(၂၄-၉-၂၀၂၀)ည (၈:၀၀)နာရီCOVID-19 အတည်ပြုလူနာသစ်(၅၁၇)ဦး ထပ်တွေ့ကြောင်း သတင်းထုတ်ပြန်





REF: MINISTRY OF HEALTH

UNICODE

ဓာတ်ခွဲ အတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၂,၃၈၁) ဦး အား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။
ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၅၀)ဦး ရှိပါသည်။ (၂၃-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၄-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိ ရသော စောင့်ကြည့်လူနာ အသစ် (၄၁၆) ဦးရှိပါသည်။ (၂၄-၉-၂၀၂၀) ရက် နေ့၊ နံနက် (၈:၀၀)နာရီမှ ည (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁,၀၂၇)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ (၄၉၈) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၈၂) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၁၄၂) ခု၊နေပြည်တော် ပြည်သူ့ဆေးရုံ ကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၅) ခု၊ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊

ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊ ပြည်သူ့ဆေးရုံ၊ မူဆယ် မြို့ ဓာတ်ခွဲနမူနာ (၅) ခု၊ပြည်သူ့ဆေးရုံ၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၃၉) ခု၊
ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁၆) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၃၅) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊

ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြ မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှဓာတ်ခွဲနမူနာ (၂၀၁)ခုနှင့် စစ်တွေမြို့၊ အမှတ် (၁၇) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀) မှ ဓာတ်ခွဲနမူနာ (၇) ခု စုစုပေါင်း (၂,၄၂၆) ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၁၇) ဦး တွေ့ရှိရပါသည်။(၂၄-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၈,၃၄၄) ဦး ရှိပြီ ဖြစ်ပါသည်။

REF:  MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *