ရာထူး၊ အာဏာ၊ ဥစၥာေတြ ဘယ္ေလာက္ ပဲ ရွိရွိ ဆင္းရဲလို႔ဆိုၿပီး မ်က္ႏွာ သာ ေပး မွာ မဟုတ္တဲ့ “ကိုဗစ္”

လူ႔ေလာကႀကီးက တေယာက္တည္း တေယာက္တည္း သြား ရတာပဲ ဘာညာဆိုၾကေပမယ့္ .. ဘယ္သူကမွ ေသခါနီး တေယာက္တည္း ပက္လက္ေနခ်င္ၾကမွာ မဟုတ္ဖူး။ အနည္းဆုံး ကိုယ္ခ်စ္တဲ့သူ – ကိုယ့္ခ်စ္တဲ့သူကလည္း အမ်ားအေျပာ ေနာက္ဆုံး ထြက္သက္ေလး ျမင္လိုက္ရတယ္ ဘာညာနဲ႔ ျဖစ္ၾကမယ္။ဘယ္သူကမွ ကိုယ့္ကုတင္ ေဘးနားလာၿပီး အသက္ထြက္ခါနီး တရားေတြ အေၾကာင္း အားေပး စကား ႐ြတ္ဖတ္တာေတြလည္း လုပ္ေပးၾကမွာ မဟုတ္ဖူး။ကိုယ့္ႏိုင္ငံက အသက္ဆုံးပါးကာနီးဆိုတဲ့သူဆို .. အဲဒီလို အမူအက်င့္ေလးေတြနဲ႔ လုပ္ေပးတတ္ၾကတယ္ မဟုတ္လား။ သို႔ေပမယ့္ ကိုဗစ္ ကေတာ့ မ်က္ႏွာသာေပးမွာ မဟုတ္ဖူး။တက္လာသ မွ် အသက္ေတြ ဆုံးရႈံးေနတဲ့သတင္းေတြ ဖတ္ၿပီး .. အခုလိုပဲ ေတြးမိေတာ့တယ္။

အဆုပ္နဲ႔ ပတ္သက္လို႔ ျဖစ္တာ ခ်င္းအ တူတူ .. အဆုပ္ကင္ဆာက အလြန္ဆိုးဝါးတဲ့ အျဖစ္ဆိုေတာင္ သိသိျခင္းကေန အနည္းဆုံး ၉လ – ၁၂လ .. ဆြဲကုႏိုင္လွ်င္ .. အမ်ားဆုံး ၅ ႏွစ္ထိ အသက္ရွင္ခြင့္ရတယ္။ပိုက္ဆံရွိလွ်င္ ရွိသလို .. အသက္ကို ဆက္လို႔ရတယ္။ ကိုဗစ္ ကေတာ့ ျဖစ္တာနဲ႔ ပိုက္ဆံ ရွိပါတယ္ အခ်မ္းသာဆုံးဆိုေတာင္ .. ၇ ရက္ ေတာင္ မခံႏိုင္။ကင္ဆာတို႔ အျခားနာတာရွည္တို႔ လူႀကီးေရာဂါ ဘာညာ ဆိုေတာင္ .. ပိုက္ဆံေပါရင္ ေပါသလို .. ေဘးနားမွာ ေႁခြရံသင္း ပင္းေတြနဲ႔ မုန႔္ပုံးေတြ မုန႔္ျခင္းေတြနဲ႔ လာေမးၾက .. ဝိုင္းျပစုၾကနဲ႔ ေနလို႔ရမယ္။ ကိုဗစ္ က အေသခံၿပီး ျပဳစုေပးခ်င္ပါတယ္ဆိုတဲ့သူရွိေတာင္ အနားအကပ္မခံဘူး။ ဘယ္သူမွ ဘယ္မိသားစုမွ အဲဒီလို အျဖစ္မ်ိဳး ျဖစ္ေစခ်င္မွာ မဟုတ္ဖူး။အဲဒီေတာ့ ဂ႐ုစိုက္ၾကပါ။

Myo Han Htun

UNICODE

လူ့လောကကြီးက တယောက်တည်း တယောက်တည်း သွား ရတာပဲ ဘာညာဆိုကြပေမယ့် .. ဘယ်သူကမှ သေခါနီး တယောက်တည်း ပက်လက်နေချင်ကြမှာ မဟုတ်ဖူး။ အနည်းဆုံး ကိုယ်ချစ်တဲ့သူ – ကိုယ့်ချစ်တဲ့သူကလည်း အများအပြော နောက်ဆုံး ထွက်သက်လေး မြင်လိုက်ရတယ် ဘာညာနဲ့ ဖြစ်ကြမယ်။ဘယ်သူကမှ ကိုယ့်ကုတင် ဘေးနားလာပြီး အသက်ထွက်ခါနီး တရားတွေ အကြောင်း အားပေး စကား ရွတ်ဖတ်တာတွေလည်း လုပ်ပေးကြမှာ မဟုတ်ဖူး။ကိုယ့်နိုင်ငံက အသက်ဆုံးပါးကာနီးဆိုတဲ့သူဆို .. အဲဒီလို အမူအကျင့်လေးတွေနဲ့ လုပ်ပေးတတ်ကြတယ် မဟုတ်လား။ သို့ပေမယ့် ကိုဗစ် ကတော့ မျက်နှာသာပေးမှာ မဟုတ်ဖူး။တက်လာသ မျှ အသက်တွေ ဆုံးရှုံးနေတဲ့သတင်းတွေ ဖတ်ပြီး .. အခုလိုပဲ တွေးမိတော့တယ်။

အဆုပ်နဲ့ ပတ်သက်လို့ ဖြစ်တာ ချင်းအ တူတူ .. အဆုပ်ကင်ဆာက အလွန်ဆိုးဝါးတဲ့ အဖြစ်ဆိုတောင် သိသိခြင်းကနေ အနည်းဆုံး ၉လ – ၁၂လ .. ဆွဲကုနိုင်လျှင် .. အများဆုံး ၅ နှစ်ထိ အသက်ရှင်ခွင့်ရတယ်။ပိုက်ဆံရှိလျှင် ရှိသလို .. အသက်ကို ဆက်လို့ရတယ်။ ကိုဗစ် ကတော့ ဖြစ်တာနဲ့ ပိုက်ဆံ ရှိပါတယ် အချမ်းသာဆုံးဆိုတောင် .. ၇ ရက် တောင် မခံနိုင်။ကင်ဆာတို့ အခြားနာတာရှည်တို့ လူကြီးရောဂါ ဘာညာ ဆိုတောင် .. ပိုက်ဆံပေါရင် ပေါသလို .. ဘေးနားမှာ ခြွေရံသင်း ပင်းတွေနဲ့ မုန့်ပုံးတွေ မုန့်ခြင်းတွေနဲ့ လာမေးကြ .. ဝိုင်းပြစုကြနဲ့ နေလို့ရမယ်။ ကိုဗစ် က အသေခံပြီး ပြုစုပေးချင်ပါတယ်ဆိုတဲ့သူရှိတောင် အနားအကပ်မခံဘူး။ ဘယ်သူမှ ဘယ်မိသားစုမှ အဲဒီလို အဖြစ်မျိုး ဖြစ်စေချင်မှာ မဟုတ်ဖူး။အဲဒီတော့ ဂရုစိုက်ကြပါ။

Myo Han Htun

Add a Comment

Your email address will not be published. Required fields are marked *