အတိုင္ပင္ခံပုဂၢိဳလ္ ကို ဗစ္ ကူးစက္ခံရ မႈ သတင္းမွားသာျဖစ္ၿပီး ျဖန႔္ခ်ိသူမ်ား ကို ျပင္းျပင္းထန္ထန္ အေရးယူ မည္ဟု ဦးေဇာ္ေဌးေျပာၿပီ

(၂၀၂၀)ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကာလ ေရာက္ေနတာနဲ႔အမွ် သတင္းမွားေတြ၊ လုပ္ႀကံဖန္တီးတဲ့သတင္းေတြ ပိုၿပီး မ်ားလာၿပီး ဘယ္သူေတြက ဘယ္လို ရည္႐ြယ္ခ်က္နဲ႔ လုပ္လဲဆိုတာသာမန္အားျဖင့္ စဥ္းစားၾကည့္ရင္ ရွင္းရွင္းလင္းလင္း သိႏိုင္ပါလိမ့္မယ္လို႔ သမၼတ ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး ကဆိုပါတယ္။ အဲ့ဒီ သတင္းမွားေတြ ထုတ္လႊင့္တဲ့ Page နဲ႔ ပတ္သက္လို႔ နည္းပညာဆိုင္ရာ လုပ္ေဆာင္ ဖြယ္ရာေတြကို လုပ္ေနၿပီး ခိုင္လုံတဲ့ အေထာက္အထားေတြ ရရွိရင္ ဥပေဒနဲ႔အညီ ဆက္လက္ ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ႏိုင္ငံေတာ္ ၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ က်န္းမာေရးနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္မွာ ထြက္ေပၚေနတဲ့ သတင္းေတြဟာ သတင္းမွားေတြျဖစ္ေၾကာင္း ဦးေဇာ္ေဌး က ေျပာပါတယ္။လူမႈကြန္ရက္မွာ ထြက္ေပၚေနတဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္ တတိယအႀကိမ္ ‌‌ေဆးစစ္ခ်က္မွာ ကိုဗစ္ ေရာဂါပိုး Positive အေျဖထြက္ ဆိုၿပီး သတင္းေတြထြက္ေပၚေနတဲ့ အေပၚ အခုလို ျပန္လည္ရွင္းလင္းေျပာၾကားခဲ့တာပါ။

လက္ရွိမွာ က်န္းမာေရး အထူးေကာင္းမြန္ၿပီး စိတ္ပူေပးတဲ့သူေတြကိုလည္း ေက်းဇူးတင္ေၾကာင္း ဦးေဇာ္ေဌးက ေျပာဆိုထားပါတယ္။ “က်န္းမာေရး အထူးေကာင္းမြန္ပါတယ္။ စိတ္ပူေပးတဲ့သူေတြကိုလည္း ေက်းဇူးတင္ပါတယ္။ က်န္းမာေရး အထူး(အထူး) ေကာင္းမြန္ ေၾကာင္း သတင္းစကား ပါးလိုပါတယ္။ ဒါ့အျပင္ လူ အစားထိုးတယ္ ဆိုတဲ့ သတင္းမွားေတြလည္း ျဖန႔္ေနၾကတာ ေတြ႕ရွိရပါတယ္။ လုံးဝ မွားယြင္းတဲ့ သတင္းတုေတြပဲ ျဖစ္ပါတယ္” လို႔ ဦးေဇာ္ေဌး က ေျပာၾကားထားတာပါ။

ႏိုင္ငံ့အႀကီးအကဲေတြနဲ႔ပတ္သက္ၿပီး သတင္းမွား၊သတင္းတု ေတြကို စစ္ေဆးၿပီး ျပင္းျပင္းထန္ထန္အေရးယူသြားမယ္လို႔ ဆိုပါတယ္။ “ႏိုင္ ငံ့ေခါင္းေဆာင္ေတြ၊ ႏိုင္ငံ့အႀကီးအကဲေတြနဲ႔ ပတ္သက္ၿပီး လုပ္ႀကံဖန္တီးတဲ့သတင္းမွားေတြ၊ ခ်ဲ႕ကားေရးသားတဲ့ သတင္းတုေတြကို အထင္ အရွား ေပၚေပါက္ရင္ ျပင္းျပင္းထန္ထန္ အေရးယူခံရမွာ ျဖစ္ပါတယ္” လို႔ ဦးေဇာ္ေဌးက ေျပာၾကားထားပါတယ္။

CRD: SHWE WIKI

UNICODE

(၂၀၂၀)ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ ရောက်နေတာနဲ့အမျှ သတင်းမှားတွေ၊ လုပ်ကြံဖန်တီးတဲ့သတင်းတွေ ပိုပြီး များလာပြီး ဘယ်သူတွေက ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်လဲဆိုတာသာမန်အားဖြင့် စဉ်းစားကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါလိမ့်မယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကဆိုပါတယ်။ အဲ့ဒီ သတင်းမှားတွေ ထုတ်လွှင့်တဲ့ Page နဲ့ ပတ်သက်လို့ နည်းပညာဆိုင်ရာ လုပ်ဆောင် ဖွယ်ရာတွေကို လုပ်နေပြီး ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိရင် ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ သတင်းမှားတွေဖြစ်ကြောင်း ဦးဇော်ဌေး က ပြောပါတယ်။လူမှုကွန်ရက်မှာ ထွက်ပေါ်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် တတိယအကြိမ် ‌‌ဆေးစစ်ချက်မှာ ကိုဗစ် ရောဂါပိုး Positive အဖြေထွက် ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့ အပေါ် အခုလို ပြန်လည်ရှင်းလင်းပြောကြားခဲ့တာပါ။

လက်ရှိမှာ ကျန်းမာရေး အထူးကောင်းမွန်ပြီး စိတ်ပူပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ဦးဇော်ဌေးက ပြောဆိုထားပါတယ်။ “ကျန်းမာရေး အထူးကောင်းမွန်ပါတယ်။ စိတ်ပူပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်းမာရေး အထူး(အထူး) ကောင်းမွန် ကြောင်း သတင်းစကား ပါးလိုပါတယ်။ ဒါ့အပြင် လူ အစားထိုးတယ် ဆိုတဲ့ သတင်းမှားတွေလည်း ဖြန့်နေကြတာ တွေ့ရှိရပါတယ်။ လုံးဝ မှားယွင်းတဲ့ သတင်းတုတွေပဲ ဖြစ်ပါတယ်” လို့ ဦးဇော်ဌေး က ပြောကြားထားတာပါ။

နိုင်ငံ့အကြီးအကဲတွေနဲ့ပတ်သက်ပြီး သတင်းမှား၊သတင်းတု တွေကို စစ်ဆေးပြီး ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ဆိုပါတယ်။ “နိုင် ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံ့အကြီးအကဲတွေနဲ့ ပတ်သက်ပြီး လုပ်ကြံဖန်တီးတဲ့သတင်းမှားတွေ၊ ချဲ့ကားရေးသားတဲ့ သတင်းတုတွေကို အထင် အရှား ပေါ်ပေါက်ရင် ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်ပါတယ်” လို့ ဦးဇော်ဌေးက ပြောကြားထားပါတယ်။

CRD:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *