ပရိတ်သတ်တွေ သ‌ဘောအကျကြီး ကျနေကြတဲ့ ဝတ်မှုံရွှေရည် နဲ့ နဒီရွှေရည်တို့ ညီအစ်မ(၂)ယောက် ရဲ့ Tik Tok (ရုပ်သံ)





UNICODE

ဝတ်မှုံရွှေရည်ကတော့ အကြီးပီပီ ရင့်ကျက်မှုတွေ နဲ့ တည်ငြိမ် လှပသလို နဒီရွှေရည်ကလည်း က လေးမေမေလို့ မထင်ရလောက်အောင် ချစ်စရာကောင်းလှပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံ ရွှေ ရည်နဲ့ နဒီရွှေရည်တို့ ညီအစ်မရဲ့ ပထမဦးဆုံး Tik Tok ဗီဒီယိုလေးကို သဘော ကျကြမယ်လို့ မျှော်လင့် ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါ စေလို့ဆုတောင်းပေးလိုက်ပါတယ်။

ပရိသတ်တွေချစ်တဲ့ မင်းသမီးလေးဝတ်မှုံရွှေရည် ကတော့ အသက်သုံးဆယ်ကျော် အရွယ်ထိ အိမ် ထောင်မပြုသေးပဲ မိသားစုတွေ၊ သူငယ် ချင်းတွေနဲ့သာ အချိန်ကုန်ဆုံးနေတာ ဖြစ်ပါတယ်။ ပရိသ တ် တွေက ဝတ်မှုံရွှေရည်အပြင် သူမရဲ့ တစ်ဦးတည်းသော ညီမလေးဖြစ်တဲ့ နဒီ ရွှေရည်ကိုပါ ချစ် ခင်အားပေးကြပါတယ်။ နဒီရွှေရည်က အစ်မ ဖြစ်သူလို အနုပညာ လုပ်ငန်းတွေ ဝါသနာမပါပေ မ ယ့် Beauty Blogger တစ်ယောက်အဖြစ် ရပ်တည်နေပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင် ဆိုင် နေလျက်ရှိပါတယ်။

ညီမဖြစ်သူရဲ့ Beauty Blogger အလုပ်နဲ့ ပက်သတ်ပြီး တစ်ဖက် တစ်လမ်းကနေ ကူညီပံ့ပိုးပေး နေ တဲ့ ဝတ်မှုံရွှေရည်ကတော့ ညီမလေး နဒီရွှေရည်ရဲ့ Vlog တွေ ဗီဒီယိုတွေမှာ ပါဝင်လေ့ရှိပါ တယ်။ ဒီတစ်ခေါက်မှာလည်း ဝတ်မှုံရွှေရည်နဲ့ နဒီရွှေရည်တို့ ညီအစ်မနှစ်ယောက်က အိမ်မှာနေ ရ င်း စတိုင်လ် အမျိုးမျိုး နဲ့ အပျင်းပြေ Tik Tok ရိုက်ခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။

Source: Nadi Shwe Yi- KAY’s fb

Add a Comment

Your email address will not be published. Required fields are marked *