ကိုဗစ္ကာလ ေမးတာကို အမွန္တိုင္း ေျဖတဲ့ ဦးဇင္း နဲ႔ ႀကဳံရ ဆုံရ၍ အားလုံးမ်က္လုံးျပဴး ကုန္ရတဲ့အျဖစ္

ေမးတာကို အမွန္တိုင္း ေျဖတဲ့ ဦးဇင္း နဲ႔ ႀကဳံရဆုံရ ကိုဗစ္ကာလ.. ျဖစ္ပုံမ်ား..အေၾကာင္းကို ေဖာ္ျပလိုက္ပါတယ္။သတိျပဳ ဆင္ျခင္ဖြယ္ ျဖစ္ပါတယ္။အုတ္တြင္းက ကြၽန္မ ေဆးခန္းေလးမွာ ဒီေန႔ (လာေနက်) ဥဳးဇင္း ၁ ပါး လာျပတယ္.. ဖ်ားခ်င္သလိုလို ျဖစ္လို႔တဲ့.. အဖ်ား တိုင္းေတာ့ အဖ်ားက မရွိဘူး.. ေဆးခန္းက ေကာင္မေလးကလဲ ကိုဗစ္ကာလဆိုေတာ့ ခရီးသြားေသးလား ေမးေတာ့ မသြားဘူး တဲ့.. အ နံ႔ေရာ ရလားဆက္ေမးေတာ့.. ဟင္ တဲ့.. နားမလည္သလိုမို႔ အေမႊးတိုင္နံ႔ တို႔ ဟင္းနံ႔ တို႔ေပါ့ ဘုရာ့ ဆိုေတာ့..။

ဟင့္အင္း မရဘူး တဲ့.. ဥဳးဇင္း တကယ္ မရဘူးလား ဆိုေတာ့ မရဘူးေလ တဲ့.. ကိုယ္ကလဲ အခန္းထဲကၾကားလိုက္ရေတာ့ ဟဲ့ လုပ္ပါဦး Hand gel ရႉခိုင္းၾကည့္ပါဦးဆိုေတာ့ ေမႊးတယ္တဲ့… ကိုယ္လဲ ပိုၿပီးေသခ်ာေအာင္ ဘူးေလး ၂ ဘူးယူ ၁ ဘူးကို ေရထည့္ ၁ ဘူးကို အရက္ ျပန္ ထည့္ၿပီး ရႉခိုင္းေတာ့ ခြဲ ႏိုင္တယ္.. ဒါနဲ႔ ကိုယ္က ဥဳးဇင္း ခုနကေတာ့ အနံ႔ မရဘူး ဆို.. ဆိုေတာ့ အင္းေလ မရဘူး တဲ့ လုပ္ျပန္ေရာ အာ့နဲ႔ ကိုယ္လဲ ၿပဳံးမိသြားၿပီး ေသခ်ာ တခြန္းခ်င္း ျပန္ေမးၾကည့္ရတယ္..။

ဥဳးဇင္း.. ေက်ာင္း မွာ အေမႊးတိုင္နံ႔ တို႔ ဟင္းနံ႔ တို႔ မရဘူးလား ဆိုေတာ့ ရတယ္ေလ.. ေက်ာင္းမွာေတာ့ ရတာေပါ.. အခု ေဆးခန္း မွာ အေမႊးတိုင္နံ႔ ဟင္းနံ႔တို႔ မရဘူးေလ.. တဲ့.. ေအာင္မေလး ကိုယ္ေရာ ေဘးနားက လူနာေတြေရာ မ်က္လုံးေတြ ကို ျပဴးကုန္ၾကတာပဲ.. ဥဳးဇင္းကေတာ့..

(Wah Wah Lwin)

UNICODE

မေးတာကို အမှန်တိုင်း ဖြေတဲ့ ဦးဇင်း နဲ့ ကြုံရဆုံရ ကိုဗစ်ကာလ.. ဖြစ်ပုံများ..အကြောင်းကို ဖော်ပြလိုက်ပါတယ်။သတိပြု ဆင်ခြင်ဖွယ် ဖြစ်ပါတယ်။အုတ်တွင်းက ကျွန်မ ဆေးခန်းလေးမှာ ဒီနေ့ (လာနေကျ) ဥုးဇင်း ၁ ပါး လာပြတယ်.. ဖျားချင်သလိုလို ဖြစ်လို့တဲ့.. အဖျား တိုင်းတော့ အဖျားက မရှိဘူး.. ဆေးခန်းက ကောင်မလေးကလဲ ကိုဗစ်ကာလဆိုတော့ ခရီးသွားသေးလား မေးတော့ မသွားဘူး တဲ့.. အ နံ့ရော ရလားဆက်မေးတော့.. ဟင် တဲ့.. နားမလည်သလိုမို့ အမွှေးတိုင်နံ့ တို့ ဟင်းနံ့ တို့ပေါ့ ဘုရာ့ ဆိုတော့..။

ဟင့်အင်း မရဘူး တဲ့.. ဥုးဇင်း တကယ် မရဘူးလား ဆိုတော့ မရဘူးလေ တဲ့.. ကိုယ်ကလဲ အခန်းထဲကကြားလိုက်ရတော့ ဟဲ့ လုပ်ပါဦး Hand gel ရှူခိုင်းကြည့်ပါဦးဆိုတော့ မွှေးတယ်တဲ့… ကိုယ်လဲ ပိုပြီးသေချာအောင် ဘူးလေး ၂ ဘူးယူ ၁ ဘူးကို ရေထည့် ၁ ဘူးကို အရက် ပြန် ထည့်ပြီး ရှူခိုင်းတော့ ခွဲ နိုင်တယ်.. ဒါနဲ့ ကိုယ်က ဥုးဇင်း ခုနကတော့ အနံ့ မရဘူး ဆို.. ဆိုတော့ အင်းလေ မရဘူး တဲ့ လုပ်ပြန်ရော အာ့နဲ့ ကိုယ်လဲ ပြုံးမိသွားပြီး သေချာ တခွန်းချင်း ပြန်မေးကြည့်ရတယ်..။

ဥုးဇင်း.. ကျောင်း မှာ အမွှေးတိုင်နံ့ တို့ ဟင်းနံ့ တို့ မရဘူးလား ဆိုတော့ ရတယ်လေ.. ကျောင်းမှာတော့ ရတာပေါ.. အခု ဆေးခန်း မှာ အမွှေးတိုင်နံ့ ဟင်းနံ့တို့ မရဘူးလေ.. တဲ့.. အောင်မလေး ကိုယ်ရော ဘေးနားက လူနာတွေရော မျက်လုံးတွေ ကို ပြူးကုန်ကြတာပဲ.. ဥုးဇင်းကတော့..

(Wah Wah Lwin)

Add a Comment

Your email address will not be published. Required fields are marked *