ရန္ကုန္ရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ အနံ႔ေပ်ာက္ လူနာ အေရအတြက္ မ်ားျပား လာၿပီး ေဆး႐ုံ မ်ားတြင္ ေနရာလြတ္ မရွိေတာ့ဟု ဆို

ေဆး႐ုံမွ လက္မခံေသာ သံသယလူနာတစ္ဦးမွာ အိမ္တြင္ ကိုယ္ဝန္ေဆာင္သည္ အမ်ိဳးသမီးရွိေသာေၾကာင့္ အိမ္သို႔မျပန္ပဲ ေလွ်ာက္သြားေန သည့္အတြက္ အိမ္တြင္ Home Quarantine ေနရန္ ေဖ်ာင္းဖ်ေျပာဆိုခဲ့ရသည္ဟု ေတာင္ဒဂုံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တာဝန္ ရွိသူက ေျပာၾကားသည္။သူက ေရာဂါသံသယရွိလို႔ဆိုၿပီး ေဆး႐ုံကို လႊဲခံရတယ္။ ဒါေပမယ့္ ေဆး႐ုံမွာ လူနာလက္ခံဖို႔ေနရာမရွိတဲ့အတြက္ အိမ္ကို ျပန္လႊတ္တယ္။ သူက အိမ္မျပန္ခ်င္ဘူး ။ သူ႔အမ်ိဳးသမီးက ကိုယ္ဝန္နဲ႔မို႔ သူမွာေရာဂါရွိရင္ ကူးမွာစိုးတယ္။ ဒါကို ကြၽန္ေတာ္တို႔က သူ႔အိမ္က အခန္းထဲမွာ သီးသန႔္ေနဖို႔ ေဖ်ာင္းဖ်ခဲ့ရတယ္” ဟု အဆိုပါ တာဝန္ရွိသူက ေျပာၾကားသည္။

လက္ရွိတြင္ အနံ႔အရသာ မရေတာ့သျဖင့္ ကူညီေပးရန္ ဖုန္းဆက္ေျပာၾကားသူ တစ္ေန႔လွ်င္ လူအေယာက္ ၃၀ ခန႔္ရွိသည္ဟု ေတာင္ဒဂုံၿမိဳ႕ နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက ေျပာၾကားသည္။ စက္တင္ဘာ ၂၃ ရက္ နံနက္အထိ ေတာင္ဒဂုံၿမိဳ႕နယ္တြင္ COVID-19 ပိုး ေတြ႕ လူနာ ၁၃၈ ဦးရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။ရန္ ကုန္၊ လႈိင္ၿမိဳ႕နယ္မွာ အနံ ေပ်ာက္ေနတဲ့ ကိုဗစ္သံသယလူနာ (၈၂) ဦး ရွိေနၿပီးေတာ့ ေဆး႐ုံးေတြမွာ လက္ခံဖို႔ခက္ခဲေနတဲ့အတြက္ လႈိင္ၿမိဳ႕နယ္မွာ ပဲတစ္စုထဲထားဖို႔ စီစဥ္ေနတယ္လို႔ လႈိင္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ေက်ာ္ဦးက ေျပာပါတယ္။

“အခု RC 2 ထဲက ေမခေဆာင္မွာ ျပင္ဆင္ထားတယ္။ ကုတင္၊ အခင္း၊ ေအာက္ဆီဂ်င္ဘူး၊ MEDIACAL TEAM ေတြ စားဖို႔ေသာက္ဖို႔ ေရာ၊ ေစတနာဝန္ထမ္းေတြေရာျပင္ဆင္ထားတယ္။ တိုင္းက်န္မားေရးက ခြင့္ျပဳခ်က္ရရင္စလို႔ရၿပီ။” လို႔ ဦးေအာင္ေက်ာ္ေက်ာ္ဦးက ေျပာပါ တယ္။ေဆး႐ုံးေတြမွာ လူနာျပည့္ေနတာေၾကာင့္ လႈိင္ၿမိဳ႕နယ္မွာေနရာတစ္ခုစီစဥ္တာျဖစ္ေပမဲ့ က်န္းမာေရးက ခြင့္မျပဳဘူးဆိုတဲ့ ေျပာဆိုမႈ ေတြရွိေနသလို အနံေပ်ာက္သံသယလူနာေတြကို လာမေခၚတာေၾကာင့္ ရပ္ကြက္ေန ျပည္သူေတြကလည္း စိုးရိမ္ေၾကာက္လန႔္ေနတယ္လို႔ သူကေျပာပါတယ္။ရပ္ကြက္ကလည္း ဒီေလာက္အနံ႔ေပ်ာက္ေနတဲ့လူကို အိမ္ျပန္လာတာကို သိပ္လက္သင့္မခံခ်င္ဘူး။

ေနာက္တစ္ခုက သူတို႔ကိုယ္တိုင္ကိုယ္ကလည္း မိသားစုကမ်ားတဲ့ လူေတြရွိတယ္။ တစ္ခါတစ္ေလက်ရင္ေနရထိုင္ရတာက ၾကပ္တည္း ေတာ့ သူတို႔ကိုယ္တိုင္ကို အိမ္မွာမေနခ်င္ဘူးေပါ့ေလ။ တစ္ျခားလူႀကီးေတြဘာေတြကူးမွာစိုးလို႔ အဲလိုအေနအထားမွာ ေတာ္ေတာ္ေလး အဆင္မေျပ ျဖစ္ေနတယ္ဟု သိရသည္။ဒီတစ္ပတ္ထဲမွာပဲ စက္တင္ဘာ (၂၄) ရက္ေန႔မနက္ထိ လႈိင္ၿမိဳ႕နယ္ Hlaing Fever Clinic ကို လာျပသူေတြထဲမွာ ေဆး႐ုံကိုပို႔ရမယ့္ အနံ႔ေပ်ာက္သံသယ လူနာ (၅၂)ေယာက္၊ ကာယကံရွင္ေတြကိုယ္တိုင္ ဖ်ားနာတာ၊ ေခ်ာင္းဆိုတာနဲ႔ အနံ႔ေပ်ာက္တာေၾကာင့္ သတင္းပို႔တဲ့ သူအေယာက္ (၃၀)ရွိေနတာလို႔ သိရပါတယ္။

အဲဒီ (၈၂)ေယာက္ကို ဒီေန႔စက္တင္ဘာလ(၂၄)ရက္ေန႔ထိ သူတို႔ေနအိမ္ေတြမွာပဲ အသြားလာကန႔္သတ္ေနထိုင္ဖို႔ လႈိင္ၿမိဳ႕နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေျပာၾကားထားပါတယ္။ စက္တင္ဘာလ (၂၃)ရက္ေန႔ မနက္အထိေတာ့ လႈိင္ၿမိဳ႕နယ္ထဲမွာ ကိုဗစ္လူနာ(၂၁၄) ေယာက္ထိရွိေနပါတယ္။ေတာင္ဒဂုံၿမိဳ႕နယ္ရွိ Fever Clinic သို႔ လာေရာက္ျပသသူမ်ားအနက္ သံသယလူနာမ်ားကို စံျပေဆး႐ုံသို႔ လႊဲေပး ေသာ္လည္း ေဆး႐ုံမွ လက္ခံႏိုင္သည့္ ေနရာမရွိျဖစ္ေနၿပီး လႊဲေျပာင္းခဲ့သူမ်ားအနက္ အမ်ားစုမွာ ပိုးေတြ႕ လူနာမ်ားျဖစ္ေနေၾကာင္း ေတာင္ ဒဂုံၿမိဳ႕နယ္ Fever Clinic တာဝန္ခံဆရာဝန္ ေဒါက္တာ ေဇာ္လင္းဘိုက ေျပာၾကားသည္။

ေတာင္ဒဂုံ Fever Clinic သို႔ လာေရာက္ျပသသူ အေရအတြက္မွာ စက္တင္ဘာလအတြင္း လူနာ ၄၀၀ ခန႔္ရွိၿပီး သံသယလူနာမ်ားကို စံျပေဆး႐ုံသို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ၿပီးေသာ္လည္း ေဆး႐ုံတြင္ လူနာမ်ားေနသျဖင့္ လက္ခံျခင္း မရွိေၾကာင္း၊ ယင္းလူနာမ်ားအနက္ အမ်ားစုမွာ COVID-19 ပိုးေတြ႕လူနာမ်ား ျဖစ္ေၾကာင္း ေဒါက္တာေဇာ္လင္းဘိုက ေျပာၾကားသည္။“ အခုေလာေလာဆယ္ ကြၽန္ေတာ္တို႔ ေဆးခန္းမွာက ဒီလထဲ လူ ၄၀၀ ေလာက္ လာျပၾကတယ္။ လႊဲလိုက္တဲ့ လူနာက ဟိုတစ္ေန႔ကဆို ၅၈ ေယာက္ ရွိတယ္။ အဲဒီမွာ Positive ေတြ႕တာ ၅၅ ေယာက္ရွိတယ္။ အဲဒီေနာက္ပိုင္းမွာ ေဆး႐ုံကိုလႊဲရတာ အခက္အခဲ ျဖစ္လာတယ္။

တခ်ိဳ႕လူနာေတြဆို ေပါင္းၿပီး လႊဲရတာရွိတယ္။ တစ္ေန႔က ကိုးေယာက္လႊဲတာ ကိုးေယာက္လုံး Positive ျဖစ္တယ္။ ေနာက္ပိုင္းမွာ လႊဲဖို႔ လိုလာတဲ့ လူနာေတြ ရွိေပမယ့္ ေဆး႐ုံမွာလည္း လက္ခံႏိုင္တဲ့ ေနရာအင္အား မရွိဘူး။ ေဖာင္ႀကီးကလည္း လာမေခၚေပးတဲ့ အတြက္ ေၾကာင့္ တခ်ိဳ႕လူနာေတြကို ကြၽန္ေတာ္တို႔ Stay at Home ျပန္ေနခိုင္းရတယ္”ဟု ေတာင္ဒဂုံၿမိဳ႕နယ္ Fever Clinic တာဝန္ခံ ဆရာဝန္ ေဒါက္တာ ေဇာ္လင္းဘိုက ေျပာၾကားသည္။ေတာင္ဒဂုံၿမိဳ႕နယ္ ဖ်ားနာကုသေဆာင္သို႔ လာေရာက္ျပသသည့္ လူနာ ၄ဝဝမွ သံသယလူနာ ၁၀၀ နီးပါးအထိ ေတြ႕ရွိရၿပီး စံျပေဆး႐ုံသို႔ ျပန္လည္လႊဲေပးခဲ့ရေၾကာင္း၊ ေဆး႐ုံမွ လက္ခံႏိုင္သည့္ ေနရာအင္အား မရွိသျဖင့္ ။

အိမ္ကို ျပန္လႊတ္မည့္အစား သီးသန႔္ခြဲထားသည့္ေနရာ တစ္ခုကို အသုံးျပဳေစခ်င္ေၾကာင္း ေဒါက္တာေဇာ္လင္းဘိုက ဆက္လက္ ေျပာ ၾကားသည္။ ဒီေနာက္ပိုင္း ေဆး႐ုံကို လႊဲတဲ့လူနာေတြက အိမ္ကိုျပန္လႊတ္တာေတြ ရွိတယ္။ ကြၽန္ေတာ္ကေတာ့ အိမ္ကို ျပန္လႊတ္မယ့္အစား Quarantine Center ေတြကို အသုံးျပဳေစခ်င္တယ္။ ကြၽန္ေတာ္တို႔ လႊဲတဲ့လူနာေတြက အမ်ားအားျဖင့္ Positive ျဖစ္တယ္။ အဲဒီေတာ့ သူတို႔ကို ေသခ်ာတဲ့ သီးသန႔္ခြဲထားတဲ့ေနရာမွာ ထားလိုက္လို႔ရတယ္။ ကြၽန္ေတာ္တို႔ Isolation Centre တစ္ခုေလာက္ သုံးလို႔ရမယ္ဆိုရင္ Fever Clinic ေတြက အဆင္ေျပႏိုင္တယ္။ အခုအေနအထားက Fever Clinic ေတြက လႊဲတယ္၊ ေဆး႐ုံက လက္မခံဘူး။

အဲဒီေတာ့ လက္မခံလို႔ ျပန္ထြက္လာတဲ့ လူနာေတြ က Contact မရွိရင္ Quarantine Center ေတြမွာ ထားလို႔မရတဲ့ အခါက်ေတာ့ ေဆး႐ုံ က ျပန္လႊတ္လိုက္ရင္ အိမ္ျပန္ဖို႔ နည္းလမ္းကလြဲၿပီး ဘာမွမရွိဘူး” ဟု ေဒါက္တာေဇာ္လင္းဘို က ေျပာၾကားသည္။

UNICODE

ဆေးရုံမှ လက်မခံသော သံသယလူနာတစ်ဦးမှာ အိမ်တွင် ကိုယ်ဝန်ဆောင်သည် အမျိုးသမီးရှိသောကြောင့် အိမ်သို့မပြန်ပဲ လျှောက်သွားနေ သည့်အတွက် အိမ်တွင် Home Quarantine နေရန် ဖျောင်းဖျပြောဆိုခဲ့ရသည်ဟု တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူက ပြောကြားသည်။သူက ရောဂါသံသယရှိလို့ဆိုပြီး ဆေးရုံကို လွှဲခံရတယ်။ ဒါပေမယ့် ဆေးရုံမှာ လူနာလက်ခံဖို့နေရာမရှိတဲ့အတွက် အိမ်ကို ပြန်လွှတ်တယ်။ သူက အိမ်မပြန်ချင်ဘူး ။ သူ့အမျိုးသမီးက ကိုယ်ဝန်နဲ့မို့ သူမှာရောဂါရှိရင် ကူးမှာစိုးတယ်။ ဒါကို ကျွန်တော်တို့က သူ့အိမ်က အခန်းထဲမှာ သီးသန့်နေဖို့ ဖျောင်းဖျခဲ့ရတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

လက်ရှိတွင် အနံ့အရသာ မရတော့သဖြင့် ကူညီပေးရန် ဖုန်းဆက်ပြောကြားသူ တစ်နေ့လျှင် လူအယောက် ၃၀ ခန့်ရှိသည်ဟု တောင်ဒဂုံမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။ စက်တင်ဘာ ၂၃ ရက် နံနက်အထိ တောင်ဒဂုံမြို့နယ်တွင် COVID-19 ပိုး တွေ့ လူနာ ၁၃၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ရန် ကုန်၊ လှိုင်မြို့နယ်မှာ အနံ ပျောက်နေတဲ့ ကိုဗစ်သံသယလူနာ (၈၂) ဦး ရှိနေပြီးတော့ ဆေးရုံးတွေမှာ လက်ခံဖို့ခက်ခဲနေတဲ့အတွက် လှိုင်မြို့နယ်မှာ ပဲတစ်စုထဲထားဖို့ စီစဉ်နေတယ်လို့ လှိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။

“အခု RC 2 ထဲက မေခဆောင်မှာ ပြင်ဆင်ထားတယ်။ ကုတင်၊ အခင်း၊ အောက်ဆီဂျင်ဘူး၊ MEDIACAL TEAM တွေ စားဖို့သောက်ဖို့ ရော၊ စေတနာဝန်ထမ်းတွေရောပြင်ဆင်ထားတယ်။ တိုင်းကျန်မားရေးက ခွင့်ပြုချက်ရရင်စလို့ရပြီ။” လို့ ဦးအောင်ကျော်ကျော်ဦးက ပြောပါ တယ်။ဆေးရုံးတွေမှာ လူနာပြည့်နေတာကြောင့် လှိုင်မြို့နယ်မှာနေရာတစ်ခုစီစဉ်တာဖြစ်ပေမဲ့ ကျန်းမာရေးက ခွင့်မပြုဘူးဆိုတဲ့ ပြောဆိုမှု တွေရှိနေသလို အနံပျောက်သံသယလူနာတွေကို လာမခေါ်တာကြောင့် ရပ်ကွက်နေ ပြည်သူတွေကလည်း စိုးရိမ်ကြောက်လန့်နေတယ်လို့ သူကပြောပါတယ်။ရပ်ကွက်ကလည်း ဒီလောက်အနံ့ပျောက်နေတဲ့လူကို အိမ်ပြန်လာတာကို သိပ်လက်သင့်မခံချင်ဘူး။

နောက်တစ်ခုက သူတို့ကိုယ်တိုင်ကိုယ်ကလည်း မိသားစုကများတဲ့ လူတွေရှိတယ်။ တစ်ခါတစ်လေကျရင်နေရထိုင်ရတာက ကြပ်တည်း တော့ သူတို့ကိုယ်တိုင်ကို အိမ်မှာမနေချင်ဘူးပေါ့လေ။ တစ်ခြားလူကြီးတွေဘာတွေကူးမှာစိုးလို့ အဲလိုအနေအထားမှာ တော်တော်လေး အဆင်မပြေ ဖြစ်နေတယ်ဟု သိရသည်။ဒီတစ်ပတ်ထဲမှာပဲ စက်တင်ဘာ (၂၄) ရက်နေ့မနက်ထိ လှိုင်မြို့နယ် Hlaing Fever Clinic ကို လာပြသူတွေထဲမှာ ဆေးရုံကိုပို့ရမယ့် အနံ့ပျောက်သံသယ လူနာ (၅၂)ယောက်၊ ကာယကံရှင်တွေကိုယ်တိုင် ဖျားနာတာ၊ ချောင်းဆိုတာနဲ့ အနံ့ပျောက်တာကြောင့် သတင်းပို့တဲ့ သူအယောက် (၃၀)ရှိနေတာလို့ သိရပါတယ်။

အဲဒီ (၈၂)ယောက်ကို ဒီနေ့စက်တင်ဘာလ(၂၄)ရက်နေ့ထိ သူတို့နေအိမ်တွေမှာပဲ အသွားလာကန့်သတ်နေထိုင်ဖို့ လှိုင်မြို့နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြားထားပါတယ်။ စက်တင်ဘာလ (၂၃)ရက်နေ့ မနက်အထိတော့ လှိုင်မြို့နယ်ထဲမှာ ကိုဗစ်လူနာ(၂၁၄) ယောက်ထိရှိနေပါတယ်။တောင်ဒဂုံမြို့နယ်ရှိ Fever Clinic သို့ လာရောက်ပြသသူများအနက် သံသယလူနာများကို စံပြဆေးရုံသို့ လွှဲပေး သော်လည်း ဆေးရုံမှ လက်ခံနိုင်သည့် နေရာမရှိဖြစ်နေပြီး လွှဲပြောင်းခဲ့သူများအနက် အများစုမှာ ပိုးတွေ့ လူနာများဖြစ်နေကြောင်း တောင် ဒဂုံမြို့နယ် Fever Clinic တာဝန်ခံဆရာဝန် ဒေါက်တာ ဇော်လင်းဘိုက ပြောကြားသည်။

တောင်ဒဂုံ Fever Clinic သို့ လာရောက်ပြသသူ အရေအတွက်မှာ စက်တင်ဘာလအတွင်း လူနာ ၄၀၀ ခန့်ရှိပြီး သံသယလူနာများကို စံပြဆေးရုံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးသော်လည်း ဆေးရုံတွင် လူနာများနေသဖြင့် လက်ခံခြင်း မရှိကြောင်း၊ ယင်းလူနာများအနက် အများစုမှာ COVID-19 ပိုးတွေ့လူနာများ ဖြစ်ကြောင်း ဒေါက်တာဇော်လင်းဘိုက ပြောကြားသည်။“ အခုလောလောဆယ် ကျွန်တော်တို့ ဆေးခန်းမှာက ဒီလထဲ လူ ၄၀၀ လောက် လာပြကြတယ်။ လွှဲလိုက်တဲ့ လူနာက ဟိုတစ်နေ့ကဆို ၅၈ ယောက် ရှိတယ်။ အဲဒီမှာ Positive တွေ့တာ ၅၅ ယောက်ရှိတယ်။ အဲဒီနောက်ပိုင်းမှာ ဆေးရုံကိုလွှဲရတာ အခက်အခဲ ဖြစ်လာတယ်။

တချို့လူနာတွေဆို ပေါင်းပြီး လွှဲရတာရှိတယ်။ တစ်နေ့က ကိုးယောက်လွှဲတာ ကိုးယောက်လုံး Positive ဖြစ်တယ်။ နောက်ပိုင်းမှာ လွှဲဖို့ လိုလာတဲ့ လူနာတွေ ရှိပေမယ့် ဆေးရုံမှာလည်း လက်ခံနိုင်တဲ့ နေရာအင်အား မရှိဘူး။ ဖောင်ကြီးကလည်း လာမခေါ်ပေးတဲ့ အတွက် ကြောင့် တချို့လူနာတွေကို ကျွန်တော်တို့ Stay at Home ပြန်နေခိုင်းရတယ်”ဟု တောင်ဒဂုံမြို့နယ် Fever Clinic တာဝန်ခံ ဆရာဝန် ဒေါက်တာ ဇော်လင်းဘိုက ပြောကြားသည်။တောင်ဒဂုံမြို့နယ် ဖျားနာကုသဆောင်သို့ လာရောက်ပြသသည့် လူနာ ၄ဝဝမှ သံသယလူနာ ၁၀၀ နီးပါးအထိ တွေ့ရှိရပြီး စံပြဆေးရုံသို့ ပြန်လည်လွှဲပေးခဲ့ရကြောင်း၊ ဆေးရုံမှ လက်ခံနိုင်သည့် နေရာအင်အား မရှိသဖြင့် ။

အိမ်ကို ပြန်လွှတ်မည့်အစား သီးသန့်ခွဲထားသည့်နေရာ တစ်ခုကို အသုံးပြုစေချင်ကြောင်း ဒေါက်တာဇော်လင်းဘိုက ဆက်လက် ပြော ကြားသည်။ ဒီနောက်ပိုင်း ဆေးရုံကို လွှဲတဲ့လူနာတွေက အိမ်ကိုပြန်လွှတ်တာတွေ ရှိတယ်။ ကျွန်တော်ကတော့ အိမ်ကို ပြန်လွှတ်မယ့်အစား Quarantine Center တွေကို အသုံးပြုစေချင်တယ်။ ကျွန်တော်တို့ လွှဲတဲ့လူနာတွေက အများအားဖြင့် Positive ဖြစ်တယ်။ အဲဒီတော့ သူတို့ကို သေချာတဲ့ သီးသန့်ခွဲထားတဲ့နေရာမှာ ထားလိုက်လို့ရတယ်။ ကျွန်တော်တို့ Isolation Centre တစ်ခုလောက် သုံးလို့ရမယ်ဆိုရင် Fever Clinic တွေက အဆင်ပြေနိုင်တယ်။ အခုအနေအထားက Fever Clinic တွေက လွှဲတယ်၊ ဆေးရုံက လက်မခံဘူး။

အဲဒီတော့ လက်မခံလို့ ပြန်ထွက်လာတဲ့ လူနာတွေ က Contact မရှိရင် Quarantine Center တွေမှာ ထားလို့မရတဲ့ အခါကျတော့ ဆေးရုံ က ပြန်လွှတ်လိုက်ရင် အိမ်ပြန်ဖို့ နည်းလမ်းကလွဲပြီး ဘာမှမရှိဘူး” ဟု ဒေါက်တာဇော်လင်းဘို က ပြောကြားသည်။

Add a Comment

Your email address will not be published. Required fields are marked *