ခိုးစားေန တဲ့သူေတြ ကို ဘယ္ လို ျပဳမူဆက္ဆံ သင့္သလဲ? ဘယ္လိုေျဖရွင္းသင့္လဲ?

အဲဒါကို ခဏတာ စိတ္သာယာမႈေၾကာင့္ လြယ္လြယ္ကူကူ က်ဴးလြန္ေနတဲ့သူကိုေရာ က်ဴးလြန္မိေအာင္ စြဲေဆာင္ေနတဲ့သူကိုေရာ အက်ိဴး လြန္ခံရတဲ့ ဇနီး(သို႔မဟုတ္) ခင္ပြန္း ျဖစ္သူက … ကြၽန္မတို႔မိသားစု ပ်ိဳကြဲေအာင္ မလုပ္ပါနဲ႔လို႔…ေတာင္းပန္ ေနရတယ္ ဆိုတာ မျဖစ္သင့္ ပါဘူး။ခိုးစားတဲ့သူကလည္း …ကိုယ္ကလည္း သူမ်ားဟာ ခိုးစားေနေသးတယ္၊ အဲဒါကိုေတာင္ ရွက္ရေကာင္းမွန္းမသိဘဲနဲ႔ …”ကိုယ့္လူ ကိုယ္ ႏိုင္ေအာင္ထိန္းပါ”လို႔ ေျပာတတ္တာလည္း ကိုယ့္မွာ သိကၡာတင္ မရွိတာ မဟုတ္ဘူး၊ စည္းလည္း မရွိဘူး၊ ယဥ္ေက်းမႈလည္း မရွိဘူး။ တန္ဖိုးလည္း မရွိဘူးဆိုတာကို တုန႔္ျပန္လိုက္သလိုပါပဲ။

အဲဒါေၾကာင့္ ခိုးစားေနတဲ့သူေတြကို သြားေတြ႕ၿပီး ေတာင္းပန္တာမ်ိဳး၊ ေျပာဆိုတာမ်ိဳး လုပ္ျခင္းဟာ အက်ိဳးမဲ့ေစတယ္လို႔ ျမင္မိပါတယ္။ ကြၽန္မအျမင္မွာေတာ့ ေဖာက္ျပန္ေနတဲ့ ကိုယ့္ရဲ႕ဘဝလက္တြဲေဖာ္နဲ႔ဦးစားေျဖရွင္းရမဲ့ကိစၥပါ။ ၿပီးမွ ခိုးစားတဲ့သူကို ထိေရာက္ေစမဲ့ နည္း လမ္းနဲ႔ေျဖရွင္းရမွာပါ။ဒီကိစၥက လြယ္မလို႔နဲ႔ ခက္ခဲ တဲ့ ကိစၥလို႔အမ်ားစုကေတာ့ယူဆၾကပါတယ္။ ကြၽန္မကေတာ့အဲဒီလို မယူဆပါဘူး။ ကြၽန္မကို မၾကာခဏဖုန္းဆက္ၿပီး ရင္ဖြင့္ၾကတဲ့ ထဲမွာ ခင္ပြန္းျဖစ္သူက ေဖာက္ျပန္ေနလို႔။ ဇနီးျဖစ္သူက ေဖာက္ျပန္ေနလို႔…ဆိုၿပီး ရင္ ဖြင့္ၾကတာက ၉ ၀% ေလာက္ရွိပါတယ္။ အဲဒီထဲမွာ မိသားစု ၿပိဳကြဲမွာ စိုးလို႔ က်ဴးလြန္ေနတဲ့သူေတြကို ေတာင္းပန္ေပမဲ့ မရပါဘူး။

စိတ္မသက္သာစြာနဲ႔ၾကားေနရပါတယ္။ကြၽန္မအေနနဲ႔ကိုယ့္မွာ အဲဒီလို ကိုယ္ေတြ႕ အေတြ႕အႀကဳံမရွိေပမဲ့၊ အျခားသူေတြ ရဲ႕အေတြ႕အႀကံဳနဲ႔ စဥ္းစားလို႔ရတာေလးေတြကိုေတာ့ျပန္ၿပီး မ ွ်ေဝခ်င္ပါတယ္။တကယ္ေတာ့ ပိုင္ရွင္ရွိတဲ့ ပစၥည္းကို ပိုင္ရွင္အသိမေပးဘဲနဲ႔ယူသုံးတာ ခိုး မႈေျမႇာက္ပါတယ္။ကာမပိုင္ရွိတဲ့ ခင္ပြန္း(သို႔မဟုတ္) ဇနီးသည္ နဲ႔ ၿငိစြန္းတာက ဥပေဒအရလည္း ခိုးမွႈေျမႇာက္သလို၊ ဘာသာေရးရႈ႕ ေထာင့္ကေန ၾကည့္ရင္လည္း ဒုသနေသာ ေျမာက္တာပါပဲ။ဒါ့အျပင္ လူမႈေရးအေနနဲ႔ ၾကည့္ရင္လည္း တဏွာရာဂေၾကာင့္ မထိန္းသိမ္း ႏိုင္ဘူးဆိုတာကို လူအမ်ားသိေအာင္ ေၾကညာလိုက္တဲ့ကိစၥျဖစ္တဲ့အတြက္ အင္မတန္ သိကၡာမဲ့တဲ့ လုပ္ရပ္ျဖစ္သလို၊

လူ႔အသိုင္းအဝိုင္းမွာေရာ ေဆြစဥ္မ်ိဳးဆက္ပါ ထိခို္က္ေစတဲ့လုပ္ရပ္ပါ။မိသားစုအေရးမွာ ကိုယ့္အိမ္ေထာင္ဖက္က ေဖာက္ျပန္တယ္ဆိုတာ ကိုယ့္ေနာက္ေက်ာကို ဓါးနဲ႔ ထိုးတာပါ၊သားသမီးေတြကိုလည္း ဓါးထိုး သတ္လိုက္တာနဲ႔ အတူတူပါပဲ။ အဲဒီလို မိသားစုအေပၚမွာ အျပစ္ႀကီး က်ဴးလြန္ထားတဲ့ သူနဲ႔ပတ္သက္တဲ့ ကိစၥကို ကိုယ္တြယ္ေျဖရွင္းႏိုင္ဖို႔အတြက္ စနစ္တက်ရွိဖို႔နဲ႔ဉာဏ္ပညာရွိရွိ ေျဖရွင္းဖို႔ လိုပါတယ္။အဲဒီလို အိမ္ေထာင္ေရးေဖာက္ျပန္မႈကို မေျဖရွင္းခင္မွာ ကိုယ့္ကိုယ္ကို အရင္ဆုံး ႀကိဳးစားၿပီး ျပင္ဆင္ပါလို႔ ဆိုခ်င္ပါတယ္။ စိတ္လႈပ္ရွားေနတဲ့ အ ခ်ိန္မွာ မိသားစုအတြက္ အေရးႀကိးတဲ့ အလုပ္ကို မလုပ္တာ အေကာင္းဆုံးမို႔ပါ။

အဲဒါေၾကာင့္ ေဒါသဘယ္ေလာက္ထြက္ေနပါေစ၊ စိတ္ေအးေအာင္ တည္ၿငိမ္ေအာင္ အရင္ဆုံး ႀကိဳးစားပါ။ကိုယ့္အိမ္ေထာင္ဖက္က တကယ္ ေဖာက္ျပန္ေနျခင္းရွိမရွိ အရင္ဆုံး စစ္ေဆးပါ။ သူ႔ကို ပါးစပ္ကေန ဖြင့္ေမးတာမ်ိဳး မလုပ္ခင္မွာ ေသခ်ာေအာင္ စစ္ပါ။ အနည္းဆုံး ႏွစ္ႀကိမ္ (သို႔မဟုတ္) သုံးႀကိမ္ ေလာက္ထိ စစ္ေဆးၿပီး ေသခ်ာၿပီဆိုမွ ဒီကိစၥအတြက္ ဘယ္လို ေဆာင္႐ြက္မယ္ဆိုတာကို အရင္ဆုံး စဥ္းစားသင့္တာ ပါ။နည္းလမ္း ၂ မ်ိဳးရွိပါတယ္။ပထမ နည္းလမ္းကေတာ့(၁) သူ႔ကို ခြင့္လႊတ္ၿပီး ဆက္ေပါင္းဖို႔နည္းလမ္းပါ။ ကိုယ့္ေနာက္ေက်ာကို ဓါးထိုး ထားတဲ့သူကို သနားလို႔ပဲ ျဖစ္ျဖစ္အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ပဲ ျဖစ္ျဖစ္ ဆက္ေပါင္းဖို႔စဥ္းစားတယ္ ဆိုရင္ေတာင္မွ။

တစ္စုံတစ္ရာ တုန႔္ျပန္မႈတစ္ခုခုေတာ့ လုပ္သင့္ပါတယ္။ဒီကိစၥနဲ႔ပတ္သက္ၿပီး ေနာက္ေရွ႕တစ္ဆင့္မတိုးရဲေအာင္၊ ဒါမွ မဟုတ္ ေနာင္ ဒါမ်ိဳး ထပ္ၿပီး မက်ဴးလြန္ရဲေအာင္ လုပ္သင့္တာပါ။ အဲဒီလိုမွ မဟုတ္ဘူး လြယ္လြယ္ကူကုူနဲ႔ ခြင့္လႊတ္ေပးလို္က္မယ္ဆိုရင္ေတာ့ သူဟာ ေတြ႕က ရာ မိန္းမနဲ႔ အႀကိမ္ႀကိမ္ေဖာက္ျပန္ေနမွာပါပဲ။ေဖာက္ျပန္တတ္တဲ့သူ မၾကာခဏေဖာက္ျပန္တယ္ဆိုတာ ကိုယ္က လက္ခံေပးထား၊ ခြင့္ လႊတ္ေပးထားလို႔ပါ။ အဲဒါေၾကာင့္ ေနာင္က်ဥ္ေအာင္ လုပ္ဖို႔ လိုပါတယ္။ပထမဆုံး လုပ္သင့္တာက သူတို႔ ဒီလို ေဖာက္ျပန္ေနတဲ့ကိစၥကို လူ မ်ားမ်ားသိေအာင္ လုပ္ပါ။ သူ႔မိဘ၊ ကိုယ့္မိဘ နဲ႔ေဆြမ်ိဳးအသိုင္းအဝိုင္းသိေအာင္လုပ္ပါ။

ခုိုးစားထားတဲ့ အသိုင္းအဝိုင္းဘက္ကေတာ့ ဒီလို မလုပ္မိေအာင္ ကိုယ့္ကို နည္းလမ္းမ်ိဳးစုံနဲ႔ တားပါလိမ့္မယ္၊ အဲဒါကို နားမေယာင္ပါနဲ႔…သတၱိရွိရွိနဲ႔ လူမ်ားမ်ားသိေအာင္ လုပ္ပါ။တစ္ၿပိဳင္နက္တည္းမွာပဲ …သူနဲ႔ေဖာက္ျပန္တဲ့သူကို စုံစမ္းပါ။ သူ႔ကို သြားေတြ႕ျ့ပီး ေျပာဆိုတာမ်ိဳး မလုပ္ပါနဲ႔။ သူဟာ ကိုယ့္ရဲ႕ကာမပိုင္နဲ႔ ေဖာက္ျပန္ေနတဲ့အေၾကာင္းကို သူ႔မိဘ၊ အသိုင္းအဝိုင္း၊ လုပ္ေဖာ္ကိုင္ဘက္ေတြပါ သိေအာင္ လုပ္ ေပးပါ။ ဒါဟာ နာမည္ဖ်က္တာမဟုတ္ပါဘူး။ နာမည္ကေတာ့ က်ဴးလြန္ျ့ပီဆိုကတည္းက ပ်က္ေနၿပီးသားပါ။ေဖာက္ျပန္တဲ့သူ အမ်ားစုက ခိုးစားေနတဲ့သူေတြက ခိုးစားေနမွန္းသိမွာကို ေၾကာက္တတ္ၾကပါတယ္။

အဲဒီအားနည္းခ်က္ကို သိထားၿပီးအသုံးျပဳပါ၊ သူ႔ရဲ႕အျခား အားနည္းခ်က္ေတြကို ဒီေနရာမွာ အသုံးျပဳလို႔လည္း ရပါတယ္။အဲဒီလို လုပ္တဲ့အ တြက္ ကိုယ့္အေနနဲ႔ အရွက္မကြဲပါဘူး။ ခုရႈပ္မွ ေနာင္ရွင္းမွာပါ။ ေနာက္တစ္ႀကိမ္ သူထပ္ၿပီး သူမက်ဴးလြန္ရဲေအာင္ရယ္၊ ေနာက္တစ္ဆင့္ မ်ား တက္လာခဲ့ရင္… ကိုယ့္အေနနဲ႔ ဘယ္လို ေျဖရွင္းရမလဲ…ဆိုတဲ့အေျဖအတြက္ ခုလို ႀကိဳတင္ကာကြယ္ထားသင့္တာပါ။ ဒါေၾကာင့္ သူ တို႔ေဖာက္ျပန္မႈကို လူမ်ားမ်ား သိေအာင္ လုပ္ရတာပါ။အစိုးရ ဝန္ထမ္း(သို႔မဟုတ္) တပ္မေတာ္ ဝန္ထမ္းဆိုရင္ သူ႔အထက္ အရာရွိ ၂ ဆင့္၃ ဆင့္ ထိကို တိုင္ထားပါ။ သူတို႔ဘက္က တစ္စုံတစ္ရာ အေရးယူေအာင္လည္း ကိုယ့္ဘက္က ေတာင္းဆိုပါ၊ ဖိအားေပးပါ။

အဲဒီ အဆင့္ကေန တက္ၾကတယ္ဆိုရင္ေတာ့ … လူသိမ်ားေအာင္ ထပ္ေၾကာ္ျငာၿပီး ကြာရွင္းမယ္၊ ပုဒ္မ ၁၃ နဲ႔ အေရးယူမယ္ဆိုတဲ့ အဆင့္ ကို ဆက္သြားသင့္ပါတယ္။ ဒီေလာက္ထိ ျဖစ္ေနၿပိ ဆိုရင္ေတာ့…သူ ဟာ ကိုယ့္အတြက္ လႊတ္ခ်သင့္တဲ့သူ ပါပဲ။(၂) ကိုယ့္အိမ္ေထာင္ဘက္ ကို စြန႔္ပစ္လိုက္တဲ့နည္းလမ္းပါ။ကိုယ့္ေနာက္ေက်ာကို ဓါးနဲ႔ ထိုးတဲ့သူဟာ ကိုယ့္ေဘးနားမွာ ရွိေနရင္ အခ်ိန္မေ႐ြး ကိုယ့္ကို စိတ္ေရာ လူပါ ဒုကၡေပးႏိုင္တယ္ဆိုတာကို သတိျပဳပါ။ အခ်စ္ဆိုတာ ကိုယ့္ဘဝနဲ႔ ကိုယ့္အနာဂတ္ေလာက္ အေရးမႀကီးပါဘူး။ ဒါေၾကာင့္ ပစ္ခ်လိုက္တာ ကပိုေကာင္းပါတယ္။ပစ္မခ်ခင္မွာ ခြင့္လႊတ္ၿပီး ပစ္ခ်လိုက္ခ်င္တာလား၊

တစ္ခုခုေတာ့ မွတ္ေလာက္သားေလာက္ေအာင္ ပညာေပးၿပီးမွ လႊတ္ခ်မလား စဥ္းစားပါ။အဲဒါေတြ မလုပ္ခင္မွာ ကိုယ့္ေနာင္ေရးနဲ႔ သားသ မီးေတြအတြက္ လက္ထပ္ပြား ပိုင္ဆိုင္မႈမ်ားအားလုံးကို ကိုယ့္ဘက္ကပဲ အပိုင္ရေအာင္ လုပ္ပါလို႔အႀကံျပဳခ်င္ပါတယ္။ကိုယ့္အတြက္ မလို ဘူးလို႔ေျပာခ်င္တဲ့သူလည္း ရွိခ်င္ရွိပါလိမ့္မယ္၊ ဒါေပမဲ့ကိုယ္က သူ႔ကို ေပးခဲ့ရတဲ့ အခ်ိန္ေတြရွိပါတယ္။ ပ်ိဳ႐ြယ္ႏုပ်ိဳမႈေတြရွိပါတယ္။ ကိုယ့္အ ေနနဲ႔သူ႔အေပၚ ေပးဆပ္ခဲ့ရတာေတြျပဳစုခဲ့ရတာေတြကို တစ္လကို အနည္းဆုံး ၃ သိန္းကေန ၅သိန္း ႏႈန္းနဲ႔ တြက္ၿပီး အိမ္ေထာင္သက္နဲ႔ ေျမႇာက္ၿပီး သူ႔ဆီက ေတာင္းပါ။ဆိုပါေတာ့ အိမ္ေထာင္သက္ ၁၀ႏွစ္ဆိုရင္ ကိုယ့္အေနနဲ႔သူ႔အတြက္ လေပါင္း ၁၂၀ အလုပ္လုပ္ ေပးခဲ့တယ္၊

တစ္လကို ၃ သိန္း ႏႈန္းနဲ႔ဆိုေတာ့ ကိုယ့္အေနနဲ႔ သိန္းေပါင္း ၃၆၀ ကေန သိန္း ၆၀၀ ေလာက္အနည္းဆုံး သူ႔ဆီကေန ရသင့္ပါတယ္။ သား သမီးေတြ ေမြးထားခဲ့ရင္ အဲဒီကေလးေတြအတြက္ပါ ပညာေရးနဲ႔က်န္းမာေရး စရိတ္ပါထည့္ေပါင္းၿပီး ေတာင္းပါ။ ဒီထက္ပိုရရင္ အေကာင္း ဆုံးပါပဲ။ ကိုယ့္အနာဂတ္အတြက္ပါ။အဲဒီလို ေတာင္းလို႔မေပးႏိုင္ဘူးဆိုရင္တစ္လင္တစ္မယားစနစ္က်င့္သုံးျခင္းဆိုင္ရာ ဥပေဒ ပုဒ္မ ၁၃ နဲ႔ တရားစြဲျခင္းအားျဖင့္ သူဟာ အခ်ဳပ္ၾကမယ္၊ ေထာင္ဒဏ္က်မယ္၊ ခိုးစားတဲ့သူလည္း အရွက္ရပါမယ္၊ သူ႔ကိုလည္း တရားစြဲႏိုင္တဲ့ အေနအထားရွိရင္ စြဲပါ။ဒီလို ရက္စက္တယ္လို႔ မထင္ပါနဲ႔… သူ ကိုယ့္ေနာက္ေက်ာကို ဓါးနဲ႔ ထိုးထားပါတယ္။

ဒီလိုလုပ္ဖို႔ အတြက္လည္း တရား႐ုံးစရိတ္နဲ႔ပိုက္ဆံအမ်ားႀကီးမကုန္ပါဘူး၊ ရဲစခန္းမွာ အမႈဖြင့္လိုက္ပါ။ အဲဒီအဆင့္နဲ႔တင္ေအာင္ျမင္မႈ ရႏိုင္ ပါတယ္။အဲဒါေၾကာင့္ ပုဒ္မ ၁၃ နဲ႔ တရားစြဲၿပီး လက္ထပ္ပြားပစၥည္းေတြကို မိသားစုပိုင္(တစ္နည္း) ကိုယ္ပိုင္ ျပဳလုပ္လို႔ရပါတယ္။ ကိုယ့္ လက္တြဲေဖာ္ဟာ ပိုင္ဆိုင္မႈလည္းမရွိဘူး၊ ကိုယ္မွီခိုႏိုင္ေလာက္တဲ့ အရည္အခ်င္းလည္းမရွိဘူး ခိုးပဲ စားတတ္တာ ဆိုရင္ေတာ့ဘာမွ မယူပါ နဲ႔ေတာ့၊ ဒီလို ခ်ီးထုတ္မ်ိဳးကို အျခားသူ ယူသြားတာက ပိုေတာင္ ေကာင္းပါေသးတယ္။အဲဒါေၾကာင့္ ေဖာက္ျပန္တတ္တဲ့ ဘဝလက္တြဲေဖာ္ အတြက္ စိတ္ညစ္ေနတာေတြ ခံစားေနရတာေတြ ေလ်ာ့ၿပီး ကိုယ့္ဘက္က ဘယ္လို ကိုင္တြယ္မလဲ ဆိုတာကို ေသခ်ာ စဥ္းစားပါလို႔ အႀကံ ျပဳခ်င္ပါတယ္။ေက်းဇူးတင္ပါတယ္။

ေမသၾကၤန္ဟိန္(ျမစ္မခ)

UNICODE

အဲဒါကို ခဏတာ စိတ်သာယာမှုကြောင့် လွယ်လွယ်ကူကူ ကျူးလွန်နေတဲ့သူကိုရော ကျူးလွန်မိအောင် စွဲဆောင်နေတဲ့သူကိုရော အကျိူး လွန်ခံရတဲ့ ဇနီး(သို့မဟုတ်) ခင်ပွန်း ဖြစ်သူက … ကျွန်မတို့မိသားစု ပျိုကွဲအောင် မလုပ်ပါနဲ့လို့…တောင်းပန် နေရတယ် ဆိုတာ မဖြစ်သင့် ပါဘူး။ခိုးစားတဲ့သူကလည်း …ကိုယ်ကလည်း သူများဟာ ခိုးစားနေသေးတယ်၊ အဲဒါကိုတောင် ရှက်ရကောင်းမှန်းမသိဘဲနဲ့ …”ကိုယ့်လူ ကိုယ် နိုင်အောင်ထိန်းပါ”လို့ ပြောတတ်တာလည်း ကိုယ့်မှာ သိက္ခာတင် မရှိတာ မဟုတ်ဘူး၊ စည်းလည်း မရှိဘူး၊ ယဉ်ကျေးမှုလည်း မရှိဘူး။ တန်ဖိုးလည်း မရှိဘူးဆိုတာကို တုန့်ပြန်လိုက်သလိုပါပဲ။

အဲဒါကြောင့် ခိုးစားနေတဲ့သူတွေကို သွားတွေ့ပြီး တောင်းပန်တာမျိုး၊ ပြောဆိုတာမျိုး လုပ်ခြင်းဟာ အကျိုးမဲ့စေတယ်လို့ မြင်မိပါတယ်။ ကျွန်မအမြင်မှာတော့ ဖောက်ပြန်နေတဲ့ ကိုယ့်ရဲ့ဘဝလက်တွဲဖော်နဲ့ဦးစားဖြေရှင်းရမဲ့ကိစ္စပါ။ ပြီးမှ ခိုးစားတဲ့သူကို ထိရောက်စေမဲ့ နည်း လမ်းနဲ့ဖြေရှင်းရမှာပါ။ဒီကိစ္စက လွယ်မလို့နဲ့ ခက်ခဲ တဲ့ ကိစ္စလို့အများစုကတော့ယူဆကြပါတယ်။ ကျွန်မကတော့အဲဒီလို မယူဆပါဘူး။ ကျွန်မကို မကြာခဏဖုန်းဆက်ပြီး ရင်ဖွင့်ကြတဲ့ ထဲမှာ ခင်ပွန်းဖြစ်သူက ဖောက်ပြန်နေလို့။ ဇနီးဖြစ်သူက ဖောက်ပြန်နေလို့…ဆိုပြီး ရင် ဖွင့်ကြတာက ၉ ၀% လောက်ရှိပါတယ်။ အဲဒီထဲမှာ မိသားစု ပြိုကွဲမှာ စိုးလို့ ကျူးလွန်နေတဲ့သူတွေကို တောင်းပန်ပေမဲ့ မရပါဘူး။

စိတ်မသက်သာစွာနဲ့ကြားနေရပါတယ်။ကျွန်မအနေနဲ့ကိုယ့်မှာ အဲဒီလို ကိုယ်တွေ့ အတွေ့အကြုံမရှိပေမဲ့၊ အခြားသူတွေ ရဲ့အတွေ့အကြံုနဲ့ စဉ်းစားလို့ရတာလေးတွေကိုတော့ပြန်ပြီး မ ျှဝေချင်ပါတယ်။တကယ်တော့ ပိုင်ရှင်ရှိတဲ့ ပစ္စည်းကို ပိုင်ရှင်အသိမပေးဘဲနဲ့ယူသုံးတာ ခိုး မှုမြှောက်ပါတယ်။ကာမပိုင်ရှိတဲ့ ခင်ပွန်း(သို့မဟုတ်) ဇနီးသည် နဲ့ ငြိစွန်းတာက ဥပဒေအရလည်း ခိုးမှှုမြှောက်သလို၊ ဘာသာရေးရှု့ ထောင့်ကနေ ကြည့်ရင်လည်း ဒုသနသော မြောက်တာပါပဲ။ဒါ့အပြင် လူမှုရေးအနေနဲ့ ကြည့်ရင်လည်း တဏှာရာဂကြောင့် မထိန်းသိမ်း နိုင်ဘူးဆိုတာကို လူအများသိအောင် ကြေညာလိုက်တဲ့ကိစ္စဖြစ်တဲ့အတွက် အင်မတန် သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်သလို၊

လူ့အသိုင်းအဝိုင်းမှာရော ဆွေစဉ်မျိုးဆက်ပါ ထိခို်က်စေတဲ့လုပ်ရပ်ပါ။မိသားစုအရေးမှာ ကိုယ့်အိမ်ထောင်ဖက်က ဖောက်ပြန်တယ်ဆိုတာ ကိုယ့်နောက်ကျောကို ဓါးနဲ့ ထိုးတာပါ၊သားသမီးတွေကိုလည်း ဓါးထိုး သတ်လိုက်တာနဲ့ အတူတူပါပဲ။ အဲဒီလို မိသားစုအပေါ်မှာ အပြစ်ကြီး ကျူးလွန်ထားတဲ့ သူနဲ့ပတ်သက်တဲ့ ကိစ္စကို ကိုယ်တွယ်ဖြေရှင်းနိုင်ဖို့အတွက် စနစ်တကျရှိဖို့နဲ့ဉာဏ်ပညာရှိရှိ ဖြေရှင်းဖို့ လိုပါတယ်။အဲဒီလို အိမ်ထောင်ရေးဖောက်ပြန်မှုကို မဖြေရှင်းခင်မှာ ကိုယ့်ကိုယ်ကို အရင်ဆုံး ကြိုးစားပြီး ပြင်ဆင်ပါလို့ ဆိုချင်ပါတယ်။ စိတ်လှုပ်ရှားနေတဲ့ အ ချိန်မှာ မိသားစုအတွက် အရေးကြိးတဲ့ အလုပ်ကို မလုပ်တာ အကောင်းဆုံးမို့ပါ။

အဲဒါကြောင့် ဒေါသဘယ်လောက်ထွက်နေပါစေ၊ စိတ်အေးအောင် တည်ငြိမ်အောင် အရင်ဆုံး ကြိုးစားပါ။ကိုယ့်အိမ်ထောင်ဖက်က တကယ် ဖောက်ပြန်နေခြင်းရှိမရှိ အရင်ဆုံး စစ်ဆေးပါ။ သူ့ကို ပါးစပ်ကနေ ဖွင့်မေးတာမျိုး မလုပ်ခင်မှာ သေချာအောင် စစ်ပါ။ အနည်းဆုံး နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ် လောက်ထိ စစ်ဆေးပြီး သေချာပြီဆိုမှ ဒီကိစ္စအတွက် ဘယ်လို ဆောင်ရွက်မယ်ဆိုတာကို အရင်ဆုံး စဉ်းစားသင့်တာ ပါ။နည်းလမ်း ၂ မျိုးရှိပါတယ်။ပထမ နည်းလမ်းကတော့(၁) သူ့ကို ခွင့်လွှတ်ပြီး ဆက်ပေါင်းဖို့နည်းလမ်းပါ။ ကိုယ့်နောက်ကျောကို ဓါးထိုး ထားတဲ့သူကို သနားလို့ပဲ ဖြစ်ဖြစ်အကြောင်းအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ် ဆက်ပေါင်းဖို့စဉ်းစားတယ် ဆိုရင်တောင်မှ။

တစ်စုံတစ်ရာ တုန့်ပြန်မှုတစ်ခုခုတော့ လုပ်သင့်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ရှေ့တစ်ဆင့်မတိုးရဲအောင်၊ ဒါမှ မဟုတ် နောင် ဒါမျိုး ထပ်ပြီး မကျူးလွန်ရဲအောင် လုပ်သင့်တာပါ။ အဲဒီလိုမှ မဟုတ်ဘူး လွယ်လွယ်ကူကုူနဲ့ ခွင့်လွှတ်ပေးလို်က်မယ်ဆိုရင်တော့ သူဟာ တွေ့က ရာ မိန်းမနဲ့ အကြိမ်ကြိမ်ဖောက်ပြန်နေမှာပါပဲ။ဖောက်ပြန်တတ်တဲ့သူ မကြာခဏဖောက်ပြန်တယ်ဆိုတာ ကိုယ်က လက်ခံပေးထား၊ ခွင့် လွှတ်ပေးထားလို့ပါ။ အဲဒါကြောင့် နောင်ကျဉ်အောင် လုပ်ဖို့ လိုပါတယ်။ပထမဆုံး လုပ်သင့်တာက သူတို့ ဒီလို ဖောက်ပြန်နေတဲ့ကိစ္စကို လူ များများသိအောင် လုပ်ပါ။ သူ့မိဘ၊ ကိုယ့်မိဘ နဲ့ဆွေမျိုးအသိုင်းအဝိုင်းသိအောင်လုပ်ပါ။

ခုိုးစားထားတဲ့ အသိုင်းအဝိုင်းဘက်ကတော့ ဒီလို မလုပ်မိအောင် ကိုယ့်ကို နည်းလမ်းမျိုးစုံနဲ့ တားပါလိမ့်မယ်၊ အဲဒါကို နားမယောင်ပါနဲ့…သတ္တိရှိရှိနဲ့ လူများများသိအောင် လုပ်ပါ။တစ်ပြိုင်နက်တည်းမှာပဲ …သူနဲ့ဖောက်ပြန်တဲ့သူကို စုံစမ်းပါ။ သူ့ကို သွားတွေ့ြ့ပီး ပြောဆိုတာမျိုး မလုပ်ပါနဲ့။ သူဟာ ကိုယ့်ရဲ့ကာမပိုင်နဲ့ ဖောက်ပြန်နေတဲ့အကြောင်းကို သူ့မိဘ၊ အသိုင်းအဝိုင်း၊ လုပ်ဖော်ကိုင်ဘက်တွေပါ သိအောင် လုပ် ပေးပါ။ ဒါဟာ နာမည်ဖျက်တာမဟုတ်ပါဘူး။ နာမည်ကတော့ ကျူးလွန်ြ့ပီဆိုကတည်းက ပျက်နေပြီးသားပါ။ဖောက်ပြန်တဲ့သူ အများစုက ခိုးစားနေတဲ့သူတွေက ခိုးစားနေမှန်းသိမှာကို ကြောက်တတ်ကြပါတယ်။

အဲဒီအားနည်းချက်ကို သိထားပြီးအသုံးပြုပါ၊ သူ့ရဲ့အခြား အားနည်းချက်တွေကို ဒီနေရာမှာ အသုံးပြုလို့လည်း ရပါတယ်။အဲဒီလို လုပ်တဲ့အ တွက် ကိုယ့်အနေနဲ့ အရှက်မကွဲပါဘူး။ ခုရှုပ်မှ နောင်ရှင်းမှာပါ။ နောက်တစ်ကြိမ် သူထပ်ပြီး သူမကျူးလွန်ရဲအောင်ရယ်၊ နောက်တစ်ဆင့် များ တက်လာခဲ့ရင်… ကိုယ့်အနေနဲ့ ဘယ်လို ဖြေရှင်းရမလဲ…ဆိုတဲ့အဖြေအတွက် ခုလို ကြိုတင်ကာကွယ်ထားသင့်တာပါ။ ဒါကြောင့် သူ တို့ဖောက်ပြန်မှုကို လူများများ သိအောင် လုပ်ရတာပါ။အစိုးရ ဝန်ထမ်း(သို့မဟုတ်) တပ်မတော် ဝန်ထမ်းဆိုရင် သူ့အထက် အရာရှိ ၂ ဆင့်၃ ဆင့် ထိကို တိုင်ထားပါ။ သူတို့ဘက်က တစ်စုံတစ်ရာ အရေးယူအောင်လည်း ကိုယ့်ဘက်က တောင်းဆိုပါ၊ ဖိအားပေးပါ။

အဲဒီ အဆင့်ကနေ တက်ကြတယ်ဆိုရင်တော့ … လူသိများအောင် ထပ်ကြော်ငြာပြီး ကွာရှင်းမယ်၊ ပုဒ်မ ၁၃ နဲ့ အရေးယူမယ်ဆိုတဲ့ အဆင့် ကို ဆက်သွားသင့်ပါတယ်။ ဒီလောက်ထိ ဖြစ်နေပြိ ဆိုရင်တော့…သူ ဟာ ကိုယ့်အတွက် လွှတ်ချသင့်တဲ့သူ ပါပဲ။(၂) ကိုယ့်အိမ်ထောင်ဘက် ကို စွန့်ပစ်လိုက်တဲ့နည်းလမ်းပါ။ကိုယ့်နောက်ကျောကို ဓါးနဲ့ ထိုးတဲ့သူဟာ ကိုယ့်ဘေးနားမှာ ရှိနေရင် အချိန်မရွေး ကိုယ့်ကို စိတ်ရော လူပါ ဒုက္ခပေးနိုင်တယ်ဆိုတာကို သတိပြုပါ။ အချစ်ဆိုတာ ကိုယ့်ဘဝနဲ့ ကိုယ့်အနာဂတ်လောက် အရေးမကြီးပါဘူး။ ဒါကြောင့် ပစ်ချလိုက်တာ ကပိုကောင်းပါတယ်။ပစ်မချခင်မှာ ခွင့်လွှတ်ပြီး ပစ်ချလိုက်ချင်တာလား၊

တစ်ခုခုတော့ မှတ်လောက်သားလောက်အောင် ပညာပေးပြီးမှ လွှတ်ချမလား စဉ်းစားပါ။အဲဒါတွေ မလုပ်ခင်မှာ ကိုယ့်နောင်ရေးနဲ့ သားသ မီးတွေအတွက် လက်ထပ်ပွား ပိုင်ဆိုင်မှုများအားလုံးကို ကိုယ့်ဘက်ကပဲ အပိုင်ရအောင် လုပ်ပါလို့အကြံပြုချင်ပါတယ်။ကိုယ့်အတွက် မလို ဘူးလို့ပြောချင်တဲ့သူလည်း ရှိချင်ရှိပါလိမ့်မယ်၊ ဒါပေမဲ့ကိုယ်က သူ့ကို ပေးခဲ့ရတဲ့ အချိန်တွေရှိပါတယ်။ ပျိုရွယ်နုပျိုမှုတွေရှိပါတယ်။ ကိုယ့်အ နေနဲ့သူ့အပေါ် ပေးဆပ်ခဲ့ရတာတွေပြုစုခဲ့ရတာတွေကို တစ်လကို အနည်းဆုံး ၃ သိန်းကနေ ၅သိန်း နှုန်းနဲ့ တွက်ပြီး အိမ်ထောင်သက်နဲ့ မြှောက်ပြီး သူ့ဆီက တောင်းပါ။ဆိုပါတော့ အိမ်ထောင်သက် ၁၀နှစ်ဆိုရင် ကိုယ့်အနေနဲ့သူ့အတွက် လပေါင်း ၁၂၀ အလုပ်လုပ် ပေးခဲ့တယ်၊

တစ်လကို ၃ သိန်း နှုန်းနဲ့ဆိုတော့ ကိုယ့်အနေနဲ့ သိန်းပေါင်း ၃၆၀ ကနေ သိန်း ၆၀၀ လောက်အနည်းဆုံး သူ့ဆီကနေ ရသင့်ပါတယ်။ သား သမီးတွေ မွေးထားခဲ့ရင် အဲဒီကလေးတွေအတွက်ပါ ပညာရေးနဲ့ကျန်းမာရေး စရိတ်ပါထည့်ပေါင်းပြီး တောင်းပါ။ ဒီထက်ပိုရရင် အကောင်း ဆုံးပါပဲ။ ကိုယ့်အနာဂတ်အတွက်ပါ။အဲဒီလို တောင်းလို့မပေးနိုင်ဘူးဆိုရင်တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ နဲ့ တရားစွဲခြင်းအားဖြင့် သူဟာ အချုပ်ကြမယ်၊ ထောင်ဒဏ်ကျမယ်၊ ခိုးစားတဲ့သူလည်း အရှက်ရပါမယ်၊ သူ့ကိုလည်း တရားစွဲနိုင်တဲ့ အနေအထားရှိရင် စွဲပါ။ဒီလို ရက်စက်တယ်လို့ မထင်ပါနဲ့… သူ ကိုယ့်နောက်ကျောကို ဓါးနဲ့ ထိုးထားပါတယ်။

ဒီလိုလုပ်ဖို့ အတွက်လည်း တရားရုံးစရိတ်နဲ့ပိုက်ဆံအများကြီးမကုန်ပါဘူး၊ ရဲစခန်းမှာ အမှုဖွင့်လိုက်ပါ။ အဲဒီအဆင့်နဲ့တင်အောင်မြင်မှု ရနိုင် ပါတယ်။အဲဒါကြောင့် ပုဒ်မ ၁၃ နဲ့ တရားစွဲပြီး လက်ထပ်ပွားပစ္စည်းတွေကို မိသားစုပိုင်(တစ်နည်း) ကိုယ်ပိုင် ပြုလုပ်လို့ရပါတယ်။ ကိုယ့် လက်တွဲဖော်ဟာ ပိုင်ဆိုင်မှုလည်းမရှိဘူး၊ ကိုယ်မှီခိုနိုင်လောက်တဲ့ အရည်အချင်းလည်းမရှိဘူး ခိုးပဲ စားတတ်တာ ဆိုရင်တော့ဘာမှ မယူပါ နဲ့တော့၊ ဒီလို ချီးထုတ်မျိုးကို အခြားသူ ယူသွားတာက ပိုတောင် ကောင်းပါသေးတယ်။အဲဒါကြောင့် ဖောက်ပြန်တတ်တဲ့ ဘဝလက်တွဲဖော် အတွက် စိတ်ညစ်နေတာတွေ ခံစားနေရတာတွေ လျော့ပြီး ကိုယ့်ဘက်က ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို သေချာ စဉ်းစားပါလို့ အကြံ ပြုချင်ပါတယ်။ကျေးဇူးတင်ပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)

Add a Comment

Your email address will not be published. Required fields are marked *