ်ားဟာ ဗီတာမင္ ဒီ ခ်ိဳ႕တဲ့ေနၾကလို႔ပါပဲ။)ဒါေတြဘာလို႔အေရးႀကီးသလဲဆိုရင္ ကိုဗစ္ကို တအားစိုးရိမ္ ထိတ္လန႔္ေနၾကသူေတြကို အခြင့္ေကာင္းယူၿပီး တေန႔ကတင္ လူမႈကြန္ယက္မွာ ဗီတာမင္ စီ နဲ႔ ဒီ ပါတဲ့ ႐ိုး႐ိုးအားေဆးကို ကိုဗစ္ ကာကြယ္ တဲ့အားေဆးပါဆိုၿပီး လိမ္ညာၿပီး ေဈးေတြအမ်ားႀကီးနဲ႔ေရာင္းေနလို႔ပါပဲ။ အင္မတန္အကုသိုလ္ႀကီးတဲ့အလုပ္လို႔ပဲ ျမင္ပါတယ္။ သူတပါး စိတ္ပူပန္မႈကို အသုံးခ်ၿပီး လိမ္ညာ ပိုက္ဆံရွာတာမ်ိဳးဟာ သူေတာင္းစားထက္ေတာင္ ေအာက္တန္းက်လြန္းလွပါတယ္။

NKK

Via Mal Thi

UNICODE

ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုတာလည်း အမေရိကန် မှာ ခုထိ မထွက်သေးပါဘူး။ စမ်းသပ်လို့လည်း မပြီးသေးပါဘူး။ ကိုဗစ် ကာကွယ်ဆေး တစ်လုံး ၃ သောင်းဆိုပြီး လိမ်ညာနေတဲ့ အောက်တန်းစား ဆေးနဲ့ပတ်သက်သူတွေလည်း မြန်မာပြည်ထဲမှာ ရှိနေပါတယ်။ကမ္ဘာမှာ ဂျင်း ပြုတ်ရည်သောက်လို့ ကိုဗစ် ကာကွယ်တယ်ဆိုတာ လုံးဝ အသိအမှတ်မပြုပါဘူး။ ဘာသက်သေမှ မရှိသေးပါဘူး။ ကြက်သူအဖြူအနီ ကိုက် စားလို့လည်း သွားတိုက်တာတောင် နေ့နဲ့ချီပြီး အနံ့မပျောက် ပါးစပ်နံရုံသာရှိမယ်။ ကိုဗစ် ကာကွယ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။

အချက်အလက်နဲ့ အရပ်ပြောစကားများ ချင့်ချင်ယုံကြဖို့နဲ့ ပိုက်ဆံအလိမ်မခံရဖို့ ကိုယ်တိုင်သိထားတဲ့အချက်တွေကိုရေးလိုက်ပါတယ်။ ဂျင်း ပြုတ်ရည်သောက်နေ တဲ့အမျိုးတွေ ဒီရောဂါတွေရှိရင်သတိပြုကြပါ။ အမေရိက မှာနေတဲ့သူငယ်ချင်းဆရာဝန် ဆောင်းပါးပါ။ ကိုဗစ် နဲ့ ပတ် သက်တဲ့ ကြောက်စရာ အယူအဆအလွဲများကတော့ အများကြီးပါ။ဂျင်းပြုတ်ရည်ဟာ ကိုဗစ် ကာကွယ်နိုင်တယ်ဆိုတာ သိပ္ပံနည်းကျ သက် သေပြချက်မရှိပါ။ အသည်း၊ ကျောက်ကပ်နဲ့ အစာအိမ်ရောဂါရှိသူများ လုံးဝမသောက်သင့်ပါ။

အသည်းရောင် အသားဝါ ဘီနဲ့ စီ ပိုးရှိသူများ လုံးဝ မ သောက်သင့်ပါ။ဗီတာမင် စီနဲ့ ဒီဟာ ကိုယ်ခွံအားကောင်းစေတယ်ဆိုပေမယ့် ဒါတွေ အလွန်အကျွံသောက်ပြီး ကိုဗစ် ကာကွယ်နိုင်တယ်ဆိုတာ မဟုတ်ပါ။ အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ နေ့စဉ် ဗီတာမင် စီ လိုအပ်ချက် ဟာ အမျိုးသား- ၉၀ မီလီဂရမ် နဲ့ အမျိုးသမီး ၇၅ မီလီဂရမ် ဖြစ်ပါတယ်။ အသက် ၁နှစ်-၃နှစ်ကလေးများအတွက် ၁၅ မီလီဂရမ်, အသက် ၄နှစ်နဲ့ ၈နှစ်ကြားကလေးတွေ ၂၅ မီလီဂရမ်၊ အသက် ၉နှစ်က ၁၃နှစ် ကြားကလေးတွေက ၄၅ မီလီဂရမ် ဖြစ်ပါတယ်။

ဖြည့်စွပ်ဗိုက်တာမင်အဖြစ်သောက်မယ်ဆိုလည်း လူကြီးများအတွက် တနေ့ကို ၂၀၀၀ မီလီဂရမ် ထက်ပိုသောက်ရင် အစာအိမ်နဲ့ အစာခြေ အဖွဲ့အစည်းအင်္ဂါကို ထိခိုက်ပြီး ရောဂါရပါမယ်။ အစာအိမ်ရောဂါအခံရှိသူများ ပိုသတိထားရပါမယ်။ ဗီတာမင် စီ ဟာပိုလျှံတာကို ဆီးကနေ စွန့်ပါတယ်။ ၄၀၀၀ မီလီဂရမ် ထက်ပိုသောက်ရင် ကျောက်ကပ်မှာ ကျောက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ဗီတာမင် ဒီ ချို့တဲ့သူများလို့ ဖြည့် စွက်အဖြစ် သောက်ကြပေမယ့် လူတစ်ယောက်အတွက် တစ်နေ့လိုအပ်ချက်ဟာ ၆၀၀ IU ဖြစ်ပြီး ဖြည့်စွက်အဖြစ် သောက်မယ်ဆိုရင်။

တစ်ထောင် ၁၀၀၀ IU ကနေ နှစ်ထောင် IU ထိ သောက်လို့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီ့ထက်ပိုရင် ဘေးထွက်ဆိုးကျိုးရမယ်။ ဗီတာမင် ဒီ ဟာ အဆီမှာပျော်တဲ့အတွက်၊ ရေမှာမပျော်လို့ ပိုလျှံတဲ့ပမာဏကို ဆီးကနေ စွန့်ထုတ်မရတဲ့အတွက် ပါးစပ်ကသောက်လိုက်တဲ့ ပမာဏက ခန္ဓာကိုယ်မှ ာလိုအပ်တာထက်ပိုရင် ခန္ဓာကိုယ်ထဲက အဆီတွေထဲ သိုလှောင်လိုက်ရော။ ဘေးထွက်ဆိုးကျိုးက သွေးထဲ ကယ်လစီယမ် တက်ပြီး ဆက်စပ်အန္တရာယ်တွေ။ အရိုးကျွတ်ဆတ်ကျိုးလွယ်တာတွေ၊ ခေါင်းမူး၊ အစာအိမ်နဲ့အူလမ်းကြောင်းအန္တရာယ်၊ ဝမ်းပိတ်ခြင်း။ ဝမ်းလျှောခြင်းနဲ့ ကျောက်ကပ်အန္တရာယ်ရှိပါတယ်။

(သီအိုရီတွေထဲမှာ အဲ့သလိုဖော်ပြထားပေမယ့် တစ်နေ့ကို ဗီတာမင် ဒီ တစ်သောင်း IU ထိ သောက်လည်း စိတ်ချရတယ်လို့ဆိုပါတယ်။ ဘာ့ ကြောင့်လဲဆိုရင် လူတော်တော်များများဟာ ဗီတာမင် ဒီ ချို့တဲ့နေကြလို့ပါပဲ။)ဒါတွေဘာလို့အရေးကြီးသလဲဆိုရင် ကိုဗစ်ကို တအားစိုးရိမ် ထိတ်လန့်နေကြသူတွေကို အခွင့်ကောင်းယူပြီး တနေ့ကတင် လူမှုကွန်ယက်မှာ ဗီတာမင် စီ နဲ့ ဒီ ပါတဲ့ ရိုးရိုးအားဆေးကို ကိုဗစ် ကာကွယ် တဲ့အားဆေးပါဆိုပြီး လိမ်ညာပြီး ဈေးတွေအများကြီးနဲ့ရောင်းနေလို့ပါပဲ။ အင်မတန်အကုသိုလ်ကြီးတဲ့အလုပ်လို့ပဲ မြင်ပါတယ်။ သူတပါး စိတ်ပူပန်မှုကို အသုံးချပြီး လိမ်ညာ ပိုက်ဆံရှာတာမျိုးဟာ သူတောင်းစားထက်တောင် အောက်တန်းကျလွန်းလှပါတယ်။

NKK

Via Mal Thi

Add a Comment

Your email address will not be published. Required fields are marked *