ချစ်သူတွေ စုံတွဲတွေကို တစ်နေရာ ထဲမှာပဲ အတူတူ Qဝင်ဖို့ စီစဉ်ပေးသင့်တယ် လို့ လှနုထွန်းပြောပြီ






UNICODE

အလှမယ်ဟောင်း လှနုထွန်းကတော့ သူမရဲ့ အမြင်လေးကို ပွင့်ပွင့်လင်းလင်း ရေးတင်လာခဲ့တာပဲ ဖြစ်ပါတယ်နော်..။ပရိသတ်ကြီးလည်း လှနုထွန်း ရဲ့ အမြင်လေးကို သဘောတူရင် မှတ်ချက်လေးတွေ ရေးခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။ပရိသတ်ကြီးရေ  လှနုထွန်းကိုတော့ အထူးအထွေ မိတ်ဆက်ပေး စရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။

လှနုထွန်းကတော့ ပုရိသပရိသတ်တွေ ရဲ့ အားပေးမှုတွေကို သူမရဲ့ ပြောတတ်တဲ့ စကားလုံးလေးတွေနဲ့ သိမ်းပိုက်ထားသူ တစ်ယောက်လို့ ဆိုရင်မှားမယ် မထင်ပါ ဘူးနော်.။ သူမလက်ခံထားတဲ့ အကြောင်းအရာတွေကို ချက်ကျ လက်ကျ နဲ့ ပြောတတ်တာက လှနုထွန်းရဲ့ အား သာချက်လို့ ပြောရမှာပါ.။ဒီနေ့ စက်တင်ဘာလ (၂၃)ရက်နေ့ မှာလည်း လှနုထွန်းက Quarantine ဝင်ရတဲ့ ချစ်သူတွေအတွက် အနေဝေး တာမျိုး မဖြစ်သွားဖို့ သူမရဲ့ အမြင်လေးတစ်ချို့ကို “Love Quarantine စီစဉ်ပေးပါ.။

ချစ်သူရည်းစားတွေ ချိန်းတွေ့ဖို့တော့ နေရာလေး စီစဉ်ပေးထား သင့်တယ်နော် .။ အပူချိန်တိုင်း ၊ ရေချိုး သတ်မှတ်အင်္ကျီ ဝတ်ပြီးမှ ပိုးသတ် ထားတဲ့အခန်းထဲ ပေးတွေ့ ပေါ့.။ နှစ်ပတ် ကာလ ပေးနေလိုက်လေ.။ Love Quarantine ဝင်နေတယ်ပေါ့.။ ဝါးတီးပါစီစဉ်ပေးလိုက်လေ အ ဓိဌာန်ဝင်မလား၊ စာအုပ်တူတူဖတ်မလား၊ Yoga လေ့ကျင့်မလား၊ သူတို့ ဘာသာ ဘာလုပ်လုပ်ပေါ့။ အဲ့ဒီအတွက် စရိတ် တစ်ခုသတ်မှတ် ပေါ့။ ခိုးတွေ့ရင်လည်း ပိုအန္တရာယ် များတယ်။ We support ♥Q” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

Source: Hla Nu Tun’s Facebook

Credit : CeleConnections Channel

Add a Comment

Your email address will not be published. Required fields are marked *