Antigen Testမ်ားျဖင့္ စစ္ေဆးေတာ့မည္ျဖစ္၍ မၾကာမီရက္မ်ားတြင္ ကိုဗစ္လူနာမ်ား ေထာင္ခ်ီေတြ႕လာႏိုင္ေၾကာင္း ေဒါက္တာေဇာ္ေဝစိုးေျပာၿပီ

ျမန္မာႏိုင္ငံသည္ ေဒသတြင္း အေရွ႕ေတာင္အာရွ ႏိုင္ ငံမ်ားအတြင္း၌ COVID – 19 ေတြ႕ရွိမႈတြင္ နံပါတ္ ၅ အဆင့္တြင္ရွိေနကာ ေသဆုံးမႈ မွာမူ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္တို႔၏ေနာက္ တတိယေနရာတြင္ ရပ္တည္ေနသည္။ယေန႔(စက္တင္ဘာ၂၈) ည ၈ နာရီအခ်ိန္ MoHS ၏သ တင္းထုတ္ျပန္မႈအရ လူနာသစ္ ၈၉၇ ဦး ထပ္မံေတြ႕ရွိခဲ့ကာ ၃၀ ဦး ေသဆုံးခဲ့သည္။ ျမန္မာႏိုင္ငံတြင္ အတည္ျပဳလူနာ ၁၁,၆၃၁ ဦးရွိကာ ေသဆုံးသူ ၂၅၆ ဦး ရွိလာၿပီျဖစ္သည္။ ယေန႔(စက္တင္ဘာ ၂၈ )တြင္ ေသဆုံးခဲ့သည့္ လူနာမ်ားထဲတြင္ ခြဲစိတ္အထူးကု ဆရာဝန္ႀကီးတစ္ဦး လည္း ပါဝင္ခဲ့ကာ ေသဆုံးသည့္ႏႈန္းမွာ ေန႔အလိုက္ထုတ္ျပန္မႈမ်ားအရ တစ္ေန႔တည္းတြင္ အျမင့္ဆုံး ေသဆုံးမႈႏႈန္း ျဖစ္ခဲ့သည္။

ရန္ကုန္၌ ပိုးေတြ႕လူနာ ေလ်ာ့က်သြားျခင္းသည္ စစ္ေဆးမႈပုံစံေျပာင္းျခင္းေၾကာင့္ သာျဖစ္ၿပီး Antigen Test ျဖင့္ စစ္ေဆးပါက ပိုးေတြ႕ လူ နာမ်ားစြာတိုးလာႏိုင္ေၾကာင္း ရန္ကုန္တိုင္းCOVID – 19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရးေပါင္းစပ္ညႇိႏႈိင္းေရး ေကာ္မတီ ဒုဥကၠဌ ေဒါက္တာ ေဇာ္ေဝစိုးက ႐ုပ္ျမင္သံၾကားမွ တဆင့္ေျပာၾကားခဲ့သည္။က်န္းမာေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္တြင္ ရန္ကုန္တိုင္း၌ ယမန္ေန႔ (စက္တင္ဘာ ၂၇ )က ပိုးေတြ႕ လူနာ ၇၆၉ ဦးရွိကာ ယေန႔ ေတြ႕ရွိမႈႏွင့္ ႏႈိင္းယွဥ္ လွ်င္ ပိုးေတြ႕လူနာသုံးရာေက်ာ္ က်ဆင္းသြားျခင္း ျဖစ္ သည္။အဆိုပါအေျခအေနႏွင့္ပတ္သက္၍ ေဒါက္တာေဇာ္ေဝစိုးက ” စစ္တဲ့ပုံစံေျပာင္းသြားတဲ့အတြက္ ေလ်ာ့သြားတာေပါ့ေနာ္။

၃၉၀ ေက်ာ္ပဲရွိတယ္ေပါ့။ ဒါေပမယ့္ တကယ္တမ္းေလ်ာ့သြားတာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဒီဟာကို အခု Antigen စစ္ဖို႔အတြက္ လည္း ျပင္ဆင္ေနပါတယ္။ ေနာက္ NHL ရဲ႕Overload ျဖစ္ေနတဲ့ ကိစၥေတြကို ရွင္းေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ Contact Tracing ကေနရတဲ့ Quarantine Site ထဲကိုေရာက္ၿပီးသား လူေတြကို စစ္တဲ့ဟာကို နည္းနည္းေလွ်ာ့လိုက္တဲ့အတြက္ အဲ့ဒါျဖစ္သြား တာ ပါ။ ဒါေပမယ့္ ဒါဟာ ဒီကေန႔ ကြၽန္ေတာ္ တို႔ ျပန္ၿပီးေတာ့ စစ္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ မနက္ျဖန္မွာ အမ်ားႀကီး ထြက္လာႏိုင္ပါတယ္’ ‘ဟု ဆိုသည္။COVID – 19 ရွိ-မရွိကို ျမန္ျမန္ဆန္ဆန္ စစ္ေဆးႏိုင္သည့္ Antigen test Kit တစ္သိန္းကို ကိုရီးယားႏိုင္ငံမွ မွာယူထားသည္။

ေတာင္ကိုရီးယားကလည္း ေဒၚလာ ငါးသိန္းဖိုးလႉမည္ျဖစ္ၿပီး ရက္ပိုင္းအတြင္းေရာက္ ရွိမည္ျဖစ္ေၾကာင္း စက္တင္ဘာ ၂၅ ရက္ေန႔က ႏိုင္ ငံ ေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားထားသည္။

CRD: THE LADIES NEWS

UNICODE

မြန်မာနိုင်ငံသည် ဒေသတွင်း အရှေ့တောင်အာရှ နိုင် ငံများအတွင်း၌ COVID – 19 တွေ့ရှိမှုတွင် နံပါတ် ၅ အဆင့်တွင်ရှိနေကာ သေဆုံးမှု မှာမူ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့၏နောက် တတိယနေရာတွင် ရပ်တည်နေသည်။ယနေ့(စက်တင်ဘာ၂၈) ည ၈ နာရီအချိန် MoHS ၏သ တင်းထုတ်ပြန်မှုအရ လူနာသစ် ၈၉၇ ဦး ထပ်မံတွေ့ရှိခဲ့ကာ ၃၀ ဦး သေဆုံးခဲ့သည်။ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ ၁၁,၆၃၁ ဦးရှိကာ သေဆုံးသူ ၂၅၆ ဦး ရှိလာပြီဖြစ်သည်။ ယနေ့(စက်တင်ဘာ ၂၈ )တွင် သေဆုံးခဲ့သည့် လူနာများထဲတွင် ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး လည်း ပါဝင်ခဲ့ကာ သေဆုံးသည့်နှုန်းမှာ နေ့အလိုက်ထုတ်ပြန်မှုများအရ တစ်နေ့တည်းတွင် အမြင့်ဆုံး သေဆုံးမှုနှုန်း ဖြစ်ခဲ့သည်။

ရန်ကုန်၌ ပိုးတွေ့လူနာ လျော့ကျသွားခြင်းသည် စစ်ဆေးမှုပုံစံပြောင်းခြင်းကြောင့် သာဖြစ်ပြီး Antigen Test ဖြင့် စစ်ဆေးပါက ပိုးတွေ့ လူ နာများစွာတိုးလာနိုင်ကြောင်း ရန်ကုန်တိုင်းCOVID – 19 ကာကွယ်ထိန်းချုပ် ကုသရေးပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဒုဥက္ကဌ ဒေါက်တာ ဇော်ဝေစိုးက ရုပ်မြင်သံကြားမှ တဆင့်ပြောကြားခဲ့သည်။ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်း၌ ယမန်နေ့ (စက်တင်ဘာ ၂၇ )က ပိုးတွေ့ လူနာ ၇၆၉ ဦးရှိကာ ယနေ့ တွေ့ရှိမှုနှင့် နှိုင်းယှဉ် လျှင် ပိုးတွေ့လူနာသုံးရာကျော် ကျဆင်းသွားခြင်း ဖြစ် သည်။အဆိုပါအခြေအနေနှင့်ပတ်သက်၍ ဒေါက်တာဇော်ဝေစိုးက ” စစ်တဲ့ပုံစံပြောင်းသွားတဲ့အတွက် လျော့သွားတာပေါ့နော်။

၃၉၀ ကျော်ပဲရှိတယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းလျော့သွားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီဟာကို အခု Antigen စစ်ဖို့အတွက် လည်း ပြင်ဆင်နေပါတယ်။ နောက် NHL ရဲ့Overload ဖြစ်နေတဲ့ ကိစ္စတွေကို ရှင်းနေတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Contact Tracing ကနေရတဲ့ Quarantine Site ထဲကိုရောက်ပြီးသား လူတွေကို စစ်တဲ့ဟာကို နည်းနည်းလျှော့လိုက်တဲ့အတွက် အဲ့ဒါဖြစ်သွား တာ ပါ။ ဒါပေမယ့် ဒါဟာ ဒီကနေ့ ကျွန်တော် တို့ ပြန်ပြီးတော့ စစ်မှာဖြစ်ပါတယ်။ ဒါကြောင့် မနက်ဖြန်မှာ အများကြီး ထွက်လာနိုင်ပါတယ်’ ‘ဟု ဆိုသည်။COVID – 19 ရှိ-မရှိကို မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်သည့် Antigen test Kit တစ်သိန်းကို ကိုရီးယားနိုင်ငံမှ မှာယူထားသည်။

တောင်ကိုရီးယားကလည်း ဒေါ်လာ ငါးသိန်းဖိုးလှူမည်ဖြစ်ပြီး ရက်ပိုင်းအတွင်းရောက် ရှိမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၅ ရက်နေ့က နိုင် ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။

CRD:  THE  LADIES  NEWS

Add a Comment

Your email address will not be published. Required fields are marked *