(၂၅-၉-၂၀၂၀)ည(၈:၀၀)နာရီCOVID-19 အတည်ပြုလူနာသစ်(၅၉၈)ဦး ထပ်တွေ့






REF: MINISTRY OF HEALTH

UNICODE

ဓာတ်ခွဲ အတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း(၂,၅၁၇) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။
ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၇၄)ဦး ရှိပါသည်။(၂၄-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၅-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် (၄၄၅) ဦးရှိပါသည်။ယနေ့ COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)(NHL)မှဓာတ်ခွဲနမူနာ (၇၃၁)ခု၊

ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ (၃၅၈) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲ နမူနာ (၄၆၅) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(တောင်ကြီး)မှ ဓာတ်ခွဲနမူနာ (၁၂၈) ခု၊နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၆) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၅) ခု၊

ပြည်သူ့ဆေးရုံကြီး၊ ကျိုင်းတုံမြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊ ပြည်သူ့ဆေးရုံ၊ မူဆယ်မြို့ ဓာတ်ခွဲနမူနာ (၃) ခု၊ပြည်သူ့ဆေးရုံ၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊ တာချီလိတ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ ပြည် သူ့ဆေးရုံကြီး၊ တီးတိန်မြို့မှ ဓာတ်ခွဲနမူနာ (၁၉) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊ပြည်သူ့ဆေးရုံကြီး၊ စစ်တွေ မြို့မှ ဓာတ်ခွဲနမူနာ (၃၀) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊

ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကလေးမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ထားဝယ် မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊ ရန်ကုန် မြို့၊ အမှတ် (၁)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှဓာတ်ခွဲနမူနာ (၁,၁၆၂) ခု၊နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှဓာတ်ခွဲနမူနာ (၈၈)ခု နှင့် စစ်တွေမြို့၊ အမှတ် (၁၇) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀) မှ ဓာတ်ခွဲနမူနာ (၈) ခု။
စုစုပေါင်း (၃,၃၆၀) ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ –

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၉၈) ဦး တွေ့ရှိရပါသည်။(၂၅-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ (၉,၁၁၂) ဦး ရှိပြီ ဖြစ်ပါသည်။

REF:  MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *