(၂၃-၉-၂၀၂၀)နံနက်(၈:၀၀) နာရီCOVID-19 အတည်ပြုလူနာ(၂၁၆)ဦး ထပ်တွေ့ကြောင်း သတင်းထုတ်ပြန်







REF: MINISTRY OF HEALTH

UNICODE

(၂၂-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL ) မှ ဓာတ်ခွဲ နမူနာ (၂,၃၂၈)ခု၊ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၄၇၂) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တ လေး) မှ ဓာတ်ခွဲနမူနာ (၅၅၅) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၃၈၄) ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ ဓာတ်ခွဲနမူနာ (၁၆၁) ခု၊နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၀) ခု၊

ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၁၁) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊ ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၂၄) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၇) ခု၊
ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊

ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၂၀) ခု၊ပြည်သူ့ဆေးရုံကြီး၊ ပုသိမ် မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁,၁၈၉) ခုနှင့် နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၅၃) ခု၊
စုစုပေါင်း (၅,၅၈၂) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ သစ် (၄၈၉) ဦး တွေ့ရှိခဲ့ပါသည်။

(ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၇၃) ဦး တွေ့ရှိကြောင်းကို (၂၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။)(၂၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ ထပ်မံသေဆုံးသူ (၁) ဦး ရှိပါသည်။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေ ဆုံးသူပေါင်း (၁၁၆) ဦးရှိပြီဖြစ်ပါသည်။ (၂၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၃-၉-၂၀၂၀) နံနက် (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ။

(ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၁,၃၁၁) ခု၊ဆေးသုတေသနဦးစီးဌာန(DMR) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁၉၀) ခု၊ ပြည်သူ့ကျန်း မာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁၉၂) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁၃၃) ခု။ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၈) ခု၊ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁,၁၈၉) ခု၊

စုစုပေါင်း ဓာတ်ခွဲနမူနာ (၃,၀၈၃) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၁၆) ဦးတွေ့ရှိပါ သည်။ သို့ဖြစ်ရာ (၂၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆,၉၅၉ )ဦး ရှိပြီဖြစ်ပါသည်။

REF:  MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *