ကိုဗစ္ေၾကာင့္ ရန္ကုန္ၿမိဳ႕တြင္ အိမ္ျပင္မထြက္ရအေျခအေန ျဖစ္ေပၚလာပါက အေျခခံစားကုန္မ်ား ျဖန႔္ျဖဴးေပးႏိုင္ရန္ စီစဥ္ေန

ကိုဗစ္-19 ပထမလႈိင္းကာလတြင္ ရိကၡာျဖန႔္ေဝမႈကို ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး လက္ရွိ ရန္ကုန္တိုင္းေဒသႀကီးတြင္ COVID-19 ေရာဂါျပန႔္ပြားမႈ မ်ားျပားေနျခင္း၊ လုပ္အားေပး ခက္ခဲ မႈမ်ား ျဖစ္ေပၚေနျခင္းေၾကာင့္ လူအမ်ား စိုးရိမ္ေၾကာင့္ၾကမႈမ်ား ျဖစ္ေပၚေနေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေအာင္ထူးကေျပာသည္။ထို႔ေၾကာင့္ လိုအပ္၍ ရန္ကုန္တြင္ ျပည္သူ မ်ားအား မိမိေနအိမ္တြင္သာ ေနထိုင္ေစမည့္ အမိန႔္ထပ္မံ ထုတ္ျပန္ရမည္ ဆိုပါက မိသားစုမ်ားအတြက္ ႏွစ္ပတ္စာခန႔္ စားေသာက္ႏိုင္ သည့္ ရိကၡာ ျဖန႔္ျဖဴးေပးႏိုင္ေရး စီစဥ္ ေဆာင္႐ြက္ထားရန္ လိုအပ္မည္ ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း Ration စနစ္ ျဖင့္ အေျခခံစားကုန္မ်ား ျဖန႔္ျဖဴးေပးႏိုင္ေရး စီမံေဆာင္႐ြက္ထားရန္ စက္တင္ဘာလ ၂၃ ရက္က Zoom Application ျဖင့္ က်င္းပ ျပဳလုပ္ေသာ အစည္းအေဝးတြင္ စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျပည္ ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က လုပ္ငန္းရွင္ အသင္းအဖြဲ႕မ်ားကို တိုက္တြန္းေျပာဆိုသည္။ COVID-19 ကူးစက္ေရာဂါ ျပန႔္ပြားမႈ ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ရိကၡာျဖန႔္ေဝရန္ လိုအပ္ပါက ျဖန႔္ေဝေပးရန္ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳး သား အဆင့္ဗဟို ေကာ္မတီက ၫႊန္ၾကားခ်က္ရွိ၍ လည္းေကာင္း၊ COVID-19 ဒုတိယလႈိင္းသည္ ရန္ကုန္တိုင္း ေဒသႀကီးတြင္။

ပိုမိုႀကဳံေတြ႕ ခံစားေနရ၍ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက လိုအပ္သည့္ ကန႔္သတ္မႈမ်ား ျပဳလုပ္ေန၍လည္းေကာင္း တိုင္းေဒသ ႀကီးရွိ ျပည္သူမ်ားသို႔ ရိကၡာျဖန႔္ေဝႏိုင္ေရးအတြက္ ရိကၡာဝယ္ယူ စုေဆာင္းေရးႏွင့္ ျဖန႔္ျဖဴးမည့္ အစီအစဥ္မ်ားကို ညႇိႏႈိင္းေဆြးေႏြးၾကရန္ ၎ကေျပာဆိုသည္။ထိုသို႔ လုပ္ေဆာင္ရာတြင္လည္း ျဖန႔္ေဝမည့္ ရိကၡာမ်ား အလြယ္တကူရရွိ ေရးႏွင့္ ရိကၡာျဖန႔္ေဝ မႈေၾကာင့္ လူစုလူေဝး မျဖစ္ေစရန္ လုပ္ေဆာင္ရန္ လိုအပ္မည္ျဖစ္ေၾကာင္းသိရသည္။စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီး ဌာနအေနျဖင့္ အေရးေပၚရိ ကၡာစုေဆာင္းမႈကို အတိုင္းအတာ တစ္ခုအထိ စုေဆာင္းၿပီးျဖစ္ရာ ထပ္မံစုေဆာင္းရန္ လိုအပ္သည္မ်ား။

ျဖန႔္ျဖဴးေပးေရး အစီအစဥ္မ်ားကို ဝိုင္းဝန္းအႀကံျပဳ ေဆြးေႏြးေပးၾကရန္ ၎ကေျပာဆိုသည္။အဆိုပါ အစည္းအေဝးတြင္ COVID -19 ဒု တိယလႈိင္းသည္ ရန္ကုန္တိုင္း ေဒသႀကီးအတြင္း ပိုမိုကူးစက္ျပန႔္ပြားေနျခင္းေၾကာင့္ ႏွစ္ပတ္ၾကာခန႔္ ရိကၡာမ်ားေထာက္ပံ့ေပးႏိုင္ေရး၊ ျပည္ သူမ်ားသို႔ စားနပ္ရိကၡာမ်ား ျဖန႔္ျဖဴးႏိုင္ေရးအတြက္ ရိကၡာဝယ္ယူစုေဆာင္းေရး၊ ထုတ္ပိုးေရး၊ ျဖန႔္ျဖဴးႏိုင္ေရး၊ျဖန႔္ေဝမည့္ရိကၡာ အစိုအ ေျခာက္မ်ား အလြယ္တကူ ဝယ္ယူ ရရွိႏိုင္ေရးႏွင့္ ျဖန႔္ေဝမႈေၾကာင့္ လူစုလူေဝး မျဖစ္ေပၚေစေရးတို႔ကို ေဆြးေႏြးခဲ့ၾကသည္။

REF: The Fifth Wave News

UNICODE

ကိုဗစ်-19 ပထမလှိုင်းကာလတွင် ရိက္ခာဖြန့်ဝေမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါပြန့်ပွားမှု များပြားနေခြင်း၊ လုပ်အားပေး ခက်ခဲ မှုများ ဖြစ်ပေါ်နေခြင်းကြောင့် လူအများ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးကပြောသည်။ထို့ကြောင့် လိုအပ်၍ ရန်ကုန်တွင် ပြည်သူ များအား မိမိနေအိမ်တွင်သာ နေထိုင်စေမည့် အမိန့်ထပ်မံ ထုတ်ပြန်ရမည် ဆိုပါက မိသားစုများအတွက် နှစ်ပတ်စာခန့် စားသောက်နိုင် သည့် ရိက္ခာ ဖြန့်ဖြူးပေးနိုင်ရေး စီစဉ် ဆောင်ရွက်ထားရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Ration စနစ် ဖြင့် အခြေခံစားကုန်များ ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရန် စက်တင်ဘာလ ၂၃ ရက်က Zoom Application ဖြင့် ကျင်းပ ပြုလုပ်သော အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က လုပ်ငန်းရှင် အသင်းအဖွဲ့များကို တိုက်တွန်းပြောဆိုသည်။ COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရိက္ခာဖြန့်ဝေရန် လိုအပ်ပါက ဖြန့်ဝေပေးရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုး သား အဆင့်ဗဟို ကော်မတီက ညွှန်ကြားချက်ရှိ၍ လည်းကောင်း၊ COVID-19 ဒုတိယလှိုင်းသည် ရန်ကုန်တိုင်း ဒေသကြီးတွင်။

ပိုမိုကြုံတွေ့ ခံစားနေရ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက လိုအပ်သည့် ကန့်သတ်မှုများ ပြုလုပ်နေ၍လည်းကောင်း တိုင်းဒေသ ကြီးရှိ ပြည်သူများသို့ ရိက္ခာဖြန့်ဝေနိုင်ရေးအတွက် ရိက္ခာဝယ်ယူ စုဆောင်းရေးနှင့် ဖြန့်ဖြူးမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြရန် ၎င်းကပြောဆိုသည်။ထိုသို့ လုပ်ဆောင်ရာတွင်လည်း ဖြန့်ဝေမည့် ရိက္ခာများ အလွယ်တကူရရှိ ရေးနှင့် ရိက္ခာဖြန့်ဝေ မှုကြောင့် လူစုလူဝေး မဖြစ်စေရန် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်းသိရသည်။စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် အရေးပေါ်ရိ က္ခာစုဆောင်းမှုကို အတိုင်းအတာ တစ်ခုအထိ စုဆောင်းပြီးဖြစ်ရာ ထပ်မံစုဆောင်းရန် လိုအပ်သည်များ။

ဖြန့်ဖြူးပေးရေး အစီအစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ၎င်းကပြောဆိုသည်။အဆိုပါ အစည်းအဝေးတွင် COVID -19 ဒု တိယလှိုင်းသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပိုမိုကူးစက်ပြန့်ပွားနေခြင်းကြောင့် နှစ်ပတ်ကြာခန့် ရိက္ခာများထောက်ပံ့ပေးနိုင်ရေး၊ ပြည် သူများသို့ စားနပ်ရိက္ခာများ ဖြန့်ဖြူးနိုင်ရေးအတွက် ရိက္ခာဝယ်ယူစုဆောင်းရေး၊ ထုတ်ပိုးရေး၊ ဖြန့်ဖြူးနိုင်ရေး၊ဖြန့်ဝေမည့်ရိက္ခာ အစိုအ ခြောက်များ အလွယ်တကူ ဝယ်ယူ ရရှိနိုင်ရေးနှင့် ဖြန့်ဝေမှုကြောင့် လူစုလူဝေး မဖြစ်ပေါ်စေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

REF:  The Fifth Wave News

Add a Comment

Your email address will not be published. Required fields are marked *