ကူးစက်ရောဂါ ကိုဗစ်ကို အပြတ်တိုက်မယ် ဆိုပြီး လူမရှိရင် ဘာမှလုပ်မရဘူး လို့ မေ့ဆေး ဆရာဝန်တဦး ဒဲ့ ပြောပြီ
Phyu Khinmoe
UNICODE
မနေနိုင်တဲ့လူက ကြားကူညီလို့ Yangon air port hotel ရမယ်၊ ဂျုတီဆင်းဘို့ အသွားပြန်ကား စီစဉ်ပေးမယ်၊ ဆိုတာနဲ့စပြောင်းဘို့ လုပ် ကြတယ်။စားဘို့အစီစဉ်မသိသေးဘူးပြောတာတောင်ရပါတယ်၊နေစရာလေးရရင်တော်ပါပြီပြောကြတဲ့ကလေးတွေ၊အလုပ်သွားဘို့အဆင်ပြေသွားတာကိုကျေနပ်နေကြတာ၊စားဘို့ကဖြစ်လာနိုင်တာဘဲလေ၊ကျမတို့ အိုးမဲ့အိမ်မဲ့မို့ သူများ Hotel တက်နေတာမဟုတ်ပါ၊ ကျမတို့ နေစရာအတွက် သက်ဆိုင်ရာ က ခွင့်ပြုလို့၊ အလှူ့ရှင် ကလဲ လှူထားလို့အလုပ်လုပ်ဘို့ နေကြတာပါ၊ ဒါကိုကျွန်တော့်ခွင့်ပြုချက် မတောင်း ဘဲခင်ဗျားကျောင်းသားတွေကသွားနေကြတယ် တာဝန်မဲ့ စကားမပြောပါနဲ့၊ ကိုယ်စကားကိုယ်တာဝန်ယူပါ၊ ကျမတို့ စိတ်ပင်ပန်းနေတာ နားလည်ရဲ့လား၊ တဖြုတ်ဖြုတ် Positive တွေပါနေတာ၊ ဒီည ICU က ဆရာမ ၄ယောက်ပါပြန်ပြီ၊
အလုပ်လုပ် ခြင်စိတ် မရှိတော့အောင် စိတ်ကုန်အောင် မလုပ်ကြပါနဲ့၊ ကျမက အကြိမ်ကြိမ် ထွက်ခွင့်တောင်းထားသူပါ၊ လုပ်ဖေါ်ကိုင်ဖက် တွေကို ဒီအ ခြေအနေမှာ မထား ခဲ့ရက်လို့ နေနေတာပါ ကိုယ့်အငယ်ကလေး‌‌တွေ ကိုတာဝန်မဲ့မထားနိုင်သေးလို့ လိုက်လုပ်နေတာပါ၊ ဟိုနေ ရာဒီနေရာ နေနေကြသားနဲ့ နေစရာမရှိဘူးပြောတယ်ဆိုတဲ့ စကားပြန်ပြင်ပြောပါ၊လူ၄၅ ယောက်နေဘို့လိုနေတာလို့ ပြောထားပြီးသား ၊ကူးမစိုးလို့ ရသလိုလေး လိုက်ထားနေတာကို နားမလည်ဘဲ ရမ်းသမ်းမပြောပါနဲ့၊ ကျမတို့ရဲ့တာဝန်ခံသူလို့သိထားတဲ့ Rector နဲ့ MSကိုမ ပြောဘဲ ဘာတစ်ခုမှမလုပ်ထားဘူး၊၊ အချိန်မှီမစီစဉ်ပေးဘဲ လူကုန်ပိုးကူးကုန်မှနေစရာပေးမနေနဲ့၊ ဘယ်ဟာ ဦးစားပေး လုပ်ရမယ်ဆိုတာ မသိဘဲဦးဆောင်မနေနဲ့၊ သေကုန်လိမ့်မယ်။ ပြောထားမယ်နော်၊ဘာထုခြေလွှာမှလာမတင်ခိုင်းနဲ့၊ပြောသင့်တယ်ထင်လို့ပြောတာ။
ခိုင်းလို့ လုပ်နေတာမဟုတ်ဘူး၊ မလွန်ဆန်နိုင်လို့ လုပ်နေတာမဟုတ်ဘူး၊ ငါတို့ မေ့ဆေးဆရာဝန်တွေ ဆရာဝန် လူလိုခံစားတတ်လို့ ဆရာ ဝန်စိတ်ရှိလို့ ခုထိဘယ်နေရာမှာလုပ်လုပ် လိုက်လုပ်နေတာ၊ ဆရာဦးဇော်ဝေစိုး ဘာအတွက် အလုပ်လုပ်တယ်ဆိုတာ အရင်ကတည်းက သိပြီးသား၊ သူ့အကျိုးစီးပွားအတွက် တခါလေးမှ မလုပ်ဘူးဘူး၊ ငွေကြေးကြောင့် ဂုဏ်ကြောင့်သူ လုပ်နေတာမဟုတ်ဘူး၊ သူ့စိတ်ဓါတ်က အငယ်တွေကို သားသမီးလိုဘဲ စောင့်ရှောက်တယ် နားလည်ကြလို့ ခုထိ မနိုင်ဝန် ထမ်းနေရတာတောင်ငါတို့ မငြင်းသေးဘူး။ အရေးပေါ် ခွဲခန်းကို စောင့်ကြည့်လူနာတွေ များလာလို့ နေရာခက်ခဲလာလို့ ပုံမှန်ခွဲစိတ်ခန်းမှာ ပြောင်းခွဲကြတယ်။ အဲဒီအချိန်မှာ အရေးပေါ်ခွဲစိတ်၊ ထိ ခိုက်လူနာတွေ (၃) ယောက်ခွဲပြီးမှ ကိုဗစ်ကူးစက်ထားမှန်း သိကြတယ်။
ထိတွေ့မိသူတွေ လိုက်စစ်လိုက်တော့ အရိုးဆရာဝန်၊ မေ့ဆေးဘွဲ့လွန်တက်နေသော ဆရာဝန်၊ သူနာပြုတွေ၊ သူနာပြုဆရာမကြီး၊ အလုပ် သမား (အငယ်တန်းဝန်ထမ်း) အများအပြား ကူးစက်ခံကြရတာတွေ့ရတယ်။ ခွဲခန်းတိုင်းက လူတော်တော်များမျာ ကိုဗစ်ကူးစက်နေကြ တယ်။ ကိုဗစ်ပိုး လူနာလို့ မသိလို့က တမျိုး၊ ကူးစက်ခံထားရတဲ့ ဝန်ထမ်းတွေ ကူးတာက တမျိုး ပိုးကူးနေကြတာ IsolationICU ဆိုတာ ကိုဗစ်လူနာတွေကို သီးခြားထားတဲ့နေရာ ၊အဲ့ဒီနေရာမှာတာဝန် ထမ်းဆောင်နေရတဲ့ မည်သူမဆို အိမ်မပြန်ခြင်ကြဘူး။ ဆေးရုံအသီးသီးမှာ တာဝန်ထမ်း‌နေသူ မည်သူကြီးငယ်မဆို ကိုယ့်ဆီကပိုး အိမ်ကမိသားစုကိုကူးမှာ‌သေမလောက်ကြောက်ကြတယ်၊ အလုပ်ချိန်ပြီး အိမ်ပြန်ဘို့ ခက်လာကြတယ်၊ နေစရာအတွက်အခက်အခဲဖြစ်လာတယ်၊
ဆေးရုံအုပ်ကြီးမှာလဲ ရှိတာလေး ရထားတာလေးတွေက ဆင့်ပါးစပ်နှမ်းပက်သလို၊ ပေးရမဲ့လူကအများကြီး၊အလုပ်သင်ဆရာဝန်လေးတွေ လက်ထောက်ဆရာဝန်လေးတွေ နေရာစုံမှာလုပ်နေကြရတာ၊ သူတို့လေးတွေလဲ အိမ်ပြန်ဘို့ ကြောက်ကြတယ်၊ ဆေးရုံအုပ်ကြီးခမျာလဲ သူလုပ်ပေးနိုင်တဲ့အတိုင်းတာလွန်နေပြီ၊မေ့ဆေးဌာနတခုလုံးအနေနဲ့ နေဘို့တောင်းထားတာ ၄၅ ယောက်စာ ။ Garden view condo မှာရထားတာ ၁၀ ယောက်စာ၊ ၂ထပ်ကုတင်နဲ့ တစ်ခန်း ၄ယောက် ၊ကလေးတွေကပြောတယ် ပြင်လို့မပြီးသေးလို့လား မသိဘူးသူတို့အခန်း တွေ ပန်ကာမရဘူးတဲ့၊ ကျောတခင်းစာ လုံခြုံစွာအိပ်ဘို့ရတာ ကျေးဇူးတင်လို့ ပြောလိုက်ရတယ်၊ သူတို့လေးတွေကို ပန်ကာနဲ့ air cooler ဝယ်ပေးမယ်ပြောထားတယ်၊ ခုထိဝယ်တဲ့စခန်းမရောက်သေး ၊
စနေနေ့ဝယ်ကြမယ်ပြောထားရတယ်၊ ကျန်လူတွေ နေစရာအမြန်ရမှဖြစ်မယ်၊ နေရာရဘို့ဘယ်လိုလုပ်ရမလဲ၊ လူကြီးတွေ လုပ်ပေး နေတာ စောင့်နေတာ၊ သူတို့ လုပ်ပေးမှာပါဆိုတဲ့‌မျှော်လင့်ချက်နဲ့၊ ပြန်ဘို့မဖြစ်နိုင်တော့တဲ့ ဆရာဝန်ကြီးငယ်တွေများလာပြီ၊ နေစရာကခက်ခဲဆဲ၊ Positive Case တွေကြည့်ပေးနေရတဲ့ IsolationICU မှာဂျူတီကျတဲ့ ဆရာဝန်တွေ စာသင်ခန်းမှ ာဖယောင်း ပုဆိုးခင်း၊အိမ်လုပ်နေတာ ကြာပေါ့၊ ကုတင်၅လုံးဘဲရမယ် ကျန်သူတွေ က ဂွမ်းကပ်ခင်း စုပြုံမနေနဲ့ဆိုလို့ ဖြစ်သလိုခွဲထားရတယ်။စ ားဘို့ ဆေးရုံအုပ်ကြီးဆီကအ လှူထမင်းဘူးတွေရတယ်။ ရေချိုးဘို့လား၊ ဘေဇင်မှာ ခွက်ခံချိုးတယ်၊အေးဆေးပါ၊ ဆေးရုံမှာ ဖြစ်သလိုနေတတ်၊အိပ်တတ်မှ ဆရာဝန်ပီ သတာ၊လူတိုင်းနားခွင့်ရှိတဲ့ အချိန်လေးမှာတော့ အိမ်ပြန်ခြင် တာပေါ့၊ မတတ်သာလွန်းလို့ မပြန်ကြတာ။
ကိုယ်အိမ်က အနွေးထွေးဆုံး၊ သက်တောင့်သက်သာ အဖြစ်ဆုံးဘဲလေ၊လူတိုင်းသိတယ်၊တ/ဥ COVID ICU ဂျူတီတပတ် သွားပြီးပြန် လာသူ ၆ ယောက် အိမ်မပြန်ဘဲ ရောဂါလက်ခဏာပေါ်မပေါ်စောင့်ကြည့်နေဘို့ လိုလို့ ဆေးရုံအုပ်ကြီးက တခန်းပေးထားတယ်၊ စားတာက တော့ ကိုယ့်ဖာသာဖန်တီးတယ်၊ မတောင်းဆိုပါဘူး၊ တဖွဲ့လာ တဖွဲ့ပြန် တ/ဥ ပြန်တွေထိအဆင်ပြေနေတယ်၊ ဖောင်ကြီးထပ်သွားရပြီ၊ ဖောင်ကြီး‌‌ဂျူတီဆင်းပြီး ပြန်လာပြီ ၊ပြန်လာရင်အိမ်မပြန်‌သေးဘဲ တပတ်နားစောင့်ကြည့် ကာလလေးမှ ာနေဘို့နေရာလေး တစ်ခုလိုလာ ပြီ၊ နေရာလေ းတခုရတယ် ဆိုလို့၊ လာနေပါဆိုလို့ ဖောင်ကြီးပြန်တပတ်နားစရာလေးအဆင်ပြေသွား၊ ချက်စားဘို့နေရာလေး လုပ်ပေး ထားတော့ အဆင်ပြေ၊တ ဖွဲဆင်းတဖွဲ့တက်၊ တပတ်ပြည့်တာနဲ့ပြန်တာပါ၊ အမြဲနေတာမဟုတ်ပါဘူး ။
ကြားခံကာလလေးတခုအနေနဲ့နေတာပါ။ဟောနောက်တစ်နေရာလုပ်အုန်းမယ်တဲ့ လူကုန်သုံးရတော့မယ်ဆိုပါမှ နောက်တန်းမှာတင် ကို ဗစ်ကိုက်ကုန်ပြီ၊ ဒီအချိန် ကိုဗစ်တွယ်လို့ ရှေ့တန်းမရောက် နောက်တန်းမှာတင် လူနာဖြစ်ကုန်ကြပြီ၊ ပိုးမတွေ့သေးသူတွေစု ဆောင်းထား ဘို့လိုပြီ။ အိမ်ပြန်လွှတ်လို့မဖြစ်တော့တဲ့အခြေအနေပါ။ သူတို့ဆီက ပိုးကူးနိုင်သလို အိမ်ကနေ လမ်းတစ်လျှောက်ပိုးကူးကုန်လို့မဖြစ်ပါ၊ အ ရေးပေါ် ဒီလူတွေနေစရာ မြန်မြန်မပေးရင် အလုပ်လုပ်စရာလူမကျန်နိုင်တော့ပါ။ တိုက်မယ်တိုက်မယ်အော်ပြီး လူမရှိရင်ဘာနဲ့ လုပ်ကြမယ် မသိပါ၊လူအရင်စုဆောင်းဘို့လိုပါတယ်ဆိုတာ နားမလည်တာ အံ့ဩစရာ။ ဆရာဇော်ကတော့ကောင်းကောင်းသဘောပေါက်တယ်၊ နေစရာ တောင်းနေတာအလုပ်လုပ်ခြင်ကြသေးလို့ပါ၊ Modular OTမှာ အလုပ်သမား ၁၈ယောက်မှာ ၁၃ယောက် Positive ထွက်ပြီ၊
သူနာပြုဆရာမကြီး၁ယောက်အပါဝင်သူနာပြု၄ဦး၊မေ့ဆေးဘွဲ့လွန်‌ကျောင်းသား ၁ဦး ၊အထူးကြပ်မတ်ဆောင်Isolation ICU တာဝန်ယူ ထာူတဲ့မေ့ဆေးဆရာဝန်ကြီး ၁ ဦး ကူးဆက်နေပြီ၊နဂိုကတည်းက လူနည်းပါတယ်ဆို ကူးစက်မှု ထပ်မဖြစ်အောင် လူခွဲထားရမယ်။ မြန် မြန်နေစရာရှာ လူခွဲထားစရာ နေရာ ရှာရမယ် ဆုံးဖြတ်လိုက်တယ်။ ဆရာဦးဇော်ဝေစိုးကို ကူးစက်မှု အခြေအနေတွေနဲ့ ပိုးစစ်နေချိန် ထား ရမဲ့နေရာ အခက်အခဲ ပြောပြလိုက်တယ်။ Negative ထွက်လာသူတွေကို ပြန်မလွှတ်ဘဲ အကောင်းကျန်အောင် လူသိမ်းရတော့မယ်ဆရာ နေစရာ မရှိသေးဘူးဆိုတာနဲ့ မြန်မြန်စစ်၊ နေစရာရှာမယ် ပြောပါတယ်။ MS ကလည်း တထပ်ထဲပဲ ပြောလာတယ်။ ဆရာ၊ မမတို့ အဆက် အသွယ်နဲ့ Hotel YNO မှာ နေစရာရလို့ စစ်ပြီး ပိုးမတွေ့သူတွေ ပြန်လာကြတယ်။
ICU နဲ့ အရေးပေါ် ခွဲခန်း ၂၄ နာရီ ဂျူတီဆင်းရမယ့် ဆရာဝန် ၈ ယောက် နေစရာ မရှိသေးလို့ ၃၊၄ ရက်နေပါမယ်၊ ကျမတို့ နေရာရရင် ပြောင်းပါမယ်လို့ ပြောတော့ ဟိုတယ်ကူညီသူများဖက်က လိုလိုလားလား ကူညီကြတယ်။ နေပါပြောကတယ်။ နေစရာရှိတာနဲ့ ပြောင်း ကြမှာပါ။ တဖက်ကလဲ ဆရာမေ့ဆေးဆရာဝန် ကြီး၊ငယ်၊ ဘွဲ့လွန်ကျောင်းသား အပါအဝင် ၄၅ ယောက်လောက်နေဖို့နေရာ အဲဒီနေရာက ဂျူတီဆင်းဖို့ လိုနေပြီ အိမ်ပြန်ခိုင်းလို့ မဖြစ်တော့ဘူးဆိုတော့ ဆရာကလဲ အမြန်ရှာပေးမယ် ပြောပါတယ်။ မမ MS ကလဲ Holly hotel ရှိတယ် အ‌ဝေးပြေးဝင်းနားမှာဆိုတော့ ကားက မရှိပြန်တော့ အလုပ် လာဖို့ ခက်ပြန်ရော ကားရှိသူ ဆရာဝန်လေး ၃ ယောက်ကို အဲဒီပို့၊ ကျန်တဲ့ ကလေးတွေကလဲ ဘယ်နေရာမလဲမေး၊ ကိုယ့်မှာလဲ ရမှာပါ ဆရာစီစဉ်နေပါတယ် ပြောထားရ၊
သူတို့ တာဝန်ထမ်းဆောင်နေကြတဲ့ Neuro ခွဲခန်းဆရာမလေးတွေ positive ထွက်ပြန်ပြီဆိုတော့ အဲဒီက ဘွဲ့လွန်ကျောင်းသူလေးတွေ အိမ်မပြန်တော့ဘူး သူတို့ အလုပ်ဆင်းမယ် နေစရာ ရှာပေးပါ ဖြစ်ပြန်ရော ဒီ ၂ ရက်လောက် သူတို့ ၂ ယောက်ကို holly ကိုပို့ထား၊ သူတို့ အချင်းချင်းလဲ မတွေ့ကြဖို့မှာ အဖြေကောင်းသူတွေထပ် အကူးမခံရဖို့ အိမ်မပြန်ကြဖို့ လိုတယ်၊ သူတို့ဆီက ပိုးတသိန်း အိမ်ကလူဆီ မပို့ဖို့ လိုတယ်။
Phyu Khinmoe
Add a Comment
Your email address will not be published. Required fields are marked *