ကိုဗစ္ကာကြယ္ေဆး နဲ႔ ကုသေဆးမ်ား ရရွိပါက ျမန္မာႏိုင္ငံသို႔ အျမန္ေရာက္ရွိရန္ စီစဥ္ေနဟု အေမစုေျပာၿပီ

လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ကိုဗစ္-၁၉ ေရာဂါႏွင့္ ရင္ဆိုင္ေနရသည္မွာ ေျခာက္လေက်ာ္ ၾကာျမင့္လာ ၿပီျဖစ္ၿပီး အဆိုပါေရာဂါကို ျဖတ္ေက်ာ္ ရာတြင္ သတၱိရွိရွိ ဇြဲရွိရွိျဖင့္ လုပ္ေစခ်င္ေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က ေမတၱာရပ္ခံပါတယ္။စက္တင္ဘာ(၂၁) ရက္၊ ည (၈:၀၀) နာရီအထိ ျမန္မာႏိုင္ငံတြင္ ကိုဗစ္ ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၆,၁၅၁) ဦးရွိၿပီ ျဖစ္ၿပီး ၎တို႔အနက္ ေရာဂါသက္သာ ေပ်ာက္ကင္းသူ (၁,၄၄၅) ဦးကို ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီး ျဖစ္ကာ ေသဆုံးသူ (၉၈)ဦး ရွိသည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထား ပါတယ္။

ကိုဗစ္ ကပ္ေရာဂါေၾကာင့္ ျဖစ္ေပၚ လာမည့္ အက်ိဳးဆက္ႏွင့္ လိုအပ္ခ်က္မ်ားအတြက္ အသုံးျပဳရန္ ဘီလီယံ (၁၀၀၀)ေက်ာ္ ျပင္ဆင္ထား ေၾကာင္း COVID-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ဥကၠ႒ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္က ေျပာပါတယ္။ႏိုင္ငံအတြင္း ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံး အေျခအေနႏွင့္ ပတ္သက္၍ ယေန႔ စက္တင္ဘာ (၂၁) ရက္ ညပိုင္းက ျပည္သူသို႔ အစီရင္ခံတင္ျပသည့္ မိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားျခင္း ျဖစ္ပါတယ္။“

ဥပမာအားျဖင့္ဆိုရင္ ကြၽန္မတို႔အေနနဲ႔ အေထြေထြပိုလွ်ံေငြေပါ့။ ဒါဟာ ဘ႑ာေရးဝန္ႀကီးဌာနကေနၿပီးေတာ့ အေထြေထြပိုလွ်ံေငြ ဘီလီယံ တစ္ေထာင္ေက်ာ္။ တစ္ဘီလီယံ ဆိုတာကေတာ့ သန္းတစ္ေထာင္ဆိုတာ ကြၽန္မတို႔ ျပည္သူေတြ သိၿပီးသားပဲ။ ဘီလီယံတစ္ေထာင္ေက်ာ္ ကို ကြၽန္မတို႔အေနဲ႔ သဘာဝေဘး အႏၲရာယ္အတြက္ဆိုၿပီး အဲ့ဒါ ဒီဟာကို ကြၽန္မတို႔ သတ္မွတ္လိုက္ပါတယ္။ သဘာဝ ေဘးအႏၲရာယ္ဆို ေတာ့ ကိုဗစ္နဲ႔ ဆိုင္ပါတယ္။ ဒါေပမယ့္ ဒီလိုသတ္မွတ္ထားတဲ့ ေငြဟာ ကိုဗစ္ေရာဂါနဲ႔ပဲ ပတ္သက္လို႔ သုံးဖို႔ပါ။

တျခား သဘာဝ ေဘးအႏၲရာယ္နဲ႔ ပတ္သက္လို႔ သုံးဖို႔မဟုတ္ပါဘူး။ တျခား သဘာဝေဘး အႏၲရာယ္နဲ႔ပတ္သက္ရင္ အဲဒီ ရန္ပုံေငြထဲမွာ သပ္သပ္ရွိပါတယ္။ အခု ဘီလီယံ တစ္ေထာင္ေက်ာ္ ေ႐ႊ႕ေျပာင္းလိုက္ တယ္ဆိုတာ ကြၽန္မတို႔ ကိုဗစ္ေရာဂါနဲ႔ ပတ္သက္တဲ့ အက်ိဳးဆက္ ေတြအတြက္ ကိုဗစ္ေရာဂါနဲ႔ ပတ္သက္တဲ့ လိုအပ္ခ်က္ေတြအတြက္ သုံးဖို႔ျဖစ္ပါတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။ ထို႔အ ျပင္ ကမၻ့ာကပ္ေရာဂါ ကိုဗစ္ႏွင့္ ပတ္သက္၍ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ေရာဂါကာကြယ္ေဆး၊ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ကုသေဆးမ်ား ။

ထုတ္လုပ္ေနသလို အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ေဆးႏွစ္မ်ိဳးစလုံး ထုတ္လုပ္ေနရန္ ႀကိဳးပမ္းေနၾကေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ ထိုသို႔ ကာကြယ္ ေဆး၊ ကုသေဆးမ်ား ထုတ္လုပ္ႏိုင္သည့္ အေျခအေန မရွိေသာ္လည္း ေဆးမ်ား ေပၚေပါက္လာပါက ျမန္ျမန္ေရာက္ရွိလာေစရန္ စီစဥ္ေန သည္ဟု ၎က ဆိုပါတယ္။“ကြၽန္မတို႔ႏိုင္ငံအေနနဲ႔ ေျပာရမယ္ဆိုရင္ ကာကြယ္ေဆး ထုတ္လုပ္ ႏိုင္တဲ့အေျခအေန ေနာက္ၿပီးေတာ့ ကုသ ေဆး ထုတ္လုပ္ႏိုင္တဲ့ အေျခအေနလည္း မရွိေပမယ့္ ဒီလိုေဆးေတြ ေပၚလာတာနဲ႔အမွ် အခ်ိန္နဲ႔တေျပးညီ။

ကြၽန္မတို႔ႏိုင္ငံကို ျမန္ႏိုင္သေလာက္ျမန္ျမန္ကို ေရာက္ႏိုင္ေအာင္လို႔ ဆိုၿပီး ကြၽန္မတို႔ အခုကတည္းက ေနၿပီးေတာ့ စီစဥ္ေနပါတယ္။ အ ျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီး႒ာနနဲ႔ က်န္းမာေရး ဝန္ႀကီး႒ာနကေနၿပီးေတာ့ ဒီလိုေဆးေတြ ထုတ္ေနတဲ့ ႏိုင္ငံက သံ တမန္ေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ဘယ္ေလာက္ ကြၽန္မတို႔အေနနဲ႔ ျမန္ျမန္ရႏိုင္ဖို႔ အလားအလာရွိသလဲ။ အကယ္၍ ဒီေဆးေတြ ဟာ ေအာင္ ျမင္တယ္ဆိုရင္ ေဆးေတြက သုံးသင့္ မသုံးသင့္ဆိုတာ ကမာၻ႔က်န္းမာေရး႒ာနက ၾကည့္ၿပီးစမ္းသပ္ၿပီးမွ ဆုံးျဖတ္မွာ ျဖစ္ပါ တယ္။

ကြၽန္မတို႔လည္း မေသခ်ာဘဲနဲ႔ ကြၽန္မတို႔ရဲ႕ ျပည္သူေတြကိုအေပၚမွာ ဒီေဆးေတြကို မသုံးပါဘူး” ဟု ကိုဗစ္ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

UNICODE

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်နေရသည်မှာ ခြောက်လကျော် ကြာမြင့်လာ ပြီဖြစ်ပြီး အဆိုပါရောဂါကို ဖြတ်ကျော် ရာတွင် သတ္တိရှိရှိ ဇွဲရှိရှိဖြင့် လုပ်စေချင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံပါတယ်။စက်တင်ဘာ(၂၁) ရက်၊ ည (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၆,၁၅၁) ဦးရှိပြီ ဖြစ်ပြီး ၎င်းတို့အနက် ရောဂါသက်သာ ပျောက်ကင်းသူ (၁,၄၄၅) ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သေဆုံးသူ (၉၈)ဦး ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။

ကိုဗစ် ကပ်ရောဂါကြောင့် ဖြစ်ပေါ် လာမည့် အကျိုးဆက်နှင့် လိုအပ်ချက်များအတွက် အသုံးပြုရန် ဘီလီယံ (၁၀၀၀)ကျော် ပြင်ဆင်ထား ကြောင်း COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် ပတ်သက်၍ ယနေ့ စက်တင်ဘာ (၂၁) ရက် ညပိုင်းက ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်ပါတယ်။“

ဥပမာအားဖြင့်ဆိုရင် ကျွန်မတို့အနေနဲ့ အထွေထွေပိုလျှံငွေပေါ့။ ဒါဟာ ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီးတော့ အထွေထွေပိုလျှံငွေ ဘီလီယံ တစ်ထောင်ကျော်။ တစ်ဘီလီယံ ဆိုတာကတော့ သန်းတစ်ထောင်ဆိုတာ ကျွန်မတို့ ပြည်သူတွေ သိပြီးသားပဲ။ ဘီလီယံတစ်ထောင်ကျော် ကို ကျွန်မတို့အနေဲ့ သဘာဝဘေး အန္တရာယ်အတွက်ဆိုပြီး အဲ့ဒါ ဒီဟာကို ကျွန်မတို့ သတ်မှတ်လိုက်ပါတယ်။ သဘာဝ ဘေးအန္တရာယ်ဆို တော့ ကိုဗစ်နဲ့ ဆိုင်ပါတယ်။ ဒါပေမယ့် ဒီလိုသတ်မှတ်ထားတဲ့ ငွေဟာ ကိုဗစ်ရောဂါနဲ့ပဲ ပတ်သက်လို့ သုံးဖို့ပါ။

တခြား သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်လို့ သုံးဖို့မဟုတ်ပါဘူး။ တခြား သဘာဝဘေး အန္တရာယ်နဲ့ပတ်သက်ရင် အဲဒီ ရန်ပုံငွေထဲမှာ သပ်သပ်ရှိပါတယ်။ အခု ဘီလီယံ တစ်ထောင်ကျော် ရွှေ့ပြောင်းလိုက် တယ်ဆိုတာ ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ အကျိုးဆက် တွေအတွက် ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက် သုံးဖို့ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ထို့အ ပြင် ကမ္ဘ့ာကပ်ရောဂါ ကိုဗစ်နှင့် ပတ်သက်၍ အချို့နိုင်ငံများတွင် ရောဂါကာကွယ်ဆေး၊ အချို့နိုင်ငံများတွင် ကုသဆေးများ ။

ထုတ်လုပ်နေသလို အချို့နိုင်ငံများတွင် ဆေးနှစ်မျိုးစလုံး ထုတ်လုပ်နေရန် ကြိုးပမ်းနေကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထိုသို့ ကာကွယ် ဆေး၊ ကုသဆေးများ ထုတ်လုပ်နိုင်သည့် အခြေအနေ မရှိသော်လည်း ဆေးများ ပေါ်ပေါက်လာပါက မြန်မြန်ရောက်ရှိလာစေရန် စီစဉ်နေ သည်ဟု ၎င်းက ဆိုပါတယ်။“ကျွန်မတို့နိုင်ငံအနေနဲ့ ပြောရမယ်ဆိုရင် ကာကွယ်ဆေး ထုတ်လုပ် နိုင်တဲ့အခြေအနေ နောက်ပြီးတော့ ကုသ ဆေး ထုတ်လုပ်နိုင်တဲ့ အခြေအနေလည်း မရှိပေမယ့် ဒီလိုဆေးတွေ ပေါ်လာတာနဲ့အမျှ အချိန်နဲ့တပြေးညီ။

ကျွန်မတို့နိုင်ငံကို မြန်နိုင်သလောက်မြန်မြန်ကို ရောက်နိုင်အောင်လို့ ဆိုပြီး ကျွန်မတို့ အခုကတည်းက နေပြီးတော့ စီစဉ်နေပါတယ်။ အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဋ္ဌာနနဲ့ ကျန်းမာရေး ဝန်ကြီးဋ္ဌာနကနေပြီးတော့ ဒီလိုဆေးတွေ ထုတ်နေတဲ့ နိုင်ငံက သံ တမန်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လောက် ကျွန်မတို့အနေနဲ့ မြန်မြန်ရနိုင်ဖို့ အလားအလာရှိသလဲ။ အကယ်၍ ဒီဆေးတွေ ဟာ အောင် မြင်တယ်ဆိုရင် ဆေးတွေက သုံးသင့် မသုံးသင့်ဆိုတာ ကမ္ဘာ့ကျန်းမာရေးဋ္ဌာနက ကြည့်ပြီးစမ်းသပ်ပြီးမှ ဆုံးဖြတ်မှာ ဖြစ်ပါ တယ်။

ကျွန်မတို့လည်း မသေချာဘဲနဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေကိုအပေါ်မှာ ဒီဆေးတွေကို မသုံးပါဘူး” ဟု ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *