ကိုဗစ္-၁၉ ကူးစက္ခံရပါ က ေရာဂါျပင္းထန္ႏိုင္၍ အထူး ဂ႐ုစိုက္ရမယ့္သူ မ်ား

သင္အျပင္သြားလွ်င္ တတ္ႏိုင္သမွ် လူအမ်ား စီးနင္းေနတဲ့ ဘတ္စ္ကား၊ ရထားတို႔ကို ေရွာင္ပါ။ အေရးအႀကီးဆုံးက သင္ေသာက္ေနက် ေဆးေတြကို လုံးဝ လုံးဝ မျပတ္ပါေစနဲ႔၊ မလိုအပ္ရင္ ေဆး႐ုံ၊ ေဆးခန္း သမြားဘဲ ဆရာဝန္မ်ားနဲ႔ Tele Medicine လို႔ေခၚတဲ့ ဖုန္းနဲ႔ ဆက္ သြယ္ကုသပါ။ ကိုဗစ္ ေရာဂါပိုး ကူးစက္ခံရသူ မ်ားစြာ ရွိေနသည့္အထဲမွ ေရာဂါပိုးကင္းစင္ၿပီး ျပန္လည္က်န္းမာလာေသာ‌ေၾကာင့္ သက္ ဆိုင္ရာ ေဆး႐ုံးမ်ားမွ မိမိေနရပ္သို႔ ပန္သြားၾကသူမ်ားလည္း ရွိေနၾကပါသည္။ က်န္းမာေသာ အစားအာဟာရမ်ားကို စားသုံးျခင္း၊ မလိုအပ္ ဘဲ အျပင္မထြက္ျခင္း၊ သတ္မွတ္ထားေသာ စည္းကမ္းမ်ားကို စနစ္တက် လိုက္နာေဆာင္႐ြက္ျခင္းတို႔ျဖင့္ ကိုဗစ္ေရာဂါပိုးကို အတူတကြ တိုက္လွန္ တြန္းထုတ္ၾကပါစို႔

တစ္ကမာၻလုံး ကိုဗစ္-၁၉ ပိုး ကူးစက္မႈ ဟာ သန္း (၃၀ ) ခန႔္ ရွိေနၿပီး ( ၉ ) သိန္း ေက်ာ္ေလာက္ ေသဆုံးၿပီး ျဖစ္ပါတယ္။ ကူးစက္ခံရလွ်င္ အထူး ဂ႐ု စိုက္ရမည့္ အုပ္စု/ သူမ်ားကို တင္ျပခ်င္ ပါတယ္။

၁။ အ သက္ ႀကီး ပုဂၢိဳလ္မ်ား

covid-19 ဟာ အသက္အ႐ြယ္မေ႐ြး ျဖစ္ႏိုင္ေပမယ့္ သက္လတ္ပိုင္းႏွင့္ အသက္အ႐ြယ္ႀကီးတဲ့ ပုဂၢိဳလ္မ်ားကေတာ့ အသက္အႏၲရာယ္ ပိုရွိ ႏိုင္ပါတယ္။အသက္( ၆၅ ) ႏွင့္ အထက္ပုဂၢိဳလ္မ်ားကေတာ့ ပိုစိုးရိမ္ရၿပီး၊ သူတို႔မွာ ေရာဂါအခံေတြရွိပါက ပိုဆိုးေစပါသည္။ ဒါေၾကာင့္ ဘိုး ဘြားရိပ္မ်ား၊ ေဂဟာမ်ားအေနႏွင့္ အထူးဂ႐ုစိုက္ဖို႔ လိုပါတယ္။ အဘိုးေတြ အဘြားေတြကို မိမိမွ တဆင့္ ေရာဂါ မျဖန႔္မိေစဖို႔ အထူးဂ႐ု စိုက္ဖို႔လိုအပ္ပါတယ္။ မိမိဖ်ားေန၊ ေနထိုင္မေကာင္းျဖစ္ေနရင္၊ ကိုယ္လက္မအီမသာ၊ ေခ်ာင္းဆိုး၊ အနံေပ်ာက္၊အရသာေပ်ာက္ေနလွ်င္ အလုပ္တို႔၊ ေဂဟာတို႔ ရိပ္ သာတို႔ မလာပါနဲ႔။ အိမ္မွာပဲ သီးသန႔္ေနပါ။ မသက္သာလွ်င္ ဥပမာ အသက္ရႉခက္၊ ေမာပန္း တာမ်ိဳး ျဖစ္ လွ်င္ေတာ့ ေဆး႐ုံသြားပါ။

၂။ အဆုတ္တြင္ မူလ အခံေရာဂါရွိေနသူမ်ား

COVID-19 ေရာဂါဟာ အဆုတ္မွာျဖစ္တဲ့ ေရာဂါျဖစ္တာေၾကာင့္ အရင္ကတည္းက အဆုတ္ အားနည္းတဲ့သူေတြ၊ အဆုတ္မွာ ေရာဂါတစ္ ခုခု ရွိေနသူေတြဆို ပိုဆိုးေစပါတယ္။ ဥပမာ – နာတာရွည္ အဆုတ္ေလႁပြန္ေရာင္ ေရာဂါရွိသူေတြ၊ ပန္းနာရင္က်ပ္ရွိသူေတြ၊ အဆုတ္ကင္ ဆာ ရွိသူေတြ၊ ေဆးလိပ္တို႔ l Vape တို႔ ေသာက္သုံးသူေတြဆို ပိုၿပီးျပင္းထန္ပါသည္။

၃။ ႏွလုံးေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ အဝလြန္ ေနသူမ်ား

ႏွလုံးေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ ႏွင့္ အဝလြန္ ေနသူမ်ားဟာ COVID-19 ေရာဂါဝင္လာရင္ ပိုဆိုးေစပါသည္။ ေသြးတိုးႏွင့္ ဆီး ခ်ိဳသမားမ်ားဟာ Covid-19 ေရာဂါလကၡဏာမ်ားကို ပိုဆိုးေစၿပီး၊ အဝလြန္ေနသူမ်ားႏွင့္ ဆီးခ်ိဳသမားမ်ားဟာ ကိုယ္ခံအားက် တတ္သည့္ အတြက္ ဆိုးေစပါသည္။ အကယ္၍ သင့္မွာ ႏွလုံးေရာဂါမ်ား ( ဥပမာ – ႏွလုံးႂကြက္သားထူ ေရာဂါ၊ ႏွလုံးညႇစ္အား မေကာင္းသည့္ေရာဂါ၊ အဆုတ္ေသြးဖိအား မ်ားေနသည့္ ေရာဂါ၊ ေမြးရာပါ ႏွလုံးေရာဂါမ်ား ) ရွိပါက ေသခ်ာဂ႐ုစိုက္ဖို႔ လိုပါတယ္။ ေရာဂါျဖစ္လာလွ်င္ ဆိုး႐ြားတတ္ေစႏိုင္ပါတယ္။

၄။ ကင္ဆာေရာဂါႏွင့္ ေသြးေရာဂါရွိသူမ်ား

ကင္ဆာေရာဂါ ခံစားေနရသူမ်ားဟာ မိမိတို႔ ေရာက္ရွိေနတဲ့ ကင္ဆာအဆင့္ ကင္ဆာအမ်ိဳးအစားနဲ႔ ကုထုံးေတြ အေပၚမူတည္ၿပီး Covid ေရာဂါျပင္းထန္တတ္ပါတယ္။ ေသြးအားနည္းတဲ့ သူေတြ၊ ေသြးေရာဂါ (ဥပမာ – Sickle cell anaemia လို႔ေခၚတဲ့ ေမြးရာပါ ေသြးေရာဂါ ) ရွိသူေတြဆို သူတို႔ရဲ႕ ေသြးနီဥေတြက မာၿပီး ပုံစံ မမွန္ ( အဝိုင္းပုံစံ ရွိရမွာကို အဝိုင္းပုံ မရွိပဲ အဂ္လိပ္ အကၡရာ C ပုံစံ ျဖစ္) လို႔ ေသြးနီဥ ေတြဟာ အခ်ိန္မတိုင္မွီ ေသတတ္ပါတယ္။ ေသြးထဲ ေအာက္ဆီဂ်င္လည္း ေကာင္းေကာင္း မသယ္ႏိုင္လို႔ ဒီေရာဂါ ျဖစ္ရင္ ဆိုးဆိုး႐ြား႐ြား ထိခိုက္တတ္ပါတယ္။ ေနာက္ thalassemia လို႔ေခၚတဲ့ ေရာဂါ ခံစား ေနရသူမ်ားဟာလည္း အလားတူ ဆိုး႐ြားႏိုင္သည့္ အတြက္ ဂ႐ုစိုက္ဖို႔ အထူးလိုအပ္ပါတယ္။

၅။ သင့္ကိုယ္ခံအားစနစ္ အားနည္းေနသည့္အခါ

ကိုယ္ခံအားစနစ္ အရမ္းေကာင္းေနရင္ တိုက္ထုတ္ ႏိုင္ေပမယ့္ ေအာက္ပါ ေရာဂါေတြ ခံစားေနရလွ်င္ သင့္ ကိုယ္ခံအား က်ေနလို႔ Covid 19 ေရာဂါ ဆိုး႐ြားေစပါတယ္။အတြင္းကလီစာအစားထိုးထားသူမ်ား ( ဥပမာ- ေက်ာက္ကပ္၊ အသည္း၊ ႐ိုးတြင္းခ်ဥ္ဆီ)၊ HIV ေရာဂါသည္ မ်ား ၊ကင္ဆာ ကုထုံးခံယူ‌ေနရသူမ်ား၊ကာလရွည္ၾကာစြာ prednisolone လို ေဆးမ်ိဳးေတြ ေသာက္သုံးေနရသူမ်ား ဥပမာ အေရျပားေလး ဘက္နာ၊ ပန္းနာရင္ၾကပ္ စတဲ့ ေရာဂါ ရွိသူမ်ားဟာ ကိုယ္ခံအားေတြ က်ေနတတ္လို႔ အထူးအထူး ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။

၆။ ေက်ာက္ကပ္ေရာဂါ ၊ အသည္းေရာဂါ ရွိသူမ်ား

ေက်ာက္ကပ္ေဆးေနရတဲ့ ပုဂၢိဳလ္မ်ား ၊ အသည္းေရာင္အသားဝါ ဘီ၊ စီ ေရာဂါနဲ႔ အသည္းေျခာက္ ၊ အသည္းကင္ဆာ ရွိသူ မ်ားလည္း အ ထူး ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။ သူတို႔သည္ ကိုယ္ခံအားနည္းေနေသာေၾကာင့္ ျဖစ္ပါတယ္ ။ဒါေၾကာင့္ အထက္ပါ ေရာဂါ ရွိသူမ်ား၊ အသက္ ႀကီးပုဂၢိဳလ္မ်ားဟာ မိမိကိုယ္ကို မိမိ ေသခ်ာ ဂ႐ုစိုက္ဖို႔ လ္ုအပ္ပါတယ္။ မိမိရဲ႕ အိမ္သားမ်ား၊ ရိပ္သာ ဝန္ထမ္းမ်ားဟာလည္း မိမိတို႔မွ တ ဆင့္ ထိုသူမ်ား ကို ေရာဂါ ကူးစက္ခံရမႈ မရရွိေစဖို႔ အထူး ဂ႐ုစိုက္ၾကဖို႔ လိုအပ္ပါတယ္ ။

မလိုအပ္ဘဲ လူစုလူေဝး မ်ားေသာ ေနရာ၊ အိမ္ျပင္ထြက္ျခင္း မွ ေရွာင္ၾကဥ္ပါ။ တစ္ဦးနဲ႔တစ္ဦး အနည္းဆုံး 6 ေပ အကြာမွေနပါ။ ေနမ ေကာင္းျဖစ္ေနေသာသူအနားကို မသြားမိပါေစနဲ႔။အထက္ပါ ေရာဂါ ရွိသူမ်ား၊ အသက္ႀကီးပုဂၢိဳလ္မ်ားအေနျဖင့္ အိမ္ထဲမွာ သီးသန႔္ေန ထိုင္ပါ။ အျပင္လုံးဝ မထြက္ပါနဲ႔။ ေဆး႐ုံေဆးခန္း သြားရသည့္ အခါတြင္လည္း အထူးဂ႐ုစိုက္ပါ။လက္ေဆးပါ။ မၾကာခဏ ေဆးပါ။ တစ္ ခုခု ကိုင္ၿပီးတိုင္း ေဆးပါ။ မ်က္ႏွာ ႏွင့္ ႏွာေခါင္းတို႔ကို လက္နဲ႔ မကိုင္တြယ္မိေစဖို႔ အထူးဂ႐ုျပဳပါ။ မျဖစ္မေန ကိုင္ေတာ့မည္ဆိုလွ်င္ လက္အရင္ေဆးပါ။အိမ္မွာပဲ ေနေန၊ ဘယ္သြားသြား mask, face shield တပ္ပါ။

အိမ္တြင္တစ္ေယာက္ေယာက္ ဖ်ားေနပါက သီးသန႔္ထားပါ၊ သူတို႔ အသုံးအေဆာင္မ်ားကို မထိပါနဲ႔။ေန႔စဥ္ေန႔တိုင္း လူအမ်ားထိေတြ႕ၾက တဲ့ တံခါးလက္ကိုင္၊ မီးခလုတ္ စသည့္ ပစၥည္းမ်ားကို အရက္ပ်ံ သို႔မဟုတ္ ပိုးေသေစသည့္ အရည္မ်ား ျဖင့္ သန႔္ရွင္းေရးလုပ္ပါ။ ေက်ာက္ ကပ္ေဆးေနရတဲ့ ပုဂၢိဳလ္မ်ား ၊ အသည္းေရာင္အသားဝါ ဘီ၊ စီ ေရာဂါနဲ႔ အသည္းေျခာက္ ၊ အသည္းကင္ဆာ ရွိသူ မ်ားလည္း အထူး ဂ႐ုစိုက္ ဖို႔ လိုအပ္ပါတယ္။ သူတို႔သည္ ကိုယ္ခံအားနည္းေနေသာေၾကာင့္ ျဖစ္ပါတယ္ ။ဒါေၾကာင့္ အထက္ပါ ေရာဂါ ရွိသူမ်ား၊ အသက္ႀကီး ပုဂၢိဳလ္ မ်ားဟာ မိမိကိုယ္ကို မိမိ ေသခ်ာ ဂ႐ုစိုက္ဖို႔ လ္ုအပ္ပါတယ္။ မိမိရဲ႕ အိမ္သားမ်ား၊ ရိပ္သာ ဝန္ထမ္းမ်ားဟာလည္း မိမိတို႔မွ တဆင့္ ထိုသူ မ်ား ကို ေရာဂါ ကူးစက္ခံရမႈ မရရွိေစဖို႔ အထူး ဂ႐ုစိုက္ၾကဖို႔ လိုအပ္ပါတယ္ ။

မလိုအပ္ဘဲ လူစုလူေဝး မ်ားေသာ ေနရာ၊ အိမ္ျပင္ထြက္ျခင္း မွ ေရွာင္ၾကဥ္ပါ။ တစ္ဦးနဲ႔တစ္ဦး အနည္းဆုံး 6 ေပ အကြာမွေနပါ။ ေနမ ေကာင္းျဖစ္ေနေသာသူအနားကို မသြားမိပါေစနဲ႔။အထက္ပါ ေရာဂါ ရွိသူမ်ား၊ အသက္ႀကီးပုဂၢိဳလ္မ်ားအေနျဖင့္ အိမ္ထဲမွာ သီးသန႔္ေန ထိုင္ပါ။ အျပင္လုံးဝ မထြက္ပါနဲ႔။ ေဆး႐ုံေဆးခန္း သြားရသည့္ အခါတြင္လည္း အထူးဂ႐ုစိုက္ပါ။လက္ေဆးပါ။ မၾကာခဏ ေဆးပါ။ တစ္ခုခု ကိုင္ၿပီးတိုင္း ေဆးပါ။ မ်က္ႏွာ ႏွင့္ ႏွာေခါင္းတို႔ကို လက္နဲ႔ မကိုင္တြယ္မိေစဖို႔ အထူးဂ႐ုျပဳပါ။ မျဖစ္မေန ကိုင္ေတာ့မည္ဆိုလွ်င္ လက္အရင္ေဆးပါ။အိမ္မွာပဲ ေနေန၊ ဘယ္သြားသြား mask, face shield တပ္ပါ။

အိမ္တြင္တစ္ေယာက္ေယာက္ ဖ်ားေနပါက သီးသန႔္ထားပါ၊ သူတို႔ အသုံးအေဆာင္မ်ားကို မထိပါနဲ႔။ေန႔စဥ္ေန႔တိုင္း လူအမ်ားထိေတြ႕ ၾကတဲ့ တံခါးလက္ကိုင္၊ မီးခလုတ္ စသည့္ ပစၥည္းမ်ားကို အရက္ပ်ံ သို႔မဟုတ္ ပိုးေသေစသည့္ အရည္မ်ား ျဖင့္ သန႔္ရွင္းေရးလုပ္ပါ။ က်န္း မာေပ်ာ္႐ႊင္ေသာ မိသားစုဘဝမ်ားကို ထာဝရပိုင္ဆိုင္ႏိုင္ၾကပါေစေၾကာင္း အၿမဲထာဝရဆုမြန္ေကာင္းေတာင္းလွ်က္။

Dr.ေ႐ႊအိုး

UNICODE

သင်အပြင်သွားလျှင် တတ်နိုင်သမျှ လူအများ စီးနင်းနေတဲ့ ဘတ်စ်ကား၊ ရထားတို့ကို ရှောင်ပါ။ အရေးအကြီးဆုံးက သင်သောက်နေကျ ဆေးတွေကို လုံးဝ လုံးဝ မပြတ်ပါစေနဲ့၊ မလိုအပ်ရင် ဆေးရုံ၊ ဆေးခန်း သမွားဘဲ ဆရာဝန်များနဲ့ Tele Medicine လို့ခေါ်တဲ့ ဖုန်းနဲ့ ဆက် သွယ်ကုသပါ။ ကိုဗစ် ရောဂါပိုး ကူးစက်ခံရသူ များစွာ ရှိနေသည့်အထဲမှ ရောဂါပိုးကင်းစင်ပြီး ပြန်လည်ကျန်းမာလာသော‌ကြောင့် သက် ဆိုင်ရာ ဆေးရုံးများမှ မိမိနေရပ်သို့ ပန်သွားကြသူများလည်း ရှိနေကြပါသည်။ ကျန်းမာသော အစားအာဟာရများကို စားသုံးခြင်း၊ မလိုအပ် ဘဲ အပြင်မထွက်ခြင်း၊ သတ်မှတ်ထားသော စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းတို့ဖြင့် ကိုဗစ်ရောဂါပိုးကို အတူတကွ တိုက်လှန် တွန်းထုတ်ကြပါစို့

တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ပိုး ကူးစက်မှု ဟာ သန်း (၃၀ ) ခန့် ရှိနေပြီး ( ၉ ) သိန်း ကျော်လောက် သေဆုံးပြီး ဖြစ်ပါတယ်။ ကူးစက်ခံရလျှင် အထူး ဂရု စိုက်ရမည့် အုပ်စု/ သူများကို တင်ပြချင် ပါတယ်။

၁။ အ သက် ကြီး ပုဂ္ဂိုလ်များ

covid-19 ဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် သက်လတ်ပိုင်းနှင့် အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်များကတော့ အသက်အန္တရာယ် ပိုရှိ နိုင်ပါတယ်။အသက်( ၆၅ ) နှင့် အထက်ပုဂ္ဂိုလ်များကတော့ ပိုစိုးရိမ်ရပြီး၊ သူတို့မှာ ရောဂါအခံတွေရှိပါက ပိုဆိုးစေပါသည်။ ဒါကြောင့် ဘိုး ဘွားရိပ်များ၊ ဂေဟာများအနေနှင့် အထူးဂရုစိုက်ဖို့ လိုပါတယ်။ အဘိုးတွေ အဘွားတွေကို မိမိမှ တဆင့် ရောဂါ မဖြန့်မိစေဖို့ အထူးဂရု စိုက်ဖို့လိုအပ်ပါတယ်။ မိမိဖျားနေ၊ နေထိုင်မကောင်းဖြစ်နေရင်၊ ကိုယ်လက်မအီမသာ၊ ချောင်းဆိုး၊ အနံပျောက်၊အရသာပျောက်နေလျှင် အလုပ်တို့၊ ဂေဟာတို့ ရိပ် သာတို့ မလာပါနဲ့။ အိမ်မှာပဲ သီးသန့်နေပါ။ မသက်သာလျှင် ဥပမာ အသက်ရှူခက်၊ မောပန်း တာမျိုး ဖြစ် လျှင်တော့ ဆေးရုံသွားပါ။

၂။ အဆုတ်တွင် မူလ အခံရောဂါရှိနေသူများ

COVID-19 ရောဂါဟာ အဆုတ်မှာဖြစ်တဲ့ ရောဂါဖြစ်တာကြောင့် အရင်ကတည်းက အဆုတ် အားနည်းတဲ့သူတွေ၊ အဆုတ်မှာ ရောဂါတစ် ခုခု ရှိနေသူတွေဆို ပိုဆိုးစေပါတယ်။ ဥပမာ – နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါရှိသူတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေ၊ အဆုတ်ကင် ဆာ ရှိသူတွေ၊ ဆေးလိပ်တို့ l Vape တို့ သောက်သုံးသူတွေဆို ပိုပြီးပြင်းထန်ပါသည်။

၃။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန် နေသူများ

နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ နှင့် အဝလွန် နေသူများဟာ COVID-19 ရောဂါဝင်လာရင် ပိုဆိုးစေပါသည်။ သွေးတိုးနှင့် ဆီး ချိုသမားများဟာ Covid-19 ရောဂါလက္ခဏာများကို ပိုဆိုးစေပြီး၊ အဝလွန်နေသူများနှင့် ဆီးချိုသမားများဟာ ကိုယ်ခံအားကျ တတ်သည့် အတွက် ဆိုးစေပါသည်။ အကယ်၍ သင့်မှာ နှလုံးရောဂါများ ( ဥပမာ – နှလုံးကြွက်သားထူ ရောဂါ၊ နှလုံးညှစ်အား မကောင်းသည့်ရောဂါ၊ အဆုတ်သွေးဖိအား များနေသည့် ရောဂါ၊ မွေးရာပါ နှလုံးရောဂါများ ) ရှိပါက သေချာဂရုစိုက်ဖို့ လိုပါတယ်။ ရောဂါဖြစ်လာလျှင် ဆိုးရွားတတ်စေနိုင်ပါတယ်။

၄။ ကင်ဆာရောဂါနှင့် သွေးရောဂါရှိသူများ

ကင်ဆာရောဂါ ခံစားနေရသူများဟာ မိမိတို့ ရောက်ရှိနေတဲ့ ကင်ဆာအဆင့် ကင်ဆာအမျိုးအစားနဲ့ ကုထုံးတွေ အပေါ်မူတည်ပြီး Covid ရောဂါပြင်းထန်တတ်ပါတယ်။ သွေးအားနည်းတဲ့ သူတွေ၊ သွေးရောဂါ (ဥပမာ – Sickle cell anaemia လို့ခေါ်တဲ့ မွေးရာပါ သွေးရောဂါ ) ရှိသူတွေဆို သူတို့ရဲ့ သွေးနီဥတွေက မာပြီး ပုံစံ မမှန် ( အဝိုင်းပုံစံ ရှိရမှာကို အဝိုင်းပုံ မရှိပဲ အဂ်လိပ် အက္ခရာ C ပုံစံ ဖြစ်) လို့ သွေးနီဥ တွေဟာ အချိန်မတိုင်မှီ သေတတ်ပါတယ်။ သွေးထဲ အောက်ဆီဂျင်လည်း ကောင်းကောင်း မသယ်နိုင်လို့ ဒီရောဂါ ဖြစ်ရင် ဆိုးဆိုးရွားရွား ထိခိုက်တတ်ပါတယ်။ နောက် thalassemia လို့ခေါ်တဲ့ ရောဂါ ခံစား နေရသူများဟာလည်း အလားတူ ဆိုးရွားနိုင်သည့် အတွက် ဂရုစိုက်ဖို့ အထူးလိုအပ်ပါတယ်။

၅။ သင့်ကိုယ်ခံအားစနစ် အားနည်းနေသည့်အခါ

ကိုယ်ခံအားစနစ် အရမ်းကောင်းနေရင် တိုက်ထုတ် နိုင်ပေမယ့် အောက်ပါ ရောဂါတွေ ခံစားနေရလျှင် သင့် ကိုယ်ခံအား ကျနေလို့ Covid 19 ရောဂါ ဆိုးရွားစေပါတယ်။အတွင်းကလီစာအစားထိုးထားသူများ ( ဥပမာ- ကျောက်ကပ်၊ အသည်း၊ ရိုးတွင်းချဉ်ဆီ)၊ HIV ရောဂါသည် များ ၊ကင်ဆာ ကုထုံးခံယူ‌နေရသူများ၊ကာလရှည်ကြာစွာ prednisolone လို ဆေးမျိုးတွေ သောက်သုံးနေရသူများ ဥပမာ အရေပြားလေး ဘက်နာ၊ ပန်းနာရင်ကြပ် စတဲ့ ရောဂါ ရှိသူများဟာ ကိုယ်ခံအားတွေ ကျနေတတ်လို့ အထူးအထူး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

၆။ ကျောက်ကပ်ရောဂါ ၊ အသည်းရောဂါ ရှိသူများ

ကျောက်ကပ်ဆေးနေရတဲ့ ပုဂ္ဂိုလ်များ ၊ အသည်းရောင်အသားဝါ ဘီ၊ စီ ရောဂါနဲ့ အသည်းခြောက် ၊ အသည်းကင်ဆာ ရှိသူ များလည်း အ ထူး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သူတို့သည် ကိုယ်ခံအားနည်းနေသောကြောင့် ဖြစ်ပါတယ် ။ဒါကြောင့် အထက်ပါ ရောဂါ ရှိသူများ၊ အသက် ကြီးပုဂ္ဂိုလ်များဟာ မိမိကိုယ်ကို မိမိ သေချာ ဂရုစိုက်ဖို့ လ်ုအပ်ပါတယ်။ မိမိရဲ့ အိမ်သားများ၊ ရိပ်သာ ဝန်ထမ်းများဟာလည်း မိမိတို့မှ တ ဆင့် ထိုသူများ ကို ရောဂါ ကူးစက်ခံရမှု မရရှိစေဖို့ အထူး ဂရုစိုက်ကြဖို့ လိုအပ်ပါတယ် ။

မလိုအပ်ဘဲ လူစုလူဝေး များသော နေရာ၊ အိမ်ပြင်ထွက်ခြင်း မှ ရှောင်ကြဉ်ပါ။ တစ်ဦးနဲ့တစ်ဦး အနည်းဆုံး 6 ပေ အကွာမှနေပါ။ နေမ ကောင်းဖြစ်နေသောသူအနားကို မသွားမိပါစေနဲ့။အထက်ပါ ရောဂါ ရှိသူများ၊ အသက်ကြီးပုဂ္ဂိုလ်များအနေဖြင့် အိမ်ထဲမှာ သီးသန့်နေ ထိုင်ပါ။ အပြင်လုံးဝ မထွက်ပါနဲ့။ ဆေးရုံဆေးခန်း သွားရသည့် အခါတွင်လည်း အထူးဂရုစိုက်ပါ။လက်ဆေးပါ။ မကြာခဏ ဆေးပါ။ တစ် ခုခု ကိုင်ပြီးတိုင်း ဆေးပါ။ မျက်နှာ နှင့် နှာခေါင်းတို့ကို လက်နဲ့ မကိုင်တွယ်မိစေဖို့ အထူးဂရုပြုပါ။ မဖြစ်မနေ ကိုင်တော့မည်ဆိုလျှင် လက်အရင်ဆေးပါ။အိမ်မှာပဲ နေနေ၊ ဘယ်သွားသွား mask, face shield တပ်ပါ။

အိမ်တွင်တစ်ယောက်ယောက် ဖျားနေပါက သီးသန့်ထားပါ၊ သူတို့ အသုံးအဆောင်များကို မထိပါနဲ့။နေ့စဉ်နေ့တိုင်း လူအများထိတွေ့ကြ တဲ့ တံခါးလက်ကိုင်၊ မီးခလုတ် စသည့် ပစ္စည်းများကို အရက်ပျံ သို့မဟုတ် ပိုးသေစေသည့် အရည်များ ဖြင့် သန့်ရှင်းရေးလုပ်ပါ။ ကျောက် ကပ်ဆေးနေရတဲ့ ပုဂ္ဂိုလ်များ ၊ အသည်းရောင်အသားဝါ ဘီ၊ စီ ရောဂါနဲ့ အသည်းခြောက် ၊ အသည်းကင်ဆာ ရှိသူ များလည်း အထူး ဂရုစိုက် ဖို့ လိုအပ်ပါတယ်။ သူတို့သည် ကိုယ်ခံအားနည်းနေသောကြောင့် ဖြစ်ပါတယ် ။ဒါကြောင့် အထက်ပါ ရောဂါ ရှိသူများ၊ အသက်ကြီး ပုဂ္ဂိုလ် များဟာ မိမိကိုယ်ကို မိမိ သေချာ ဂရုစိုက်ဖို့ လ်ုအပ်ပါတယ်။ မိမိရဲ့ အိမ်သားများ၊ ရိပ်သာ ဝန်ထမ်းများဟာလည်း မိမိတို့မှ တဆင့် ထိုသူ များ ကို ရောဂါ ကူးစက်ခံရမှု မရရှိစေဖို့ အထူး ဂရုစိုက်ကြဖို့ လိုအပ်ပါတယ် ။

မလိုအပ်ဘဲ လူစုလူဝေး များသော နေရာ၊ အိမ်ပြင်ထွက်ခြင်း မှ ရှောင်ကြဉ်ပါ။ တစ်ဦးနဲ့တစ်ဦး အနည်းဆုံး 6 ပေ အကွာမှနေပါ။ နေမ ကောင်းဖြစ်နေသောသူအနားကို မသွားမိပါစေနဲ့။အထက်ပါ ရောဂါ ရှိသူများ၊ အသက်ကြီးပုဂ္ဂိုလ်များအနေဖြင့် အိမ်ထဲမှာ သီးသန့်နေ ထိုင်ပါ။ အပြင်လုံးဝ မထွက်ပါနဲ့။ ဆေးရုံဆေးခန်း သွားရသည့် အခါတွင်လည်း အထူးဂရုစိုက်ပါ။လက်ဆေးပါ။ မကြာခဏ ဆေးပါ။ တစ်ခုခု ကိုင်ပြီးတိုင်း ဆေးပါ။ မျက်နှာ နှင့် နှာခေါင်းတို့ကို လက်နဲ့ မကိုင်တွယ်မိစေဖို့ အထူးဂရုပြုပါ။ မဖြစ်မနေ ကိုင်တော့မည်ဆိုလျှင် လက်အရင်ဆေးပါ။အိမ်မှာပဲ နေနေ၊ ဘယ်သွားသွား mask, face shield တပ်ပါ။

အိမ်တွင်တစ်ယောက်ယောက် ဖျားနေပါက သီးသန့်ထားပါ၊ သူတို့ အသုံးအဆောင်များကို မထိပါနဲ့။နေ့စဉ်နေ့တိုင်း လူအများထိတွေ့ ကြတဲ့ တံခါးလက်ကိုင်၊ မီးခလုတ် စသည့် ပစ္စည်းများကို အရက်ပျံ သို့မဟုတ် ပိုးသေစေသည့် အရည်များ ဖြင့် သန့်ရှင်းရေးလုပ်ပါ။ ကျန်း မာပျော်ရွှင်သော မိသားစုဘဝများကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေကြောင်း အမြဲထာဝရဆုမွန်ကောင်းတောင်းလျှက်။

Dr.ရွှေအိုး

Add a Comment

Your email address will not be published. Required fields are marked *