နာမည်ကြီး ဟာသမြောက်လွန်း တဲ့ ကိုပေါက် ရဲ့ Tik Tok ဗီဒီယိုအသစ်




Happy – Cele Zone

Photo – Aung Min Naing

UNICODE

ချစ်ဇနီးနဲ့ သားလေးနှစ်ယောက်ကိုလည်း အတူတူသရုပ်ဆောင်ခိုင်း တတ်ပြီး မိသားစုလိုက် Tik Tok ဆော့ကြတဲ့အခါ လေးယောက်သား ရဲ့ချစ်စရာဟန်ပန်အမူအရာလေးတွေဟာ ကြည့်ရှုသူတိုင်းကို စိတ်အပန်းပြေစေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ကိုပေါက်ရဲ့ Tik Tok ဗီဒီယိုအသစ်လေးကို အားလုံး ရယ်မောပျော်ရွှင်ရအောင် တင်ဆက်ပေးလိုက်ပါတယ်။

အမြဲတမ်းဟာသ Tik Tok လေးတွေ ရိုက်တတ်တဲ့ကိုပေါက်ကြောင့် ပရိသတ်ကြီးလည်း Stay Home ကာလတွေမှာ မပျင်းရဘဲ ပျော်နေ တာတော့အမှန်ပါပဲ။ ပုံစံမျိုးစုံ အကြောင်းအရာမျိုးစုံကို မတူညီတဲ့ပုံစံနဲ့ ဟာသ သရုပ်ဖော်ပြီး ပရိသတ်ကြီးကိုပျော်ရွှင်အောင် ဖန်တီးပေးတဲ့ ဒါရိုက်တာကြီးရဲ့ စေတနာတွေကြောင့် အားလုံးရဲ့ ရင်မောစရာတွေ ထဲကမှ ပျော်စရာလေးတွေကြောင့် ဘဝအမောတွေ အနည်းနဲ့အများ ပြေသွားခဲ့ကြပါတယ်။

ဒီတစ်ခေါက်မှာလည်း ခြိမ့်ကေကို (Banana) ရဲ့ ဗီဒီယိုနှစ်ခုပေါင်းစပ် ထားတဲ့ ဟာသဗီဒီယိုက အသံလေးကိုယူပြီး ရုပ်ပိုင်းဆိုင်ရာ သရုပ် ဆောင်ချက်နဲ့ ဟာသမြောက်အောင်ဖန်တီးထားတာ မရယ်ဘဲမနေနိုင်လောက်အောင်ပါပဲ။ ဟာသရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတာလည်း ကြာခဲ့ပြီဖြစ်သလို ကိုယ်တိုင်လည်းပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့သူတစ်ယောက်ပါ။

Happy – Cele Zone

Photo – Aung Min Naing

Add a Comment

Your email address will not be published. Required fields are marked *