အင္းစိန္မွ သံဃာ (၇၅) ပါးထံ တြင္ ပိုးေတြ႕ ၍ သက္ဆိုင္ရာ အစိုး ရအဖြဲ႕မ်ား သြားေရာက္ရာ အဝင္မခံဟု ဆို

အင္းစိန္ၿမိဳ႕နယ္ရွိ ႐ြာမပရိယတၱိစာသင္တိုက္မွ သံဃာေတာ္မ်ား ေရာဂါကူးစက္ခံရသည့္အေပၚ စိတ္မေကာင္းေၾကာင္း၊ အင္းစိန္ၿမိဳ႕နယ္ အေနျဖင့္ ကူညီႏိုင္စရာရွိသည္မ်ားကို ကူညီရန္ အဆင္သင့္ရွိတယ္လို႔ဆိုပါတယ္။ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေမးျမန္းရန္ တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းထံသို႔ ဆက္သြယ္ရာ အဆက္အသြယ္မရေပ။ ဧရာဝတီသတင္းဌာနသို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္း ထြန္းက အဆိုပါစာသင္တိုက္မွ သံဃာေတာ္အခ်ိဳ႕ ပိုးေတြ႕သည္မွာ မွန္ကန္ၿပီး ေမွာ္ဘီေဆးဘက္ဆိုင္ရာ သင္တန္းေက်ာင္းတြင္ ထားရွိကု သေပးေနေၾကာင္း အတည္ျပဳေပးထားပါတယ္။

အဆိုပါေက်ာင္းတိုက္၏ ႐ြာမပရိယတၱိစာသင္တိုက္-အင္းစိန္ အမည္ရွိ ေဖ့ဘုတ္စာမ်က္ႏွာတြင္လည္း ေက်ာင္းတိုက္အတြင္း သီတင္းသုံး ေနေသာ ကိုရင္/ဦးဇင္းမ်ား ကိုဗစ္ကူးစက္ခံခဲ့ရေၾကာင္း ယေန႔ညေနပိုင္း၌ သတင္းထုတ္ျပန္ထားပါတယ္။ေက်ာင္းအတြင္း သီတင္းသုံးေန ေသာ စာခ်/စာသင္ သံဃာေတာ္မ်ားအတြက္ အစိုးရ က်န္းမာေရးႏွင့္ တပ္မေတာ္ က်န္းမာေရးတို႔က ပူးေပါင္းေဆာင္႐ြက္၍ ပိုးေတြ႕သူမ်ား ကို တပ္မေတာ္က်န္းမာေရးကုသစင္တာမ်ားမွာ ကုသေပးလ်က္ရွိပါသည္ဟု ေဖာ္ျပထားပါတယ္။ ပိုးေတြ႕သံဃာမ်ားအားလုံး အစစအ ရာရာ အဆင္ေျပၾကေၾကာင္းႏွင့္ အဆိုပါေက်ာင္းတိုက္ဆရာေတာ္ႀကီးကို ေရာဂါကူးစက္ခံရမႈ ရွိ၊ မရွိ စစ္ေဆးၾကည့္ရာ။

ပိုးမေတြ႕ရေၾကာင္း အသိေပးခဲ့ပါတယ္။ရန္ ကုန္- ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္ရွိ ႐ြာမပရိယတၱိစာသင္တိုက္မွ သံဃာ ၇၅ ပါး ကို ႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရၿပီး တပ္မေတာ္အစီအစဥ္ျဖင့္ စစ္ေဆးကုသေပးလ်က္ရွိေၾကာင္း အင္းစိန္ၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာၾကားလိုက္ပါတယ္။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ေၾကညာခ်က္အရ ယေန႔တြင္ အင္း စိန္ၿမိဳ႕နယ္မွ ပိုးေတြ႕အတည္ျပဳလူနာ ၈၈ ဦးရွိရာ ႐ြာမပရိယတၱိစာသင္တိုက္မွ သံဃာေတာ္ ၇၅ ပါး ပါဝင္ေနေၾကာင္း ေျပာပါတယ္။

အဆိုပါေက်ာင္းတိုက္ရွိ သံဃာေတာ္မ်ား ေရာဂါပိုးကူးစက္ခံရသည္ဟု သတင္းၾကား၍ အင္းစိန္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ လႊတ္ေတာ္ကိုယ္ စားလွယ္မ်ား၊ ရဲမ်ားသည္ ယေန႔ (စက္တင္ဘာ ၂၄ ရက္) နံနက္က ေက်ာင္းတိုက္သို႔ သြားေရာက္ခဲ့ရာ အဝင္အထြက္ပိတ္ထား၍ ဝင္ခြင့္မရ ခဲ့ေၾကာင္း ဦးေဝၿဖိဳးဟန္ကေျပာပါတယ္။“ကြၽန္ေတာ္တို႔ၾကားရတာေတာ့ တပ္မေတာ္ဘက္ကို အကူအညီေတာင္းထားလို႔ တပ္မေတာ္က ကူညီၿပီးေတာ့ စစ္ေဆးမႈေတြ လုပ္ေပးတယ္ ကုသမႈေတြ လုပ္ေပးတယ္။ အခုလည္း ေပါ့စတစ္ေတြ႕တဲ့ သံဃာေတာ္မ်ားကို ေမွာ္ဘီမွာ ကုသမႈေပးမယ္လို႔ ဒီလိုပဲ ၾကားရပါတယ္” လို႔ ဆိုပါတယ္။

အဆိုပါေက်ာင္းတိုက္၌ သံဃာေတာ္အပါး ၆၀၀ ေက်ာ္ရွိေၾကာင္း ဦးေဝၿဖိဳးဟန္က ခန႔္မွန္းေျပာၾကားၿပီး ယင္းေက်ာင္းတိုက္မွ သံဃာေတာ္ မ်ားအေနျဖင့္ ယခုရက္ပိုင္းအတြင္း ဆြမ္းခံမထြက္ဟု သိရပါတယ္။ “ေက်ာင္းကေတာ့ ဆရာေတာ္သံဃာေတာ္မ်ားကပဲ စီမံကြပ္ကဲၾကပုံရ ပါတယ္။ ပိတ္လည္းပိတ္ထားတယ္။ ေက်ာင္းထဲကို သူတို႔ဆီကလည္း မထြက္ဘူး။ အျပင္လူ ဘယ္သူမွ ေပးမဝင္ဘူး။ ေဆးစစ္တာတို႔ ဘာ တို႔လုပ္တဲ့ အဖြဲ႕ေတြေလာက္ပဲ အဝင္အထြက္လုပ္တယ္ထင္ပါတယ္” ဟု ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။

REF: SHWE WIKI

UNICODE

အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော်များ ရောဂါကူးစက်ခံရသည့်အပေါ် စိတ်မကောင်းကြောင်း၊ အင်းစိန်မြို့နယ် အနေဖြင့် ကူညီနိုင်စရာရှိသည်များကို ကူညီရန် အဆင်သင့်ရှိတယ်လို့ဆိုပါတယ်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။ ဧရာဝတီသတင်းဌာနသို့ ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက အဆိုပါစာသင်တိုက်မှ သံဃာတော်အချို့ ပိုးတွေ့သည်မှာ မှန်ကန်ပြီး မှော်ဘီဆေးဘက်ဆိုင်ရာ သင်တန်းကျောင်းတွင် ထားရှိကု သပေးနေကြောင်း အတည်ပြုပေးထားပါတယ်။

အဆိုပါကျောင်းတိုက်၏ ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန် အမည်ရှိ ဖေ့ဘုတ်စာမျက်နှာတွင်လည်း ကျောင်းတိုက်အတွင်း သီတင်းသုံး နေသော ကိုရင်/ဦးဇင်းများ ကိုဗစ်ကူးစက်ခံခဲ့ရကြောင်း ယနေ့ညနေပိုင်း၌ သတင်းထုတ်ပြန်ထားပါတယ်။ကျောင်းအတွင်း သီတင်းသုံးနေ သော စာချ/စာသင် သံဃာတော်များအတွက် အစိုးရ ကျန်းမာရေးနှင့် တပ်မတော် ကျန်းမာရေးတို့က ပူးပေါင်းဆောင်ရွက်၍ ပိုးတွေ့သူများ ကို တပ်မတော်ကျန်းမာရေးကုသစင်တာများမှာ ကုသပေးလျက်ရှိပါသည်ဟု ဖော်ပြထားပါတယ်။ ပိုးတွေ့သံဃာများအားလုံး အစစအ ရာရာ အဆင်ပြေကြကြောင်းနှင့် အဆိုပါကျောင်းတိုက်ဆရာတော်ကြီးကို ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးကြည့်ရာ။

ပိုးမတွေ့ရကြောင်း အသိပေးခဲ့ပါတယ်။ရန် ကုန်- ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာ ၇၅ ပါး ကို ရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး တပ်မတော်အစီအစဉ်ဖြင့် စစ်ဆေးကုသပေးလျက်ရှိကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားလိုက်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကြေညာချက်အရ ယနေ့တွင် အင်း စိန်မြို့နယ်မှ ပိုးတွေ့အတည်ပြုလူနာ ၈၈ ဦးရှိရာ ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၇၅ ပါး ပါဝင်နေကြောင်း ပြောပါတယ်။

အဆိုပါကျောင်းတိုက်ရှိ သံဃာတော်များ ရောဂါပိုးကူးစက်ခံရသည်ဟု သတင်းကြား၍ အင်းစိန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ် စားလှယ်များ၊ ရဲများသည် ယနေ့ (စက်တင်ဘာ ၂၄ ရက်) နံနက်က ကျောင်းတိုက်သို့ သွားရောက်ခဲ့ရာ အဝင်အထွက်ပိတ်ထား၍ ဝင်ခွင့်မရ ခဲ့ကြောင်း ဦးဝေဖြိုးဟန်ကပြောပါတယ်။“ကျွန်တော်တို့ကြားရတာတော့ တပ်မတော်ဘက်ကို အကူအညီတောင်းထားလို့ တပ်မတော်က ကူညီပြီးတော့ စစ်ဆေးမှုတွေ လုပ်ပေးတယ် ကုသမှုတွေ လုပ်ပေးတယ်။ အခုလည်း ပေါ့စတစ်တွေ့တဲ့ သံဃာတော်များကို မှော်ဘီမှာ ကုသမှုပေးမယ်လို့ ဒီလိုပဲ ကြားရပါတယ်” လို့ ဆိုပါတယ်။

အဆိုပါကျောင်းတိုက်၌ သံဃာတော်အပါး ၆၀၀ ကျော်ရှိကြောင်း ဦးဝေဖြိုးဟန်က ခန့်မှန်းပြောကြားပြီး ယင်းကျောင်းတိုက်မှ သံဃာတော် များအနေဖြင့် ယခုရက်ပိုင်းအတွင်း ဆွမ်းခံမထွက်ဟု သိရပါတယ်။ “ကျောင်းကတော့ ဆရာတော်သံဃာတော်များကပဲ စီမံကွပ်ကဲကြပုံရ ပါတယ်။ ပိတ်လည်းပိတ်ထားတယ်။ ကျောင်းထဲကို သူတို့ဆီကလည်း မထွက်ဘူး။ အပြင်လူ ဘယ်သူမှ ပေးမဝင်ဘူး။ ဆေးစစ်တာတို့ ဘာ တို့လုပ်တဲ့ အဖွဲ့တွေလောက်ပဲ အဝင်အထွက်လုပ်တယ်ထင်ပါတယ်” ဟု ဦးဝေဖြိုးဟန်က ပြောပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *