ကူးစက္မႈျမန္ဆန္ေန၍ ကိုဗစ္ အျမန္စစ္ကိရိယာေတြ မွာယူထားၿပီး ျဖစ္ေပၚလာမယ့္ အက်ိဳးဆက္ ႏွင့္ ေျပာင္းရမယ့္ မူဝါဒမ်ား

Test kit သုံးရင္ ေဆး႐ုံတင္/ဆင္း ေပၚလစီ၊ Q ေပၚလစီကေတာ့ မေျပာင္းမျဖစ္ ေျပာင္း ရမွာပါ။ ဒါဟာ ေကာင္းေသာေျပာင္းလဲျခင္းပါ။ ပိုးေတြ႕လူနာဦးေရကေတာ့ တရွိန္ထိုး ေထာင္တက္မွာ ျဖစ္တဲ့အတြက္ သိပ္မစိုးရိမ္ၾကပါနဲ႔။ စစ္လို႔ေတြ႕တာပါ။တခုပဲ။ အစိုးရကပဲ ထိမ္းခ်ဳပ္ ၿပီး သုံးမွာလား။ ဒါမွ မဟုတ္ ျမန္မာ FDA က တရားဝင္ ခြင့္ျပဳၿပီး လြတ္လပ္စြာ ဝယ္ယူ အသုံးျပဳခြင့္ေပးမလား။ အဲ့ဒါေတာ့ ရွင္းရွင္းလင္း လင္း မသိရေသးပါဘူး။ ေရာင္းခ်င္တဲ့ ကုပၸဏီေတြကေတာ့ ရွိေနပါတယ္။

ဘာပဲျဖစ္ျဖစ္ antigen test kit သုံးသင့္ ေၾကာင္း ကြၽန္ေတာ္ အၿမဲေထာက္ခံ ခဲ့ၿပီး ဒါဟာ ကိုဗစ္အစီအမံရဲ႕ ႀကီးမားတဲ့ အေ႐ြ႕တစ္ခုျဖစ္ ပါလိမ့္မယ္။ လြတ္လပ္စြာ ေပးစစ္ခဲ့ရင္ေပါ့။ဒီေန႔ ညေန ႏိုင္ငံေတာ္၏ အတိုင္ပင္ ခံပုဂၢိဳလ္ ေဒၚေအာင္းဆန္းစုၾကည္ မိန္႔ခြန္းမွာ ကိုဗစ္ ေရာဂါကို အလွ်င္အျမန္ စစ္ေဆးႏိုင္ တဲ့ antigen rapid test kit အခု တစ္သိန္းကို ကိုရီးယားႏိုင္ငံကေန မၾကာခင္ေရာက္ရွိၿပီး စစ္ေဆး ႏိုင္မယ္လို႔ ေျပာသြားပါတယ္။ဒါဟာ ေကာင္းမြန္တဲ့ အေ႐ြ႕တစ္ခုျဖစ္ၿပီး အလြန္ႀကိဳဆိုရမယ့္ အေျပာင္းအလဲ တစ္ခုပါပဲ။

Rapid antigen test kit တစ္ခု တန္ဖိုးဟာ ၇၅၀၀ က်ပ္ေလာက္ က်သင့္ၿပီး မွန္ကန္မႈက ၉၅% ေက်ာ္အထိ မွန္ကန္ပါတယ္။ အခုလက္ရွိ ျမန္မာျပည္မွာ စစ္ေနတာက RT PCR နည္းျဖစ္ၿပီး အစိုးရက ႏွစ္သိန္းက်ပ္ က်သင့္တယ္လို႔ ဆိုပါတယ္။ မွန္ကန္မႈက ၉၉% ေလာက္ရွိ ပါတယ္။Rapid antigen test kit သုံးႏိုင္ လာရင္ အေကာင္းအေနနဲ႔ ယခုလက္ရွိေဆး႐ုံေတြမွာ ပုံေနတဲ့ သံသယလူနာ PUI ေတြကို ျမန္ ျမန္ အေျဖထုတ္ၿပီး ရွင္းထုတ္ႏိုင္ပါမယ္။ ဆရာဝန္ က်န္းမာေရးဝန္ထမ္း တအိမ္ထဲေနသူေတြ ျမန္ျမန္သိရေတာ့ ထိေတြ႕မႈနည္းမယ္။

ကူးစက္ဖို႔ အခြင့္အလမ္းက်သြားမယ္။ေျဖရွင္းရမယ့္ ကိစၥတစ္ခုကေတာ့ အမ်ားႀကီး စစ္ရင္ အမ်ားႀကီးေတြ႕မွာ ျဖစ္ပါတယ္။ အဲ့လို အမ်ား ႀကီးေတြ႕ရင္ အဲ့ဒီ လူနာေတြကို ပိုးေတြ႕ positive လူနာအျဖစ္ တခါထဲ သတ္မွတ္မလား၊ မသတ္မွတ္ဘူးလား။ PCR နဲ႔ ထပ္ အတည္ျပဳ အုန္းမလား။ အတည္ျပဳရင္ PCR က မႏိုင္ေလာက္ေတာ့ပါဘူး။ ေနာက္တခုက ပိုးေတြ႕လူအမ်ားႀကီးေတြ႕ရင္ ေတြ႕သမွ်လူ ေဆး႐ုံတင္ ေပၚလစီေျပာင္း မွ အဆင္ေျပေလာက္မယ္။

Q လဲ မႏိုင္ေလာက္ဘူး။ home Q ေပးမွ အဆင္ေျပႏိုင္မယ္။ ဘာလို႔လဲ ဆိုေတာ့ အမ်ားႀကီးစစ္ရင္ အမ်ားႀကီးေတြ႕လာမွာကိုး။ အခုတစ္ သိန္းဆိုတာ တကယ္သုံရင္ေတာ့ ခဏေလးပဲ။

Dr. Myo Thet Aung

UNICODE

Test kit သုံးရင် ဆေးရုံတင်/ဆင်း ပေါ်လစီ၊ Q ပေါ်လစီကတော့ မပြောင်းမဖြစ် ပြောင်း ရမှာပါ။ ဒါဟာ ကောင်းသောပြောင်းလဲခြင်းပါ။ ပိုးတွေ့လူနာဦးရေကတော့ တရှိန်ထိုး ထောင်တက်မှာ ဖြစ်တဲ့အတွက် သိပ်မစိုးရိမ်ကြပါနဲ့။ စစ်လို့တွေ့တာပါ။တခုပဲ။ အစိုးရကပဲ ထိမ်းချုပ် ပြီး သုံးမှာလား။ ဒါမှ မဟုတ် မြန်မာ FDA က တရားဝင် ခွင့်ပြုပြီး လွတ်လပ်စွာ ဝယ်ယူ အသုံးပြုခွင့်ပေးမလား။ အဲ့ဒါတော့ ရှင်းရှင်းလင်း လင်း မသိရသေးပါဘူး။ ရောင်းချင်တဲ့ ကုပ္ပဏီတွေကတော့ ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် antigen test kit သုံးသင့် ကြောင်း ကျွန်တော် အမြဲထောက်ခံ ခဲ့ပြီး ဒါဟာ ကိုဗစ်အစီအမံရဲ့ ကြီးမားတဲ့ အရွေ့တစ်ခုဖြစ် ပါလိမ့်မယ်။ လွတ်လပ်စွာ ပေးစစ်ခဲ့ရင်ပေါ့။ဒီနေ့ ညနေ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည် မိန့်ခွန်းမှာ ကိုဗစ် ရောဂါကို အလျှင်အမြန် စစ်ဆေးနိုင် တဲ့ antigen rapid test kit အခု တစ်သိန်းကို ကိုရီးယားနိုင်ငံကနေ မကြာခင်ရောက်ရှိပြီး စစ်ဆေး နိုင်မယ်လို့ ပြောသွားပါတယ်။ဒါဟာ ကောင်းမွန်တဲ့ အရွေ့တစ်ခုဖြစ်ပြီး အလွန်ကြိုဆိုရမယ့် အပြောင်းအလဲ တစ်ခုပါပဲ။

Rapid antigen test kit တစ်ခု တန်ဖိုးဟာ ၇၅၀၀ ကျပ်လောက် ကျသင့်ပြီး မှန်ကန်မှုက ၉၅% ကျော်အထိ မှန်ကန်ပါတယ်။ အခုလက်ရှိ မြန်မာပြည်မှာ စစ်နေတာက RT PCR နည်းဖြစ်ပြီး အစိုးရက နှစ်သိန်းကျပ် ကျသင့်တယ်လို့ ဆိုပါတယ်။ မှန်ကန်မှုက ၉၉% လောက်ရှိ ပါတယ်။Rapid antigen test kit သုံးနိုင် လာရင် အကောင်းအနေနဲ့ ယခုလက်ရှိဆေးရုံတွေမှာ ပုံနေတဲ့ သံသယလူနာ PUI တွေကို မြန် မြန် အဖြေထုတ်ပြီး ရှင်းထုတ်နိုင်ပါမယ်။ ဆရာဝန် ကျန်းမာရေးဝန်ထမ်း တအိမ်ထဲနေသူတွေ မြန်မြန်သိရတော့ ထိတွေ့မှုနည်းမယ်။

ကူးစက်ဖို့ အခွင့်အလမ်းကျသွားမယ်။ဖြေရှင်းရမယ့် ကိစ္စတစ်ခုကတော့ အများကြီး စစ်ရင် အများကြီးတွေ့မှာ ဖြစ်ပါတယ်။ အဲ့လို အများ ကြီးတွေ့ရင် အဲ့ဒီ လူနာတွေကို ပိုးတွေ့ positive လူနာအဖြစ် တခါထဲ သတ်မှတ်မလား၊ မသတ်မှတ်ဘူးလား။ PCR နဲ့ ထပ် အတည်ပြု အုန်းမလား။ အတည်ပြုရင် PCR က မနိုင်လောက်တော့ပါဘူး။ နောက်တခုက ပိုးတွေ့လူအများကြီးတွေ့ရင် တွေ့သမျှလူ ဆေးရုံတင် ပေါ်လစီပြောင်း မှ အဆင်ပြေလောက်မယ်။

Q လဲ မနိုင်လောက်ဘူး။ home Q ပေးမှ အဆင်ပြေနိုင်မယ်။ ဘာလို့လဲ ဆိုတော့ အများကြီးစစ်ရင် အများကြီးတွေ့လာမှာကိုး။ အခုတစ် သိန်းဆိုတာ တကယ်သုံရင်တော့ ခဏလေးပဲ။

Dr. Myo Thet Aung

Add a Comment

Your email address will not be published. Required fields are marked *