အင္းစိန္႐ြာမ စာသင္တိုက္မွ သံဃာေတာ္မ်ားအား ထပ္မံစစ္ေဆးမႈအရ (၂၇၉)ပါးတြင္ ပိုးထပ္ေတြ႕ေၾကာင္း ထုတ္ျပန္

အင္းစိန္႐ြာမ ပရိယတၱိစာသင္တိုက္မွ ပထမဆုံး ကိုဗစ္-၁၉ေရာဂါပိုး ကူးစက္ခံရသည့္ ၇၅ ပါးအား ေမွာ္ဘီရွိ တပ္မေတာ္ က်န္းမာေရး ကုသ စင္တာသို႔ ပင့္ေဆာင္ကာ က်န္းမာေရး ေစာင့္ေရွာက္မႈ ျပဳလုပ္ထားေၾကာင္း ထုတ္ျပန္ခဲ့ၿပီး ေက်ာင္းတိုက္အတြင္းသို႔ ျပင္ပလူအဝင္မခံဘဲ ပိတ္ထားၿပီျဖစ္ေၾကာင္း သိရသည္။ေမွာ္ဘီၿမိဳ႕ရွိ တပ္မေတာ္ ေဆးဘက္ဆိုင္ရာ ပညာသင္ေက်ာင္း၌ COVID-19 ေရာဂါ ေစာင့္ၾကည့္လူနာ အမ်ိဳးသား၊ အမ်ိဳးသမီး ၃၇၂ ဦး၊ အင္းစိန္ၿမိဳ႕နယ္ရွိ သီရိမဂၤလာ မဟာသာသနာ့ ဗိမာန္ေတာ္၌ COVIDေစာင့္ၾကည့္လူနာ ၁၈၂ ဦး ထားရွိ ႏိုင္ရန္ ျပင္ဆင္ေဆာင္႐ြက္ထားေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က စက္တင္ဘာ ၂၅ ရက္က သတင္းထုတ္ျပန္သည္။

ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္ရွိ နယ္ေျမခံေဆးတပ္ရင္း၌ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ ပိုးေတြ႕လူနာ အမ်ိဳးသား၊ အမ်ိဳးသမီး ၇၀ ဦး ထားရွိကုသႏိုင္ရန္ ျပင္ဆင္ေဆာင္႐ြက္ ထားရွိမႈႏွင့္ လိုအပ္ေသာ ေဆး႐ုံသုံး စက္ကိရိယာမ်ား၊ ေဆးဝါးမ်ား၊ ေရာဂါကာ ကြယ္ထိန္းခ်ဳပ္ေရး အေထာက္အကူျပဳ ပစၥည္းမ်ား ျပင္ဆင္ေဆာင္႐ြက္ထားေၾကာင္း ထုတ္ျပန္ထားသည္။အင္းစိန္႐ြာမ ပရိယတၱိစာသင္ တိုက္မွ သံဃာေတာ္မ်ားအား ေဆးစစ္ထားမႈအေျဖအရ ၂၇၉ ပါးတြင္ COVID-19 ေရာဂါပိုး ထပ္မံေတြ႕ရွိခဲ့ေၾကာင္း အဆိုပါစာသင္တိုက္ က စက္တင္ဘာ ၂၅ ရက္၊ ညေန ၅ နာရီတြင္ ထုတ္ျပန္ခဲ့သည္။

ထို႔ေၾကာင့္ အင္းစိန္႐ြာမ ပရိယတၱိစာသင္တိုက္မွ သံဃာစုစုေပါင္း ၃၅၄ ပါးတြင္ COVID-19ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။၂၄ ရက္ ေန႔ စစ္ ေဆးခ်က္ အေျခအေနမွန္မွာ ပိုးေတြ႕လူနာ ၂၇၉ ျဖစ္ပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ တပ္မေတာ္တို႔ ပူးေပါင္းေဆာင္႐ြက္ၿပီး ကုသ ေပးလ်က္ရွိပါတယ္။ ေမွာ္ဘီ တစကမွာ ၉၁ ဦး ကုသေပးမွာျဖစ္ၿပီး အင္းစိန္ သာသနာ့ဗိမာန္တြင္ ၁၈၈ ပါးကို ကုသေပးမွာ ျဖစ္ပါ တယ္” ဟု ႐ြာမပရိယတၱိ စာသင္တိုက္ – အင္းစိန္ အမည္ရွိ Facebook မွတစ္ဆင့္ သတင္းထုတ္ျပန္ခဲ့သည္။ထို႔ျပင္ အင္းစိန္႐ြာမ ပရိ ယတၱိစာသင္ တိုက္ ဆရာေတာ္ႀကီးႏွင့္ က်န္သံဃာေတာ္မ်ား၊ ပိုးေတြ႕သံဃာေတာ္မ်ားလည္း က်န္းမာေရး ေကာင္းမြန္ေၾကာင္း ထုတ္ျပန္ထားသည္။

CRD: ELEVEN MEDIA

UNICODE

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှ ပထမဆုံး ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသည့် ၇၅ ပါးအား မှော်ဘီရှိ တပ်မတော် ကျန်းမာရေး ကုသ စင်တာသို့ ပင့်ဆောင်ကာ ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ထားကြောင်း ထုတ်ပြန်ခဲ့ပြီး ကျောင်းတိုက်အတွင်းသို့ ပြင်ပလူအဝင်မခံဘဲ ပိတ်ထားပြီဖြစ်ကြောင်း သိရသည်။မှော်ဘီမြို့ရှိ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း၌ COVID-19 ရောဂါ စောင့်ကြည့်လူနာ အမျိုးသား၊ အမျိုးသမီး ၃၇၂ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်၌ COVIDစောင့်ကြည့်လူနာ ၁၈၂ ဦး ထားရှိ နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၂၅ ရက်က သတင်းထုတ်ပြန်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်း၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား၊ အမျိုးသမီး ၇၀ ဦး ထားရှိကုသနိုင်ရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် လိုအပ်သော ဆေးရုံသုံး စက်ကိရိယာများ၊ ဆေးဝါးများ၊ ရောဂါကာ ကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ထားသည်။အင်းစိန်ရွာမ ပရိယတ္တိစာသင် တိုက်မှ သံဃာတော်များအား ဆေးစစ်ထားမှုအဖြေအရ ၂၇၉ ပါးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း အဆိုပါစာသင်တိုက် က စက်တင်ဘာ ၂၅ ရက်၊ ညနေ ၅ နာရီတွင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှ သံဃာစုစုပေါင်း ၃၅၄ ပါးတွင် COVID-19တွေ့ရှိခဲ့ကြောင်း သိရသည်။၂၄ ရက် နေ့ စစ် ဆေးချက် အခြေအနေမှန်မှာ ပိုးတွေ့လူနာ ၂၇၉ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်ပြီး ကုသ ပေးလျက်ရှိပါတယ်။ မှော်ဘီ တစကမှာ ၉၁ ဦး ကုသပေးမှာဖြစ်ပြီး အင်းစိန် သာသနာ့ဗိမာန်တွင် ၁၈၈ ပါးကို ကုသပေးမှာ ဖြစ်ပါ တယ်” ဟု ရွာမပရိယတ္တိ စာသင်တိုက် – အင်းစိန် အမည်ရှိ Facebook မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။ထို့ပြင် အင်းစိန်ရွာမ ပရိ ယတ္တိစာသင် တိုက် ဆရာတော်ကြီးနှင့် ကျန်သံဃာတော်များ၊ ပိုးတွေ့သံဃာတော်များလည်း ကျန်းမာရေး ကောင်းမွန်ကြောင်း ထုတ်ပြန်ထားသည်။

CRD:  ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *