ကိုဗစ္-၁၉ ကူးစက္မႈႏႈန္းမ်ားျပားေန၍ တပ္မေတာ္ အေနျဖင့္ အစိုးရ အား ကူညီရန္အတြက္ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း ေျပာၿပီ(႐ုပ္သံ)

တပ္မေတာ္ က ထားရွိတဲ့ စင္တာမ်ားသို႔ လာေရာက္ပါက ေဆးစစ္မႈ၊ စားေသာက္ေနထိုင္စရိတ္ အားလုံးက အခမဲ့ ျဖစ္တယ္လို႔ သိရပါ တယ္။ရန္ကုန္တြင္ ကိုဗစ္ ၁၉ ျဖစ္ပြားမႈမွာ မ်ားျပားေနတဲ့ အတြက္ တပ္မေတာ္ အေနနဲ႔ ထပ္မံ၍ လူ ၂ ေထာင္ ေက်ာ္ ဆံ့သည့္ စင္တာ ၄ ခု တိုးခ်ဲ႕ ဖြင့္လွစ္ထားတယ္လို႔ သိရပါတယ္။၎ စင္တာ ၄ ခုတြင္ စက္တင္ဘာလ၂၅ ရက္ေန႔က စတင္ ကုသလ်က္ရွိရာမွာ သီရီမဂၤလာသာ သနာ့ဗိမာန္ေတာ္တြင္ အတည္ျပဳလူနာ သံဃာ ၁၁၈ ပါး၊ ေမွာ္ဘီၿမိဳ႕နယ္ရွိ နယ္ေျမခံေဆးတပ္ရင္းပညာသင္ေက်ာင္းတြင္ သံဃာေတာ္ ၁၆၁ ပါး ႏွင့္ အရပ္သား ပိုးေတြ႕ လူနာ ၁၅၄ ဦး တို႔ကို စတင္ လက္ခံ ကုသေပးလ်က္ရွိတယ္လို႔ သိရပါတယ္။

ကိုဗစ္ ၁၉ ေရာဂါ ပိုးသည္ လက္ရွိတြင္ ကူးစက္မႈႏႈန္းမ်ားျပားေနသည့္ အတြက္ တပ္မေတာ္ အေနျဖင့္ ႏိုင္ငံေတာ္ အစိုးရ အား ကူညီရန္အ တြက္ ထုတ္ေဖာ္ေျပာဆိုရန္ လိုအပ္ေနတဲ့ အတြက္ ထုတ္ေျပာေဖာ္ေျပာျခင္း ျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕က ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း ကေျပာဆိုလိုက္ပါတယ္။စက္တင္ဘာလ ၂၆ ရက္ေန႔ Video Conferencing ျဖင့္ ျပဳလုပ္တဲ့ တပ္မေတာ္သ တင္းမွန္ျပန္ၾကားေရး အဖြဲ႕၏သတင္းစာရွင္းလင္းပြဲ မွာသတင္းမီဒီယာမ်ား၏ ေမးျမန္းမႈ အေပၚ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ထိုသို႔ ျပန္ လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။

တပ္မေတာ္ အေနနဲ႔ ကိုဗစ္ ၁၉ စ တင္ျဖစ္ပြားစဥ္ ၂၀၂၀ ခုႏွစ္ မတ္လ ကတည္းက ပင္ လူနာမ်ား ထားရွိရန္ တိုင္းနဲ႔ ျပည္နယ္မ်ားတြင္ Quarantine စင္တာ ၁၆ ခု ဖြင့္လွစ္ ထားၿပီး လိုအပ္သည့္ ေဆးဝါးမ်ား၊ ဆရာဝန္မ်ား သူနာျပဳမ်ားျဖင့္ ေဆာင္႐ြက္ေပးလ်က္ရွိတာ ျဖစ္ ပါတယ္။တပ္မေတာ္က ထားရွိတဲ့ Quarantine စင္တာ ၁၆ ခု တြင္ ရန္ကုန္တြင္ လူဦးေရ တစ္ေထာင္နီးပါး ဆံံ့ၿပီး ေနျပည္ေတာ္ရွီ စင္တာ တြင္ လူဦးေရ ၇ ေထာင္ နီးပါး လက္ခံ ႏိုင္ေအာင္ ေဆာင္႐ြက္ၿပီး တျပည္လုံးတြင္ လူဦးေရ ၉ ေထာင္ နီးပါး ဆံံတဲ့ စင္တာမ်ား ထားရွိထား တာျဖစ္ပါတယ္။လက္ရွိ ၎ စင္တာ မ်ားတြင္ ဝင္ေရာက္တဲ့ လူဦးေရ မွာ ၅၀၀ နဲ႔ ၆၀၀ နီးပါး သာ လာေရာက္ၾကတယ္လို႔ ဆိုပါတယ္။ တပ္မေတာ္ အေနနဲ႔ က်န္းမာေရးဝန္ႀကိးဌာန က ေစလႊတ္တဲ့ သူမ်ားကို သာ လက္ခံရၿပီး ေစလႊတ္တဲ့ သူမ်ားတြင္ ျပည္ေတာ္ ျပန္မ်ားသာ ေစလြတ္တယ္လို႔ သိရပါတယ္။

REF: THE FIFTH WAVE NEWS

UNICODE

တပ်မတော် က ထားရှိတဲ့ စင်တာများသို့ လာရောက်ပါက ဆေးစစ်မှု၊ စားသောက်နေထိုင်စရိတ် အားလုံးက အခမဲ့ ဖြစ်တယ်လို့ သိရပါ တယ်။ရန်ကုန်တွင် ကိုဗစ် ၁၉ ဖြစ်ပွားမှုမှာ များပြားနေတဲ့ အတွက် တပ်မတော် အနေနဲ့ ထပ်မံ၍ လူ ၂ ထောင် ကျော် ဆံ့သည့် စင်တာ ၄ ခု တိုးချဲ့ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။၎င်း စင်တာ ၄ ခုတွင် စက်တင်ဘာလ၂၅ ရက်နေ့က စတင် ကုသလျက်ရှိရာမှာ သီရီမင်္ဂလာသာ သနာ့ဗိမာန်တော်တွင် အတည်ပြုလူနာ သံဃာ ၁၁၈ ပါး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းပညာသင်ကျောင်းတွင် သံဃာတော် ၁၆၁ ပါး နှင့် အရပ်သား ပိုးတွေ့ လူနာ ၁၅၄ ဦး တို့ကို စတင် လက်ခံ ကုသပေးလျက်ရှိတယ်လို့ သိရပါတယ်။

ကိုဗစ် ၁၉ ရောဂါ ပိုးသည် လက်ရှိတွင် ကူးစက်မှုနှုန်းများပြားနေသည့် အတွက် တပ်မတော် အနေဖြင့် နိုင်ငံတော် အစိုးရ အား ကူညီရန်အ တွက် ထုတ်ဖော်ပြောဆိုရန် လိုအပ်နေတဲ့ အတွက် ထုတ်ပြောဖော်ပြောခြင်း ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောဆိုလိုက်ပါတယ်။စက်တင်ဘာလ ၂၆ ရက်နေ့ Video Conferencing ဖြင့် ပြုလုပ်တဲ့ တပ်မတော်သ တင်းမှန်ပြန်ကြားရေး အဖွဲ့၏သတင်းစာရှင်းလင်းပွဲ မှာသတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထိုသို့ ပြန် လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

တပ်မတော် အနေနဲ့ ကိုဗစ် ၁၉ စ တင်ဖြစ်ပွားစဉ် ၂၀၂၀ ခုနှစ် မတ်လ ကတည်းက ပင် လူနာများ ထားရှိရန် တိုင်းနဲ့ ပြည်နယ်များတွင် Quarantine စင်တာ ၁၆ ခု ဖွင့်လှစ် ထားပြီး လိုအပ်သည့် ဆေးဝါးများ၊ ဆရာဝန်များ သူနာပြုများဖြင့် ဆောင်ရွက်ပေးလျက်ရှိတာ ဖြစ် ပါတယ်။တပ်မတော်က ထားရှိတဲ့ Quarantine စင်တာ ၁၆ ခု တွင် ရန်ကုန်တွင် လူဦးရေ တစ်ထောင်နီးပါး ဆံံ့ပြီး နေပြည်တော်ရှီ စင်တာ တွင် လူဦးရေ ၇ ထောင် နီးပါး လက်ခံ နိုင်အောင် ဆောင်ရွက်ပြီး တပြည်လုံးတွင် လူဦးရေ ၉ ထောင် နီးပါး ဆံံတဲ့ စင်တာများ ထားရှိထား တာဖြစ်ပါတယ်။လက်ရှိ ၎င်း စင်တာ များတွင် ဝင်ရောက်တဲ့ လူဦးရေ မှာ ၅၀၀ နဲ့ ၆၀၀ နီးပါး သာ လာရောက်ကြတယ်လို့ ဆိုပါတယ်။ တပ်မတော် အနေနဲ့ ကျန်းမာရေးဝန်ကြိးဌာန က စေလွှတ်တဲ့ သူများကို သာ လက်ခံရပြီး စေလွှတ်တဲ့ သူများတွင် ပြည်တော် ပြန်များသာ စေလွတ်တယ်လို့ သိရပါတယ်။

REF:  THE  FIFTH  WAVE NEWS

Add a Comment

Your email address will not be published. Required fields are marked *