ကိုဗစ္အႏၲရာယ္ေၾကာင့္ ရန္ကုန္က ကြမ္းယာဆိုင္ေတြ ပိတ္ခိုင္းၿပီ

ကိုဗစ္-၁၉“ပထမလႈိင္းတုန္းကေတာ့ ပိတ္ဖို႔မေျပာခဲ့ေပမဲ့ အခုက ေတာ္ေတာ္ဆိုးလာၿပီ။ ကြမ္းယာဆိုင္က ဘယ္ေလာက္ပဲ ပါဆယ္ေရာင္း ေရာင္း ႏွစ္ေယာက္၊ သုံးေယာက္ေလာက္လာတာနဲ႔ စကားေျပာဘာေျပာနဲ႔ စုမိေနတယ္။ ဘယ္လိုမွ အဆင္မေျပဘူး။ ကြၽန္ေတာ္တို႔ စည္ ပင္ေကာ္မတီရဲ႕ လုပ္ပိုင္ခြင့္ထဲကေန လုပ္တာျဖစ္တယ္။“လို႔ ဦးျမင့္ျမတ္သူက ေျပာပါတယ္။ဒါ့အျပင္ တာေမြၿမိဳ႕နယ္မွာလည္း လမ္းေဘး မွာ ေရာင္းခ်ေနတဲ့ ကြမ္းယာဆိုင္ေတြကို မနက္ျဖန္ကစၿပီး ပိတ္သိမ္းခိုင္းေတာ့မွာျဖစ္သလို မပိတ္တဲ့ဆိုင္ေတြကို သဘာဝေဘးအႏၲရာယ္ ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒအရ အေရးယူသြားမယ္လို႔ တာေမြၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီဥကၠ႒ ဦးေအာင္မ်ိဳးလင္းက ေျပာပါတယ္။

“မနက္ျဖန္ပိတ္ဖို႔အတြက္ အခုႏႈိးေဆာ္တာေတြ လုပ္ေတာ့မွာပါ။ ကြမ္းယာဆိုင္၊ ျပင္ပကလာေရာင္းတဲ့ လမ္းေဘးေဈးသည္ေတြကို ပိတ္ သိမ္းသြားမွာပါ။“လို႔ ဦးေအာင္မ်ိဳးလင္းက ေျပာပါတယ္။ဒါ့အျပင္ ျပည္သူက သတင္းေပး တိုင္ၾကားရင္လည္း သြားေရာက္သိမ္းဆည္း အ ေရးယူသြားမယ္လို႔ ေျပာပါတယ္။ သဃၤန္းကြၽန္းၿမိဳ႕နယ္မွာေတာ့ ပိတ္သိမ္းခိုင္းတာမ်ိဳး မရွိဘဲ ေန႔လည္(၁၂)နာရီအထိ ေဈးေရာင္းခ် ခြင့္ျပဳ ထားတယ္လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ စည္ပင္သာယာအုပ္ခ်ဳပ္ေရးမႉး႐ုံးက သိရပါတယ္။ အခုအခ်ိန္မွာေတာ့ ရန္ကုန္မွာ ကိုဗစ္လူနာ အ ေယာက္(၄၀၀၀)ေက်ာ္ရွိေနၿပီး ေသဆုံးသူအေယာက္ (၁၀၀)ေက်ာ္မွာလည္း ရန္ကုန္က အမ်ားဆုံးျဖစ္ေနပါတယ္။

ရန္ကုန္ တိုင္းေဒသႀကီးထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ ကြမ္းယာဆိုင္ေတြ ကို မနက္ျဖန္ စက္တင္ဘာလ(၂၄)ရက္ကစၿပီး သက္ဆိုင္ရာ ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီအစီအစဥ္နဲ႔ ပိတ္သိမ္းခိုင္းေတာ့မယ္လို႔ တာဝန္ရွိသူေတြဆီက သိရပါတယ္။ ရန္ကုန္မွာ ကိုဗစ္ကူးစက္မႈႏႈန္း ျမင့္မားလာတဲ့အတြက္ တိုက္႐ိုက္ထိေတြ႕မႈေတြ ျဖစ္ေစတဲ့ ကြမ္းယာဆိုင္ေတြကို သက္ဆိုင္ရာ စည္ပင္သာယာေရးေကာ္မတီအစီအစဥ္နဲ႔ ပိတ္သိမ္းမွာျဖစ္ပါတယ္။“ကြၽန္ေတာ္တို႔ ပုဇြန္ေတာင္ၿမိဳ႕နယ္မွာေတာ့ မနက္ျဖန္ကစၿပီးပိတ္ပါၿပီ။ ၿမိဳ႕နယ္ အေနနဲ႔ လုပ္တာပါ။ ၫႊန္ၾကား ခ်က္ကေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္တာကို ရည္ၫြန္းၿပီးေတာ့။

လုပ္သင့္၊ လုပ္ထိုက္တယ္ထင္လို႔လုပ္တာ။“လို႔ ပုဇြန္ေတာင္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးျမင့္ျမတ္သူက ေျပာပါတယ္။ စားေသာက္ဆိုင္ေတြနဲ႔ လဖက္ရည္ဆိုင္ေတြကို ပါဆယ္စနစ္ေရာင္းခ် ခြင့္ျပဳထားခ်ိန္မွာ ကြမ္းယာဆိုင္ေတြဟာ တစ္ေယာက္နဲ႔ တစ္ ေယာက္(၆)ေပျခားဖို႔ ခက္ခဲၿပီး ကူးစက္မႈအႏၲရာယ္ရွိႏိုင္လို႔ ပိတ္သိမ္းခိုင္းတာလို႔ သိရပါတယ္။

REF: O Media

UNICODE

ကိုဗစ်-၁၉“ပထမလှိုင်းတုန်းကတော့ ပိတ်ဖို့မပြောခဲ့ပေမဲ့ အခုက တော်တော်ဆိုးလာပြီ။ ကွမ်းယာဆိုင်က ဘယ်လောက်ပဲ ပါဆယ်ရောင်း ရောင်း နှစ်ယောက်၊ သုံးယောက်လောက်လာတာနဲ့ စကားပြောဘာပြောနဲ့ စုမိနေတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ကျွန်တော်တို့ စည် ပင်ကော်မတီရဲ့ လုပ်ပိုင်ခွင့်ထဲကနေ လုပ်တာဖြစ်တယ်။“လို့ ဦးမြင့်မြတ်သူက ပြောပါတယ်။ဒါ့အပြင် တာမွေမြို့နယ်မှာလည်း လမ်းဘေး မှာ ရောင်းချနေတဲ့ ကွမ်းယာဆိုင်တွေကို မနက်ဖြန်ကစပြီး ပိတ်သိမ်းခိုင်းတော့မှာဖြစ်သလို မပိတ်တဲ့ဆိုင်တွေကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမယ်လို့ တာမွေမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ပြောပါတယ်။

“မနက်ဖြန်ပိတ်ဖို့အတွက် အခုနှိုးဆော်တာတွေ လုပ်တော့မှာပါ။ ကွမ်းယာဆိုင်၊ ပြင်ပကလာရောင်းတဲ့ လမ်းဘေးဈေးသည်တွေကို ပိတ် သိမ်းသွားမှာပါ။“လို့ ဦးအောင်မျိုးလင်းက ပြောပါတယ်။ဒါ့အပြင် ပြည်သူက သတင်းပေး တိုင်ကြားရင်လည်း သွားရောက်သိမ်းဆည်း အ ရေးယူသွားမယ်လို့ ပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာတော့ ပိတ်သိမ်းခိုင်းတာမျိုး မရှိဘဲ နေ့လည်(၁၂)နာရီအထိ ဈေးရောင်းချ ခွင့်ပြု ထားတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ အခုအချိန်မှာတော့ ရန်ကုန်မှာ ကိုဗစ်လူနာ အ ယောက်(၄၀၀၀)ကျော်ရှိနေပြီး သေဆုံးသူအယောက် (၁၀၀)ကျော်မှာလည်း ရန်ကုန်က အများဆုံးဖြစ်နေပါတယ်။

ရန်ကုန် တိုင်းဒေသကြီးထဲက မြို့နယ်တချို့မှာ ကွမ်းယာဆိုင်တွေ ကို မနက်ဖြန် စက်တင်ဘာလ(၂၄)ရက်ကစပြီး သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေးကော်မတီအစီအစဉ်နဲ့ ပိတ်သိမ်းခိုင်းတော့မယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။ ရန်ကုန်မှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားလာတဲ့အတွက် တိုက်ရိုက်ထိတွေ့မှုတွေ ဖြစ်စေတဲ့ ကွမ်းယာဆိုင်တွေကို သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီအစီအစဉ်နဲ့ ပိတ်သိမ်းမှာဖြစ်ပါတယ်။“ကျွန်တော်တို့ ပုဇွန်တောင်မြို့နယ်မှာတော့ မနက်ဖြန်ကစပြီးပိတ်ပါပြီ။ မြို့နယ် အနေနဲ့ လုပ်တာပါ။ ညွှန်ကြား ချက်ကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တာကို ရည်ညွန်းပြီးတော့။

လုပ်သင့်၊ လုပ်ထိုက်တယ်ထင်လို့လုပ်တာ။“လို့ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်မြတ်သူက ပြောပါတယ်။ စားသောက်ဆိုင်တွေနဲ့ လဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ်ရောင်းချ ခွင့်ပြုထားချိန်မှာ ကွမ်းယာဆိုင်တွေဟာ တစ်ယောက်နဲ့ တစ် ယောက်(၆)ပေခြားဖို့ ခက်ခဲပြီး ကူးစက်မှုအန္တရာယ်ရှိနိုင်လို့ ပိတ်သိမ်းခိုင်းတာလို့ သိရပါတယ်။

REF:  O Media

Add a Comment

Your email address will not be published. Required fields are marked *