ရန္ကုန္ၿမိဳ႕ က လူေတြ သတိမထား မိေသး တဲ့ သတိျပဳဖြယ္ ကိုဗစ္ အစုလိုက္ အၿပဳံလိုက္ ကူးစက္ႏိုင္တဲ့ ေနရာမ်ား

ရန္ကုန္ၿမိဳ႕မွာ ကိုယ္ပိုင္အိမ္ခန္းမရွိလို႔ တိုက္ခန္းအေဆာင္ေတြမွာ ေက်ာတခင္းစာအတြက္ ငရဲခန္းလို ဒုကၡခံၿပီး ငွားရမ္းေနထိုင္ၾကရတဲ့ သူေတြ အမ်ားႀကီးရွိေနပါတယ္။ ဒီပုံထဲကတိုက္ခန္းတခန္းဆို (၆’ x ၃’) အခန္းေပါင္း (၅၀) ေလာက္ဖြဲ႕ထားတာပါ ရန္ကုန္ၿမိဳ႕လယ္ကပါ (အခု အခန္းျပန္ဝယ္တဲ့သူက ဖ်က္လိုက္ပါၿပီ) ရန္ကုန္ၿမိဳ႕မွာ အလားတူတိုက္ခန္းအေဆာင္ ေျမာက္မ်ားစြာရွိေနပါတယ္။ ဒီ တိုက္ခန္းအ ေဆာင္ေတြဟာ စားေသာက္ဆိုင္ ေကတီဗီေတြထက္ ကူးစက္ႏိုင္ေျခပိုျမင့္မားပါတယ္။

စားေသာက္ဆိုင္ ေကတီဗီေတြကို အာ႐ုံစိုက္ေနခ်ိန္မွာ ေနာက္တန္းေပါက္ေနတဲ့ ဟာကြက္ႀကီးကို သတိျပဳမိေစလိုပါတယ္။ ၿမိဳ႕ေတာ္စည္ ပင္က တရားဝင္ခြင့္ျပဳထားတဲ့ အေဆာင္ေတြလဲ မဟုတ္သလို စည္ပင္သာယာ ရဲ႕ စည္းကမ္းေတြနဲ႔လဲ ဘာတခုမွမကိုက္ညီတဲ့ တိုက္ခန္း အေဆာင္ေတြပါပဲ စကၤာပူမွာျဖစ္တဲ့ လူေပါင္းရာေထာင္ခ်ီအၿပဳံလိုက္ အႁပြတ္လိုက္ကူးစက္မႈ ဆိုတာက အလုပ္သမား အေဆာင္ေတြက စျဖစ္တာပါ ဆိုင္ရာၿမိဳ႕နယ္ရပ္ကြက္အလိုက္ အထူးဂ႐ုစိုက္စစ္ေဆးၾကပ္မတ္ဖို႔လိုေနပါၿပီ ရန္ကုန္အတြက္စိတ္ပူရပါတယ္။

မေန႔ က သဃၤန္းကြၽန္းၿမိဳ႕နယ္ မွာ တိုက္ခန္းကို အေဆာင္အေနနဲ႔ အခန္းေတြ ကန႔္ၿပီးဖြဲ႕ထားတဲ့ တအိမ္တည္းမွာတင္ ပိုးေတြ႕လူနာ အ ေတာ္မ်ားမ်ားေတြ႕ရတာ စိုးရိမ္စရာ‌အလြန္ေကာင္းလွပါတယ္။ သူတို႔တေတြဟာစားေသာက္ဆိုင္လုပ္သားေတြပါ ေနာက္ဆက္တြဲကို စဥ္း စားသာၾကည့္ ၾကပါေတာ့ လူနာတင္ကားေတြနဲ႔ Quarantine ဝင္ဖို႔ ဒုတိယအသုတ္ လာေခၚသြားတာကိုလဲေတြ႕လိုက္ရပါတယ္။ ေျပာခ်င္ တာက ရန္ကုန္ၿမိဳ႕လည္ေခါင္ႀကီးမွာေတာင္ တိုက္ခန္းကို (၆’ x ၃’) အခန္းေသးေသးေလးေတြ၊ အထပ္သားနဲ႔ ဖြဲ႕ၿပီး။

အေဆာင္ငွား စားေနၾကတာကလဲ ဒုနဲ႔ေဒးပါပဲ ဒီအေဆာင္ေတြကစိုးရိမ္စရာအလြန္ေကာင္းပါတယ္။ က်န္းမာေရးအရ ဘယ္လိုမွ မသင့္ ေတာ္ သလို အလင္းေရာင္ ေလဝင္ေလထြက္ လုံးဝ မရွိပါဘူး ကိုဗစ္ အင္မတန္ကူးစက္လို႔ေကာင္းတဲ့ အေနအထားကို တမင္ဖန္တီးထား သလိုျဖစ္ေနပါတယ္ ပိုးေမြးတဲ့ ဌာနျဖစ္ေနပါတယ္ဆိုတာ ေဖာ္ျပသတိေပးလိုက္ ပါတယ္။

REF: LET PAN

UNICODE

ရန်ကုန်မြို့မှာ ကိုယ်ပိုင်အိမ်ခန်းမရှိလို့ တိုက်ခန်းအဆောင်တွေမှာ ကျောတခင်းစာအတွက် ငရဲခန်းလို ဒုက္ခခံပြီး ငှားရမ်းနေထိုင်ကြရတဲ့ သူတွေ အများကြီးရှိနေပါတယ်။ ဒီပုံထဲကတိုက်ခန်းတခန်းဆို (၆’ x ၃’) အခန်းပေါင်း (၅၀) လောက်ဖွဲ့ထားတာပါ ရန်ကုန်မြို့လယ်ကပါ (အခု အခန်းပြန်ဝယ်တဲ့သူက ဖျက်လိုက်ပါပြီ) ရန်ကုန်မြို့မှာ အလားတူတိုက်ခန်းအဆောင် မြောက်များစွာရှိနေပါတယ်။ ဒီ တိုက်ခန်းအ ဆောင်တွေဟာ စားသောက်ဆိုင် ကေတီဗီတွေထက် ကူးစက်နိုင်ခြေပိုမြင့်မားပါတယ်။

စားသောက်ဆိုင် ကေတီဗီတွေကို အာရုံစိုက်နေချိန်မှာ နောက်တန်းပေါက်နေတဲ့ ဟာကွက်ကြီးကို သတိပြုမိစေလိုပါတယ်။ မြို့တော်စည် ပင်က တရားဝင်ခွင့်ပြုထားတဲ့ အဆောင်တွေလဲ မဟုတ်သလို စည်ပင်သာယာ ရဲ့ စည်းကမ်းတွေနဲ့လဲ ဘာတခုမှမကိုက်ညီတဲ့ တိုက်ခန်း အဆောင်တွေပါပဲ စင်္ကာပူမှာဖြစ်တဲ့ လူပေါင်းရာထောင်ချီအပြုံလိုက် အပြွတ်လိုက်ကူးစက်မှု ဆိုတာက အလုပ်သမား အဆောင်တွေက စဖြစ်တာပါ ဆိုင်ရာမြို့နယ်ရပ်ကွက်အလိုက် အထူးဂရုစိုက်စစ်ဆေးကြပ်မတ်ဖို့လိုနေပါပြီ ရန်ကုန်အတွက်စိတ်ပူရပါတယ်။

မနေ့ က သင်္ဃန်းကျွန်းမြို့နယ် မှာ တိုက်ခန်းကို အဆောင်အနေနဲ့ အခန်းတွေ ကန့်ပြီးဖွဲ့ထားတဲ့ တအိမ်တည်းမှာတင် ပိုးတွေ့လူနာ အ တော်များများတွေ့ရတာ စိုးရိမ်စရာ‌အလွန်ကောင်းလှပါတယ်။ သူတို့တတွေဟာစားသောက်ဆိုင်လုပ်သားတွေပါ နောက်ဆက်တွဲကို စဉ်း စားသာကြည့် ကြပါတော့ လူနာတင်ကားတွေနဲ့ Quarantine ဝင်ဖို့ ဒုတိယအသုတ် လာခေါ်သွားတာကိုလဲတွေ့လိုက်ရပါတယ်။ ပြောချင် တာက ရန်ကုန်မြို့လည်ခေါင်ကြီးမှာတောင် တိုက်ခန်းကို (၆’ x ၃’) အခန်းသေးသေးလေးတွေ၊ အထပ်သားနဲ့ ဖွဲ့ပြီး။

အဆောင်ငှား စားနေကြတာကလဲ ဒုနဲ့ဒေးပါပဲ ဒီအဆောင်တွေကစိုးရိမ်စရာအလွန်ကောင်းပါတယ်။ ကျန်းမာရေးအရ ဘယ်လိုမှ မသင့် တော် သလို အလင်းရောင် လေဝင်လေထွက် လုံးဝ မရှိပါဘူး ကိုဗစ် အင်မတန်ကူးစက်လို့ကောင်းတဲ့ အနေအထားကို တမင်ဖန်တီးထား သလိုဖြစ်နေပါတယ် ပိုးမွေးတဲ့ ဌာနဖြစ်နေပါတယ်ဆိုတာ ဖော်ပြသတိပေးလိုက် ပါတယ်။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *