လမ်းပေါ်မှာ တွေ့သမျှ မြင်သမျှ အခြေခံလူတန်းစားတွေကို ဒံပေါက် အပြင် ငွေတွေပါ လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေးရဲ့ဒါနပါရမီ(ဗီဒီယို)




Credit – Cele Zone

Photo – Phyu Phyu Htwe

UNICODE

ဒီနေ့မှာလည်း ဖြူဖြူထွေးက သူမရဲ့ အလှူဗီဒီယိုလေးကို ”အခုလိုမျိုး ခက်ခဲနေချိန်မှာ တစ်နပ်စာပဲဖြစ်ဖြစ် လှူဒါန်းနိုင်ခဲ့တဲ့ ပီတိ” ဆိုပြီး လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ အလှူလက်ခံ လိုက်ရတဲ့ လူတွေရဲ့ပီတိတွေဟာ ကြည့်ရှုသူတွေကိုပါ ကူးစက်စေခဲ့ပါတယ်။ နောက်လည်း အမြဲတမ်း အလှူရေစက်လက် နဲ့မကွာ လှူနိုင်တန်းနိုင်ပါစေ ဖြူလေးရေ။

Stay Home ကာလတွေမှာဖြူဖြူထွေး တစ်ယောက် အိမ်မှာဇိမ်နဲ့မနေနိုင်ဘဲ ချို့တဲ့သူတွေကို အပြင်ထွက်ပြီး လှူဒါန်းခဲ့တဲ့ဗီဒီယိုလေးဟာ တကယ်ကိုကြည်နူးစရာကောင်းပါတယ်။ ကာကွယ်မှုအပြည့်အစုံနဲ့အပြင်ထွက်ပြီး လမ်းပေါ်မှာတွေ့တဲ့ ချို့တဲ့သူတွေကို နီလာဒံပေါက်နဲ့ အလှူငွေတွေလှူဒါန်းခဲ့ပြီး လိုအပ်နေတဲ့သူတွေ အတွက် အထောက်အပံ့ကောင်းလေးတွေ ဖြစ်ပေးခဲ့ပါတယ်။

ဒီလိုဖြူစင်တဲ့သဒ္ဓါတရားတွေကြောင့်ပဲ သူမကို ချစ်ခင်တဲ့ပရိသတ်တွေ ပိုမိုများပြားလာခဲ့တာပါ။ အမြဲတမ်းစိတ်ထားကောင်းကောင်း ထား ပြီး လှူဒါန်းချင်တဲ့ စိတ်စေတနာလေးကြောင့် အလုပ်အကိုင်တွေလည်းအဆင်ပြေပြီး မိသားစုကိုလည်း ကောင်းကောင်းမွန်မွန် ထားနိုင်ခဲ့ ပါတယ်။ စေတနာမှန်ရင် တန်ပြန် အကျိုးပေးတယ်ဆိုတာ ဖြူဖြူထွေးက သက်သေပြသွားခဲ့သလိုပါပဲ။

Credit – Cele Zone

Photo – Phyu Phyu Htwe

Add a Comment

Your email address will not be published. Required fields are marked *