ကိုဗစ္ ဒုတိယလႈိင္းၿပီးလွ်င္ ေနာက္ထပ္လႈိင္း မ်ား လာႏိုင္၍ ကာကြယ္ေဆး‌ေပၚၿပီးမွသာ စိတ္ ခ်ရမည္ ဟု က်န္းမာေရးဝန္ႀကီးေျပာၿပီ

ယေန႔ ကိုဗစ္-၁၉ျဖစ္ပြားေနမႈႏွင့္ ပတ္သက္ၿပီး နည္းပညာပိုင္းဆိုင္ရာ ကူညီပံ့ပိုး အႀကံျပဳ အားျဖည့္ေဆာင္႐ြက္ႏိုင္ေရး အဖြဲ႕” ဥကၠ႒ က်န္း မာေရးဝန္ႀကီးဌာန၊ ဝန္ႀကီး (ၿငိမ္း) ပါေမာကၡ ေဒါက္တာေက်ာ္ျမင့္က COVID-19 သည္ လုံးဝပေပ်ာက္သြားျခင္းမ်ိဳးမရွိဘဲ ကမာၻေပၚတြင္ ဆက္လက္ရွိေနဦးမည္ ျဖစ္သျဖင့္ ေရာဂါကာကြယ္ရန္အတြက္ မိမိတို႔အားလုံးသည္ ေနထိုင္မႈပုံစံအသစ္ျဖင့္ လိုက္ေလ်ာညီေထြ စြာ ေနထိုင္ သြားရမည္ ျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ယခု ကိုဗစ္ ကူးစက္ မႈ ဒုတိယလႈိင္းေနာက္တြင္လည္း ကူးစက္မႈ လႈိင္းမ်ား ရွိလာႏိုင္ ေၾကာင္း၊ ဒုတိယလႈိင္း ၿပီးဆုံးၿပီးေနာက္လည္း ျပည္သူမ်ားအေနႏွင့္ ေရာဂါကာကြယ္ေရးဆိုင္ရာ ေဆာင္ရန္၊ ေရွာင္ရန္အခ်က္မ်ားကို။

ဆက္ လက္လိုက္နာ ေဆာင္႐ြက္ရန္ လိုအပ္ၿပီး ကမာၻေပၚတြင္ ထိေရာက္အစြမ္းထက္ေသာ ကာကြယ္ေဆးမ်ား ေပၚထြက္လာၿပီး။ ျပည္သူ မ်ား ထိုးႏွံၿပီးမွသာ ကိုဗစ္ ကူးစက္မႈလႈိင္းမ်ား ထပ္မံမျဖစ္ပြားေတာ့မည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးေဒါက္တာျမင့္ေထြးက ေျပာၾကားလိုက္ပါတယ္။မိမိ တို႔ႏိုင္ငံတြင္ ကိုဗစ္ ကပ္ေရာဂါကူးစက္မႈ ပထမလႈိင္း ျဖစ္ပြားၿပီးေနာက္ ေရာဂါ ကာကြယ္ေရး နည္းလမ္းမ်ားအား လိုက္နာေဆာင္႐ြက္မႈ အားနည္းခဲ့ေၾကာင္း၊ ကိုဗစ္သည္ အသက္ရႉလမ္းေၾကာင္းမွ ကူးစက္ျဖစ္ပြားျခင္း၊ ေရာဂါဗိုင္းရပ္စ္ပိုးသည္ မ်ိဳးဗီဇေျပာင္းလဲမႈမ်ားရွိေနျခင္း၊ ေရာဂါကူးစက္ခံထားရေသာ္လည္း ေရာဂါလကၡဏာမရွိသူမ်ား ရွိျခင္း။

စသည့္ အခ်က္မ်ားေၾကာင့္ သတိထားရမည္ျဖစ္ေၾကာင္း ေဒါက္တာျမင့္ေထြးက ရွင္းျပပါတယ္။သို႔ျဖစ္၍ ကာကြယ္ေဆးထိုးလုပ္ငန္းမ်ားကို ထိေရာက္ေသာ ကာကြယ္ေဆးမေပၚမီအခ်ိန္အထိ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္ ဆက္လက္ လုပ္ေဆာင္ ရမည္ျဖစ္ေၾကာင္း ဝန္ႀကီးက သတိေပးပါတယ္။ ျပည္သူမ်ားအေနျဖင့္လည္း ေပါ့ဆမႈ (လုံးဝ) မရွိဘဲ ေရွ႕ဆက္လက္၍ ေရာဂါ ကာကြယ္ေရး နည္းလမ္းမ်ားကို တိက်စြာ လိုက္နာေဆာင္႐ြက္ၾကေစလိုေၾကာင္း ေဒါက္တာျမင့္ေထြးက ပန္ၾကားလိုက္ပါတယ္။ စက္တင္ ဘာလ ၂၃ ရက္ေန႔က COVID-19 ကပ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ အႀကံေပးအဖြဲ႕မ်ားႏွင့္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနတို႔ ညႇိႏႈိင္းေဆြးေႏြးပြဲျပဳလုပ္စဥ္ ဝန္ႀကီးက အထက္ပါအတိုင္း ေျပာၾကားလိုက္ျခင္း ျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ မိမိအိမ္တြင္သာ ေနထိုင္ေရး (Stay at Home) အစီအစဥ္ျဖင့္ လုပ္ေဆာင္ေနေသာ္လည္း အမွန္တကယ္ လိုက္ နာေဆာင္႐ြက္မွသာ ႏွစ္ပတ္ၾကာ ကာလတြင္ ေရာဂါကူးစက္ျဖစ္ပြားမႈႏႈန္း ေလ်ာ့က်လာမည္ျဖစ္ေၾကာင္း၊ လက္ခစားလုပ္ငန္း (CMP) စက္႐ုံ၊ အလုပ္႐ုံမ်ားလည္း လာမည့္ (၂၄) ရက္ေန႔မွစ၍ ေခတၱ ပိတ္ထားမည္ျဖစ္၍ ကူးစက္မႈမ်ား က်သြားမည္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနထံမွ သိရပါတယ္။ဆက္လက္ ဖြင့္လွစ္ခြင့္ရရွိေသာ စက္႐ုံ၊ အလုပ္႐ုံမ်ားကိုလည္း ေရာဂါကာကြယ္ေရး ၫႊန္ၾကား ခ်က္မ်ားႏွင့္ အညီ ဖြင့္လွစ္ျခင္း ရွိ၊ မရွိအား တင္းၾကပ္စြာ စိစစ္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားလိုက္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လူနာ (၄၀၀) ထားရွိႏိုင္သည့္ COVID-19 ကုသေရးဌာန (သုဝဏၰ)တြင္ (၂၀) ခုတင္ပါဝင္သည့္ အထူး ၾကပ္မတ္ကုသ (ICU) ေဆာင္ႏွင့္ ခုတင္ (၈၀) ပါဝင္သည့္ High Dependency Unit တို႔ကို ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ရွိ ေအာင္ျမင့္မိုရ္အိမ္ရာတြင္ ခုတင္ (၁,၅၀၀) ပါဝင္သည့္ ယာယီ ေဆး႐ုံကိုလည္း တည္ေဆာက္လုပ္ေဆာင္ေနပါတယ္။

REF: SHWE WIKI

UNICODE

ယနေ့ ကိုဗစ်-၁၉ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြု အားဖြည့်ဆောင်ရွက်နိုင်ရေး အဖွဲ့” ဥက္ကဋ္ဌ ကျန်း မာရေးဝန်ကြီးဌာန၊ ဝန်ကြီး (ငြိမ်း) ပါမောက္ခ ဒေါက်တာကျော်မြင့်က COVID-19 သည် လုံးဝပပျောက်သွားခြင်းမျိုးမရှိဘဲ ကမ္ဘာပေါ်တွင် ဆက်လက်ရှိနေဦးမည် ဖြစ်သဖြင့် ရောဂါကာကွယ်ရန်အတွက် မိမိတို့အားလုံးသည် နေထိုင်မှုပုံစံအသစ်ဖြင့် လိုက်လျောညီထွေ စွာ နေထိုင် သွားရမည် ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ယခု ကိုဗစ် ကူးစက် မှု ဒုတိယလှိုင်းနောက်တွင်လည်း ကူးစက်မှု လှိုင်းများ ရှိလာနိုင် ကြောင်း၊ ဒုတိယလှိုင်း ပြီးဆုံးပြီးနောက်လည်း ပြည်သူများအနေနှင့် ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များကို။

ဆက် လက်လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပြီး ကမ္ဘာပေါ်တွင် ထိရောက်အစွမ်းထက်သော ကာကွယ်ဆေးများ ပေါ်ထွက်လာပြီး။  ပြည်သူ များ ထိုးနှံပြီးမှသာ ကိုဗစ် ကူးစက်မှုလှိုင်းများ ထပ်မံမဖြစ်ပွားတော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။မိမိ တို့နိုင်ငံတွင် ကိုဗစ် ကပ်ရောဂါကူးစက်မှု ပထမလှိုင်း ဖြစ်ပွားပြီးနောက် ရောဂါ ကာကွယ်ရေး နည်းလမ်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခဲ့ကြောင်း၊ ကိုဗစ်သည် အသက်ရှူလမ်းကြောင်းမှ ကူးစက်ဖြစ်ပွားခြင်း၊ ရောဂါဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲမှုများရှိနေခြင်း၊ ရောဂါကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမရှိသူများ ရှိခြင်း။

စသည့် အချက်များကြောင့် သတိထားရမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ရှင်းပြပါတယ်။သို့ဖြစ်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ထိရောက်သော ကာကွယ်ဆေးမပေါ်မီအချိန်အထိ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် လုပ်ဆောင် ရမည်ဖြစ်ကြောင်း ဝန်ကြီးက သတိပေးပါတယ်။ ပြည်သူများအနေဖြင့်လည်း ပေါ့ဆမှု (လုံးဝ) မရှိဘဲ ရှေ့ဆက်လက်၍ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြစေလိုကြောင်း ဒေါက်တာမြင့်ထွေးက ပန်ကြားလိုက်ပါတယ်။ စက်တင် ဘာလ ၂၃ ရက်နေ့က COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အကြံပေးအဖွဲ့များနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်စဉ် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် မိမိအိမ်တွင်သာ နေထိုင်ရေး (Stay at Home) အစီအစဉ်ဖြင့် လုပ်ဆောင်နေသော်လည်း အမှန်တကယ် လိုက် နာဆောင်ရွက်မှသာ နှစ်ပတ်ကြာ ကာလတွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာမည်ဖြစ်ကြောင်း၊ လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများလည်း လာမည့် (၂၄) ရက်နေ့မှစ၍ ခေတ္တ ပိတ်ထားမည်ဖြစ်၍ ကူးစက်မှုများ ကျသွားမည်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရပါတယ်။ဆက်လက် ဖွင့်လှစ်ခွင့်ရရှိသော စက်ရုံ၊ အလုပ်ရုံများကိုလည်း ရောဂါကာကွယ်ရေး ညွှန်ကြား ချက်များနှင့် အညီ ဖွင့်လှစ်ခြင်း ရှိ၊ မရှိအား တင်းကြပ်စွာ စိစစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူနာ (၄၀၀) ထားရှိနိုင်သည့် COVID-19 ကုသရေးဌာန (သုဝဏ္ဏ)တွင် (၂၀) ခုတင်ပါဝင်သည့် အထူး ကြပ်မတ်ကုသ (ICU) ဆောင်နှင့် ခုတင် (၈၀) ပါဝင်သည့် High Dependency Unit တို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ အောင်မြင့်မိုရ်အိမ်ရာတွင် ခုတင် (၁,၅၀၀) ပါဝင်သည့် ယာယီ ဆေးရုံကိုလည်း တည်ဆောက်လုပ်ဆောင်နေပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *