ယခုရက္ပိုင္း ဖ်ားနာကုေဆးခန္းေတြ ကေန အနံ႔ေပ်ာက္လူနာေတြ ကို ျပန္လႊတ္ရတဲ့ အေၾကာင္းရင္း ဆရာဝန္ ကိုယ္တိုင္ ရွင္းၿပီ

ငါတို႔ ကို ေျပာရင္ ငါတို႔ လုပ္ေပးမွာေပါ့… ဆိုတာမ်ိဳး ေျပာခဲ့ရင္…. အဲ့အသံ ေတြ စထြက္လာတုန္းက… ဘာလို႔ နားထဲ မဝင္သလဲဆိုတာ.. အသံလာရာ…လမ္းေၾကာင္းကို ျပန္ၾကည့္ဖို႔ လိုပါလိမ့္မယ္…ထင္ပါတယ္…. အားလုံး ပူးေပါင္း လုပ္မွ…. အဆင္ေျပမယ့္အခ်ိန္ပါ…. Fever Clinic က ဆရာဝန္ေတြကိ​ု… ျပစ္တင္ေျပာဆိုတာ…. မျဖစ္သင့္ပါ… လက္ရွိမွာ….အေရွ႕အရမ္းေရာက္ေနတဲ့…. ကာကင္းေတြပါ…. သူတို႔ဆီက အသံေတြ ေၾကာင့္သာ… အေပၚက သိၿပီး.. Guide Line ေတြ…ျပင္လာတာပါ…။ေလးစား အပ္ပါေသာ….. အမတ္မင္းမ်ား ခမ်ာ…. Fever Clinic မွာ အနံ႔ ေပ်ာက္လူနာေတြ ျပန္လႊတ္ေနရတယ္ ဆိုတာ တစ္ကယ္ပါ…. အမတ္မင္း တို႔ မသိၾကေသးလို႔ပါ…. ။

ဒီတိုင္း လူနာကို ေသခ်ာရွင္းျပ ၿပီး… ျပန္လႊတ္ေနတဲ့…..ဖ်ားနာကုေဆးခန္း ေတြ ရွိပါတယ္…. အနံ႔ေပ်ာက္ရင္ အိမ္ျပန္……..အိမ္မွာေန… Mask တပ္ထား… ေနာက္ရက္ လူနာတင္ကား နဲ႔ လာေခၚ… Swab ယူေပး… အဲ့လို လုပ္ေနရတာ ၾကာပါၿပီ ခမ်ာ….. ဘယ္တုန္းကတည္း ကလဲ ဆိုရင္….. ေဆး႐ုံမွာ….လူနာေတြ ျပည့္ကုန္ကတည္းက ပါ… Q centre ေတြ…. နဲ႔ ေဆး႐ုံ အသစ္ေတြ မဖြင့္ခင္ စပ္ၾကားမွာပါ… အင္း စိန္မွာ Swab ယူ ဖို႔…..ရက္ခ်ိန္းေတြ ဘယ္ရက္အထိ ျပည့္ကုန္ၿပီဆိုတဲ့ ေန႔ရက္ေတြကို သတိရမယ္ ထင္ပါတယ္…. အဲ့အခ်ိန္က စပါတယ္ ….အဲ့ နည္းဗ်ဴဟာကို အေပၚက မႀကိဳက္ပါဘူး…. ဒါေပမယ့္ Q centre ေတြ ေဆး႐ုံ ေတြ မွာ… ေနရာ မဆန္႔တဲ့အတြက္…။

​ေျမ ျပင္ က အဆင္ေျပသလို လုပ္ေနၾကတာကို… မသိခ်င္ေယာင္ေဆာင္ေပးထားၾကပါတယ္…. .အဲ့ေနာက္ပိုင္း Q centre ေတြ Guideline ေတြ….ျပင္ပါတယ္. ေဆး႐ုံ ေတြ ခ်ဲ႕ပါတယ္… နည္းနည္း ေျပလည္ သြားပါတယ္…. ဒါေပမယ့္ အနံ႔ေပ်ာက္လူနာေတြ တစ္အားမ်ားလာၿပီး.. NHL ရဲ႕ စစ္ႏႈန္းကို ေက်ာ္လြန္လာတဲ့အခါ.. ေနာက္တစ္ခါ ဒီအတိုင္းျပန္လည္ပါတယ္..အဲ့အထိ အမတ္မင္းမ်ား…သိပ္မသိၾကေသးပါ… အုပ္ခ်ဳပ္ေရးမွာ အေပၚပိုင္း ေလာက္ကသာ… သိပါတယ္…. အခု ေျပာတဲ့ ေအာက္က Case ေလာက္သာ… အမတ္မင္းတို႔ Level နဲ႔ သိၾကမွာပါ…. အမတ္မင္းမ်ား သိေအာင္… ျပသနာ အနည္းငယ္ ရွိတဲ့ ကိစၥေလးေတြ… ေျပာျပပါမယ္…။

စစျခင္း ျဖစ္တာ….ေျမာက္ဥကၠလာပါ…. ေျမာက္ဥကၠလာ Fever Clinicက အနံ႔ေပ်ာက္လူနာ ျပန္လႊတ္တာကို…. အုပ္ခ်ဳပ္ေရးပိုင္းက သိသြားပါတယ္… သိေတာ့ Complaint တက္ပါတယ္… အဲ့ ခ်ိန္က ႐ိုးမ ေဆး႐ုံ စRun ဖို႔ လုပ္ေနခ်ိန္ထင္ပါတယ္…… ျဖစ္စဥ္မွာ …အဆင့္ဆင့္ ေခါင္းမခံ ပဲ… မရွင္းျပပဲ… ျပန္လႊတ္တဲ့ ဆရာဝန္ ေခါင္းခံ လိုက္ရပါတယ္..။ရလဒ္က ေျမာက္ဥကၠလာ Fever clinic ပိတ္ပါတယ္.. အဲ့တာရဲ႕ အက်ိဳးဆက္က… ေျမာက္ဥကၠလာ ေဆး႐ုံ ကို ဖ်ားနာကု လူနာေတြ.. အမ်ားႀကီး တိုက္႐ိုက္ ဝင္ပါတယ္… အေရွ႕က ကာထားတဲ့ Fever Clinic တံတိုင္းမရွိလို႔ပါ… အဲ့လို ျပန္လႊတ္ ေနရပါတယ္ ဆိုတာကို…. အလယ္ Level က သိတာ… ။

ေဆးခန္း ႏွစ္ခု ေျမာက္….မွပါ…. အဲ့ေတာ့မွ မ်က္ကလဲဆန္ျပာ ျဖစ္ကုန္ၾကတာပါ…. အဲ့အရင္ ေျပာခဲ့…ၾကပါတယ္… သိပ္မ လႈပ္ခဲ့ ၾကပါ… အလုပ္ရႈပ္ေနတာလဲ ပါပါလိမ့္မယ္….. ခုၾကေတာ့မွ အသံထြက္တဲ့ ဆရာဝန္ေတြကို… လိုက္ ဖိေျပာေနၾကတာ… သဘာဝ မက်ပါ….။ အားလုံးေကာင္းပါသည္ ဘုရား လုပ္ေနရင္… ေရစက္ခ်မွ သာဓုေခၚပါ…။

UNICODE

ငါတို့ ကို ပြောရင် ငါတို့ လုပ်ပေးမှာပေါ့… ဆိုတာမျိုး ပြောခဲ့ရင်…. အဲ့အသံ တွေ စထွက်လာတုန်းက… ဘာလို့ နားထဲ မဝင်သလဲဆိုတာ.. အသံလာရာ…လမ်းကြောင်းကို ပြန်ကြည့်ဖို့ လိုပါလိမ့်မယ်…ထင်ပါတယ်…. အားလုံး ပူးပေါင်း လုပ်မှ…. အဆင်ပြေမယ့်အချိန်ပါ…. Fever Clinic က ဆရာဝန်တွေကိ​ု… ပြစ်တင်ပြောဆိုတာ…. မဖြစ်သင့်ပါ… လက်ရှိမှာ….အရှေ့အရမ်းရောက်နေတဲ့…. ကာကင်းတွေပါ…. သူတို့ဆီက အသံတွေ ကြောင့်သာ… အပေါ်က သိပြီး.. Guide Line တွေ…ပြင်လာတာပါ…။လေးစား အပ်ပါသော….. အမတ်မင်းများ ခမျာ…. Fever Clinic မှာ အနံ့ ပျောက်လူနာတွေ ပြန်လွှတ်နေရတယ် ဆိုတာ တစ်ကယ်ပါ…. အမတ်မင်း တို့ မသိကြသေးလို့ပါ…. ။

ဒီတိုင်း လူနာကို သေချာရှင်းပြ ပြီး… ပြန်လွှတ်နေတဲ့…..ဖျားနာကုဆေးခန်း တွေ ရှိပါတယ်…. အနံ့ပျောက်ရင် အိမ်ပြန်……..အိမ်မှာနေ… Mask တပ်ထား… နောက်ရက် လူနာတင်ကား နဲ့ လာခေါ်… Swab ယူပေး… အဲ့လို လုပ်နေရတာ ကြာပါပြီ ခမျာ….. ဘယ်တုန်းကတည်း ကလဲ ဆိုရင်….. ဆေးရုံမှာ….လူနာတွေ ပြည့်ကုန်ကတည်းက ပါ… Q centre တွေ…. နဲ့ ဆေးရုံ အသစ်တွေ မဖွင့်ခင် စပ်ကြားမှာပါ… အင်း စိန်မှာ Swab ယူ ဖို့…..ရက်ချိန်းတွေ ဘယ်ရက်အထိ ပြည့်ကုန်ပြီဆိုတဲ့ နေ့ရက်တွေကို သတိရမယ် ထင်ပါတယ်…. အဲ့အချိန်က စပါတယ် ….အဲ့ နည်းဗျူဟာကို အပေါ်က မကြိုက်ပါဘူး…. ဒါပေမယ့် Q centre တွေ ဆေးရုံ တွေ မှာ… နေရာ မဆန့်တဲ့အတွက်…။

​မြေ ပြင် က အဆင်ပြေသလို လုပ်နေကြတာကို… မသိချင်ယောင်ဆောင်ပေးထားကြပါတယ်…. .အဲ့နောက်ပိုင်း Q centre တွေ Guideline တွေ….ပြင်ပါတယ်. ဆေးရုံ တွေ ချဲ့ပါတယ်… နည်းနည်း ပြေလည် သွားပါတယ်…. ဒါပေမယ့် အနံ့ပျောက်လူနာတွေ တစ်အားများလာပြီး.. NHL ရဲ့ စစ်နှုန်းကို ကျော်လွန်လာတဲ့အခါ.. နောက်တစ်ခါ ဒီအတိုင်းပြန်လည်ပါတယ်..အဲ့အထိ အမတ်မင်းများ…သိပ်မသိကြသေးပါ… အုပ်ချုပ်ရေးမှာ အပေါ်ပိုင်း လောက်ကသာ… သိပါတယ်…. အခု ပြောတဲ့ အောက်က Case လောက်သာ… အမတ်မင်းတို့ Level နဲ့ သိကြမှာပါ…. အမတ်မင်းများ သိအောင်… ပြသနာ အနည်းငယ် ရှိတဲ့ ကိစ္စလေးတွေ… ပြောပြပါမယ်…။

စစခြင်း ဖြစ်တာ….မြောက်ဥက္ကလာပါ…. မြောက်ဥက္ကလာ Fever Clinicက အနံ့ပျောက်လူနာ ပြန်လွှတ်တာကို…. အုပ်ချုပ်ရေးပိုင်းက သိသွားပါတယ်… သိတော့ Complaint တက်ပါတယ်… အဲ့ ချိန်က ရိုးမ ဆေးရုံ စRun ဖို့ လုပ်နေချိန်ထင်ပါတယ်…… ဖြစ်စဥ်မှာ …အဆင့်ဆင့် ခေါင်းမခံ ပဲ… မရှင်းပြပဲ… ပြန်လွှတ်တဲ့ ဆရာဝန် ခေါင်းခံ လိုက်ရပါတယ်..။ရလဒ်က မြောက်ဥက္ကလာ Fever clinic ပိတ်ပါတယ်.. အဲ့တာရဲ့ အကျိုးဆက်က… မြောက်ဥက္ကလာ ဆေးရုံ ကို ဖျားနာကု လူနာတွေ.. အများကြီး တိုက်ရိုက် ဝင်ပါတယ်… အရှေ့က ကာထားတဲ့ Fever Clinic တံတိုင်းမရှိလို့ပါ… အဲ့လို ပြန်လွှတ် နေရပါတယ် ဆိုတာကို…. အလယ် Level က သိတာ… ။

ဆေးခန်း နှစ်ခု မြောက်….မှပါ…. အဲ့တော့မှ မျက်ကလဲဆန်ပြာ ဖြစ်ကုန်ကြတာပါ…. အဲ့အရင် ပြောခဲ့…ကြပါတယ်… သိပ်မ လှုပ်ခဲ့ ကြပါ… အလုပ်ရှုပ်နေတာလဲ ပါပါလိမ့်မယ်….. ခုကြတော့မှ အသံထွက်တဲ့ ဆရာဝန်တွေကို… လိုက် ဖိပြောနေကြတာ… သဘာဝ မကျပါ….။ အားလုံးကောင်းပါသည် ဘုရား လုပ်နေရင်… ရေစက်ချမှ သာဓုခေါ်ပါ…။

Add a Comment

Your email address will not be published. Required fields are marked *